စစ်ကောင်စီ နိုင်ငံရေးကထွက်မယ်ဆိုတဲ့ ကတိအပါအ၀င် အချက် ငါးချက်နဲ့ စဉ်းစားပြီးမှသာ တွေ့ဆုံရေးလမ်းကြောင်းကို ဦးတည်မယ်လို့  ချင်းအမျိုးသားတပ်ဦး ဒုဥက္ကဋ္ဌ ၂ ဒေါက်တာ ရွှေခါး က ပြောပါတယ်။

ဒေါက်တာရွှေခါးက မနေ့က နို၀င်ဘာ ၁ရက်နေ့က အများပြည်သူကိုပြောကြားတဲ့မိန့်ခွန်းမှာ အခုလို ထည့်သွင်းပြောကြားလိုက်တာပါ။

စစ်ကောင်စီနဲ့ တွေ့ဆုံဆွေးနွေးရေးမှာ နိုင်ငံတကာရှေ့မှောက် ပြုလုပ်ရေးနဲ့ စစ်တပ် နိုင်ငံရေးက ထွက်ရေးအပါအဝင် ရပ်တည်ချက် ငါးချက်ရှိတယ်လို့ ဒေါက်တာရွှေခါးကဆိုပါတယ်။

တော်လှန်ရေး အင်အားစုတွေကို နိုင်ငံရေးအရ ဆွေးနွေးမယ်ဆိုတဲ့ မင်းအောင်လှိုင်ရဲ့ ကမ်းလှမ်းမှုအပေါ် CNF က ပြန်လည် တုံ့ပြန်လိုက်တာပါ။

တွေ့ဆုံဆွေးနွေးရေးနဲ့ ပတ်သက်ပြီး ကျနော်တို့မှာ ခိုင်မာတဲ့ ရပ်တည်ချက် ရှိပါတယ်၊ အဲ့ဒါကိုလည်း ဒီကနေ ပြောပြချင်ပါတယ်၊ ဒီတွေ့ဆုံဆွေးနွေးရေးနဲ့ ပတ်သက်ပြီးတော့ ကျနော်တို့တစ်တွေရဲ့ ရပ်တည်ချက်ကတော့ နံပါတ်တစ်က စစ်အာဏာရှင်စနစ်ကို အမြစ်ပြတ်ချေမှုန်းပြီး အကြမ်းဖက်မှုကို ချုပ်ငြိမ်းစေရန် ဖြစ်ပါတယ်၊ နှစ်ကတော့ ၂၀၀၈ ကို ပယ်ဖျက်ပြီးတော့ ဖက်ဒရယ်ဒီမိုကရေစီစနစ် ထူထောင်နိုင်ရန်အတွက် ဖွဲ့စည်းပုံအသစ်ရေးဆွဲရန်၊ သုံးကတော့ စစ်တပ်ဟာ နိုင်ငံရေးမှာ လုံးဝပါဝင်ပတ်သက်မှုမရှိဘဲ ပြည်သူအုပ်ချုပ်ရေး အောက်မှာပဲ လုံးလုံးလျားလျား ထားရှိရန်၊ နံပါတ်လေး အသွင်ကူးပြောင်းရေး တရားမျှတမှု ဖော်ဆောင်ရန်၊ ငါးကတော့ တွေ့ဆုံဆွေးနွေးပွဲကို နိုင်ငံတကာ တတိယအင်အားစုတွေ ရှေ့မှာ ပြုလုပ်ရန်တို့ ဖြစ်ပါတယ်

စက်တင်ဘာ ၂၆ ရက်နေ့က စစ်ခေါင်းဆောင်မင်းအောင်လှိုင်က ရွေးကောက်ပွဲအကြောင်းပြကာ ငြိမ်းချမ်းရေး ဆွေးနွေးဖို့ ဖိတ်ခေါ်ခဲ့ပြီး လက်နက်ကိုင်တပ်ဖွဲ့အများစုက အပြင်းအထန်ငြင်းဆိုခဲ့ပါတယ်။

CNF တပ်ဖွဲ့ရဲ့ သဘောထားလိုမျိုး စစ်တပ် နိုင်ငံရေးကထွက်ပြီး စစ်ရာဇဝတ်မှု ကျူးလွန်မှုတွေအပေါ်လည်း တာ၀န်ခံရမယ်လို့ တော်လှန်ရေးအင်အားစုတွေက ဆိုထားပါတယ်။

0 Shares:
You May Also Like
Read More

မိုးကုတ်မြို့တွင် TNLA နှင့် ဂေါ်ရခါးလူမျိုးတို့ တွေ့ဆုံဆွေးနွေးပွဲအပြီး ဂေါ်ရခါးလူမျိုး ၈၄ ဦးကို အုပ်ထိန်းသူများထံ အပ်နှံ

