ပဲခူးတိုင်း၊ ပြည်ခရိုင်၊ ပေါင်းတည်မြို့နယ်၊ သစ်ပုတ်ပင်တာဝါတိုင်စခန်းကို အင်အားဖြည့်တင်းဖို့ လာတဲ့ စစ်ကောင်စီတပ်သားတွေကို မိုင်းဆွဲတိုက်ခိုက်ရာ စစ်ကောင်စီတပ်သား ၁ ယောက် သေဆုံးပြီး ၃ ယောက် ဒဏ်ရာရရှိသွားတယ်လို့ ၃၆၀၁ PPDF တပ်ရင်းဆီက သိရပါတယ်။
နိုဝင်ဘာလ ၁ ရက် မနေ့က ညသန်းခေါင်းကျော်အချိန်မှာ ကျောက်ကြီးတောင်အထိုင်စခန်းကနေ အင်အား ၄၀ နဲ့ သစ်ပုတ်တိုင်တာဝါတိုင်စခန်းကို အင်အားဖြည့်တင်းဖို့ လာတဲ့ စစ်ကြောင်းကို တော်လှန်ရေးတပ်တွေက မိုင်းဆွဲတိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။
“သတင်းက ကြိုရထားလို့ စောင့်ကြိုတိုက်ခိုက်တာ ဟုတ်ပါတယ်။ မိုင်းဆွဲပြီးတော့ မနက် ၄နာရီလောက်မှ သေဆုံးအလောင်းနဲ့ ဒဏ်ရာရရ စစ်သားတွေကို ပုခတ်တွေနဲ့ သယ်ပြီး သစ်ပုတ်ဘက်ကို ဝင်သွားတာပါ။” လို့ ၃၆၀၁တပ်ရင်း စစ်ထောက်လှမ်းရေးနဲ့ သတင်းပြန်ကြားတာဝန်ခံက မောင်းသတင်းဌာနကို ပြောပါတယ်။
အဲ့ဒီအကြမ်းဖက်စစ်ကြောင်းကို တော်လှန်ရေးတပ်ဖွဲ့တွေက ချီတက်ရွာနဲ့ သစ်ရွာကြားမှာ မိုင်း (၃) ကြိမ်ဆွဲပြီး ကြားဖြတ်တိုက်ခိုက်ရာ စစ်ကောင်စီတပ်သား (၁) ယောက် သေဆုံးပြီး (၃) ယောက် ဒဏ်ရာရရှိ သွားတယ်လို့ ဆိုပါတယ်။
မိုင်းဆွဲတိုက်ခိုက်မှုအပြီးမှာတော့ စစ်ကောင်စီတပ်သားတွေက လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ ရမ်းသမ်းပစ်ခတ်ခဲ့ပေမယ့် တော်လှန်ရေးအဖွဲ့တွေကတော့ အထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့တယ်လို့ သိရပါတယ်။
အဲ့ဒီတိုက်ခိုက်မှုကို ပြည်ခရိုင်ပြည်သူ့ ကာကွယ်ရေးတပ်မတော် ၃၆၀၁ (PPDF) တပ်ရင်း တပ်ခွဲ (၁) ၊ တပ်ခွဲ (၅) တို့က ဖော်ဆောင်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။
ပုံစာ – စစ်ကြောင်းထွက်ခွာသွားပြီးနောက် စစ်ကောင်စီတပ်သား ၁ ယောက် သေဆုံးအလောင်းက ကျန်ရစ်ခဲ့တဲ့ သွေးကွက်များ…
0 Shares:
You May Also Like
Read More

စက်တင်ဘာလအတွင်း ဖော်ဆောင်ခဲ့သည့် MSFC ကာကွယ်ရေးဌာနအောက်ခံ တပ်များနှင့် မဟာမိတ် စစ်ဆင်ရေးများ 

အခုလ စက်တင်ဘာ (၁) လတာအတွင်း မွန်ပြည်ဖက်ဒရယ်ကောင်စီ (MSFC) ကာကွယ်ရေးဌာန (DoD) အောက်ရှိ တပ်ရင်းတပ်ဖွဲ့တွေနဲ့ မဟာမိတ်တပ်ဖွဲ့တွေ ပူးပေါင်းဖော်ဆောင်ခဲ့တဲ့ စစ်ဆင်ရေးတွေကို MSFC က ထုတ်ပြန်ပါတယ်။ 
Read More