မန္တလေးတိုင်း၊ မိုးကုတ်မြို့မှာ တအာင်းတပ်မတော် (TNLA) နဲ့ ဂေါ်ရခါးလူမျိုးတို့ တွေ့ဆုံဆွေးနွေးပွဲအပြီး ဂေါ်ရခါးလူမျိုး ၈၄ ယောက်ကို အုပ်ထိန်းသူတွေဆီ အပ်နှံခဲ့တယ်လို့ တအာင်းတပ်မတော် (TNLA) က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

မင်းဘူးခရိုင် ဆေးတပ်သားတွေရဲ့ အခြေခံ ရှေးဦးသူနာပြုစုနည်း အပတ်စဥ် (၁) သင်တန်းဆင်းပွဲ…

အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ အမှတ် (၁) စစ်ဒေသ ၊ မင်းဘူးခရိုင် ကွပ်ကဲရေးရုံးက ဖွင့်လှစ်သင်ကြားပေးတဲ့ ရှေးဦးသူနာပြုစုနည်း အပတ်စဥ် (၁) သင်တန်း ဆင်းပွဲကို နိုဝင်ဘာ ၂၂ ရက်က ပြုလုပ်ခဲ့တယ်လို့ မင်းဘူးခရိုင် ကွပ်ကဲရေးရုံးက ထုတ်ပြန်ထားပါတယ်။
Read More

ကျောက်မဲမြို့တွင် စစ်ကောင်စီတပ် လေကြောင်းတိုက်ခိုက်မှုကြောင့် အမျိုးသား (၁) ဦး သေဆုံး၊ (၅) ဦး ထိခိုက်ဒဏ်ရာရ

ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကျောက်မဲမြို့ပေါ်ကို အကြမ်းဖက်စစ်ကောင်စီတပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်မှုကြောင့် အမျိုးသား (၁) ယောက် သေဆုံးပြီး (၅) ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ တအာင်းတပ်မတော် TNLA က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

အရာတော်က အမတ ၃၆၉ တပ်ရင်းကို လက်နက်ကြီးတွေနဲ့ ပစ်ခတ်တိုက်ခိုက်

စစ်ကိုင်းတိုင်း၊ အရာတော်မြို့နယ်ရှိ အကြမ်းဖက်စစ်ကောင်စီရဲ့ အမြောက်တပ်ရင်း အမတ ၃၆၉ တပ်ရင်းကို လက်နက်ကြီးတွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ Snipe Rangers Force (Local - PDF) ဆီက သိရပါတယ်။
Read More

ရွှေသောင်ယံမြို့နယ်အတွင်းမှာ တိုက်ပွဲဖြစ်ပွားနေရာ အကြမ်းဖက်စစ်တပ်က လေယာဥ်နဲ့ပါ ဗုံးကြဲနေ…

ဧရာဝတီတိုင်း၊ ရွှေသောင်ယံမြို့နယ်အတွင်းမှာ ရက္ခိုင့်တပ်တော် AA ဦးဆောင်တဲ့ ပူပေါင်းတော်လှန်ရေးတပ်ဖွဲ့တွေနဲ့ အကြမ်းဖက်စစ်တပ်တို့ ဇန်နဝါရီလ ၁၆ ရက် ညနေပိုင်းက တိုက်ပွဲ ဖြစ်ပွားခဲ့ရာ အကြမ်းဖက်စစ်တပ်က လေကြောင်းကနေ ဗုံးကြဲတာတွေ လုပ်ဆောင်နေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
Read More

“လေယာဉ်တစ်စီးနဲ့ မင်းတို့နဲ့ မလဲနိုင်ဘူး” ဆိုပြီး စစ်ကောင်စီ သူ့တပ်ဖွဲ့ဝင်တွေကို စွန့်ပစ်

အာဏာသိမ်းစစ်တပ်က လေယာဉ်ဆုံးရှုံးမှာစိုးလို့  လာရောက်ကယ်တင်ခြင်း မပြုလုပ်ခဲ့တဲ့ စစ်ကောင်စီတပ်ဖွဲ့၀င် ၅၀ကျော်ကို ချင်းအမျိုးသားကာကွယ်ရေးတပ် (CNO/CNDF) က စစ်သုံ့ပန်း စည်းကမ်းတွေနဲ့အညီ ထိန်းသိမ်းစောင့်ရှောက်ထားတယ်လို့ အသိပေးထုတ်ပြန်ပါတယ်။