ကန့်ဘလူကို စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို တိုက်ခိုက်ရာ ၁၆ ယောက်သေ၊ အများအပြား ထိခိုက်ဒဏ်ရာရပြီး လက်နက်ခဲယမ်းတွေ သိမ်းဆည်းရရှိ

စစ်ကိုင်းတိုင်း၊ ကျွန်းလှမြို့နယ်ကနေ ကန့်ဘလူမြို့နယ်ကို စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီ စစ်ကြောင်းကို တိုက်ခိုက်ရာ ၁၆ ယောက် သေပြီး လက်နက်ခဲယမ်းတွေ သိမ်းဆည်းရရှိခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ အမှတ် ၁ စစ်ဒေသက ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

စစ်တပ်လက်ဝေခံပါတီများ မွန်ပြည်နယ်ကနေ ရွေးကောက်ပွဲဝင်မှုအပေါ် မွန်ပြည်သူများက လက်သင့်ခံကြိုဆိုမည် မဟုတ်

အကြမ်းဖက်စစ်အုပ်စု အာဏာတည်မြဲရေးအတွက် ကျင်းပဖို့ ပြင်ဆင်နေတဲ့ အတုအယောင် ရွေးကောက်ပွဲမှာ မွန်ပြည်နယ်ကနေ ဝင်ရောက်ယှဉ်ပြိုင်ကြမယ့် စစ်တပ်ရဲ့ လက်ဝေခံပါတီတွေကို မွန်ပြည်သူတွေက လက်သင့်ခံကြိုဆိုမှာ မဟုတ်ကြောင်း မွန်အရပ်ဖက်အဖွဲ့အစည်းတွေက ဒီနေ့ ဩဂုတ်လ ၈ရက်မှာ အိတ်ဖွင့်ပေးစာ ထုတ်ပြန်လာပါတယ်။
Read More

ပခန်းတိုက်ပွဲမှာ စစ်တပ် ဒုဗိုလ်ကြီးနှင့် စစ်ကြောင်းမှူးအပါ အများအပြား ထိခိုက်သေဆုံး၊ စစ်တပ်က အလံဖြူထောင်သူတွေကို အချင်းချင်း ပစ်သတ်ခဲ့

မကွေးတိုင်း၊ ပခုက္ကူခရိုင်၊ ရေစ​ကြိုမြို့နယ်မှာစစ်ကြောင်းနောက်ပြန်ထွက်လာတဲ့ အကြမ်းဖက်စစ်ကောင်စီ (ခလရ) တပ်ရင်းတွေ ပခန်းမြို့မြောက်ဘက်လမ်းခုလတ်တစ်နေရာမှာ ကြားဖြတ်တိုက်ခိုက်ခံရပြီး ဒုဗိုလ်ကြီးဖြစ်သူနဲ့ စစ်ကြောင်းမှူးတွေ အပါအဝင် ထိခိုက်သေဆုံးသူ များ​ပြားခဲ့ကြောင်း သိရပါတယ်။
Read More

တော်လှန်ရေးစိုးမိုးနယ်မြေထဲ လူသားဒိုင်းလုပ် ဝင်လာသည့် စစ်အုပ်စု တိုက်ခိုက်ခံရပြီး အသည်းအသန်ထွက်ပြေး

စစ်ကိုင်းတိုင်း၊ ကလေးခရိုင်၊ ကလေးဝမြို့နယ်မှာ အရပ်သားတွေကို လူသားဒိုင်လုပ် စစ်ကြောင်းထိုးလာတဲ့ စစ်အုပ်စုတွေကို တော်လှန်ရေးတပ်တွေက ခုခံတိုက်ခိုက်ရာမှာ စစ်ကောင်စီတပ်သားတွေ အသည်းအသန် ဆုတ်ခွာထွက်ပြေးသွားရကြောင်း ကလေးခရိုင် ပကဖ ခရိုင်တာဝန်ခံက မောင်းကိုပြောပါတယ်။
Read More

စစ်ကောင်စီက ကယားပြည်နယ်နေ့ ကျင်းပပြီး နောက်တစ်နေ့ စစ်ရှောင်စခန်းကို ဗုံးကြဲ၊ စစ်ဘေးရှောင်မောင်နှမ အပါအဝင် ၃ ယောက် သေဆုံး

ကရင်နီပြည်၊ ဒီးမော့ဆို အရှေ့ခြမ်းက စစ်ရှောင်စခန်းတစ်ခုကို စစ်ကောင်စီက လေယာဥ်နဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့လို့ အရပ်သား ၃ ယောက် သေဆုံးပြီး ၄ ယောက် ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ Loikaw Local PDF ထံက သိရပါတယ်။