မကွေးတိုင်း၊ ပခုက္ကူခရိုင်၊ မြိုင်နဲ့ ရေစကြိုမြို့နယ်အစပ်ကကျေးရွာတွေမှာ အကြမ်းဖက်စစ်ကောင်စီက စစ်ကြောင်းထိုးဝင်ရောက်မီးရှို့ပြီး လေကြောင်းတိုက်ခိုက်မှုတွေ လုပ်ဆောင်နေတဲ့အတွက် အရပ်သားတွေ ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ သိရပါတယ်။
အောက်တိုဘာ ၃၀ ရက် မနက်ပိုင်းက မြိုင်မြို့နယ် လင်းကတောစခန်းကနေ ထွက်လာတဲ့ အကြမ်းဖက်စစ်ကြောင်းဟာ ချောက်တောင်းကျေးရွာကို မီးရှို့ဖျက်ဆီးခဲ့ပြီး Mi35 ရဟတ်ယာဥ်နဲ့ အနီးအနားကျေးရွာတွေဆီ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။
” လင်းကတော့စခန်းကို ရောက်နေတဲ့စစ်ကြောင်းက ချောက်တောင်းရွာဘက်ကို စစ်ကြောင်းထိုးနေတဲ့အချိန်မှာ လင်းကတောဝန်းကျင်က ချောက်တောင်းနဲ့ ပေါင်းတည်ရွာတွေဘက်ကို MI 35 နဲ့လာပစ်သွားတာပါ။ လူထိခိုက်သေဆုံးမရှိပါဘူး။ နေအိမ်ထိခိုက်ပျက်စီးမှုတော့ အနည်းအကျဥ်းရှိတယ်။ ချောက်တောင်းရွာကတော့ မီးရှို့ခံရပြီး အိမ် ၁၇ လုံးနဲ့ နွားတင်းကုပ် ၇ လုံး မီးထဲပါသွားပါတယ်။ ” လို့ ဒေသခံ ၁ ယောက်က ပြောပါတယ်။
ဒါ့အပြင် နိုဝင်လာ ၁ ရက် မနေ့ကမနက်အစောပိုင်းမှာလည်း လင်းကတောနယ်မြေရဲစခန်းက ထွက်လာတဲ့ အင်အား ၇၀ ပါအကြမ်းဖက်စစ်ကြောင်းကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေရဲ့ ကင်းပုန်းက ပစ်ခတ်နိုင်ခဲ့လို့ စစ်ကောင်စီတပ်သားတစ်ယောက်သေတယ်လို့ ရေစကြိုပကဖ က ထုတ်ပြန်ထားပါတယ်။
အဲ့ဒီနောက်မှာတော့ အကြမ်းဖက်စစ်ကြောင်းဟာ နိပဆေးတောရွာကို ဝင်ရောက်စီးနင်းမီးရှို့ပြီး ပြည်သူပိုင်ပစ္စည်းတွေကိုလည်း ခိုးယူခဲ့တယ်လို့ သိရပါတယ်။
အဆိုပါမီးရှို့နေတဲ့ စစ်ကြောင်းကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေက ၆၀ မမ လက်နက်ကြီးနဲ့ ပစ်ခတ်တိုက်ခိုက်တာတွေ၊ ဒရုန်းနဲ့ဗုံးကြဲတာတွေပါ လုပ်​ဆောင်ခဲ့ပါသေးတယ်။
“အကြမ်းဖက်စစ်ကြောင်းရဲ့ မီးရှို့ဖျက်ဆီးမှုကြောင့် နေအိမ် ၁၅ လုံးနီးပါး မီးလောင်ပျက်စီးသွားခဲ့ရတယ်”လို့လည်း ရေစကြို ပကဖ က ပြောပါတယ်။
လက်ရှိအခြေအနေအရ မြိုင်နဲ့ ရေစကြိုအစပ်က ကျေးရွာ ၇ ရွာလောက်ဟာ စစ်ကောင်စီရဲ့မြေပြင်စစ်ကြောင်းအန္တရာယ်နဲ့ လေကြောင်းတိုက်ခိုက်မှုတွေကြောင့် ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေတယ်လို့လည်း သိရပါတယ်။
ထွက်ပြေးတိမ်းရှောင်ရမှာလည်း စစ်ကောင်စီက ဘာသာရေးနဲ့ ပညာရေး အဆောက်အအုံတွေပါမချန် လေယာဥ်နဲ့ ဗုံးကြဲတိုက်ခိုက်နေတာကြောင့် အရင်လို စာသင်ကျောင်းတွေ၊ ဘုန်း​ကြီးကျောင်းတွေမှာ မနေရဲတော့ပဲ တောထဲတောင်ထဲကိုပဲ ထွက်ပြေးနေကြပြီး အကူအညီတွေ လိုအပ်နေတယ်လို့လည်း သိရပါတယ်။
” အခုအခြေအနေက စာသင်ကျောင်းနဲ့ ဘုန်းကြီးကျောင်းတွေမှာမနေရဲကြတော့ဘူး။အများစုတောထဲမှာပဲရှောင်နေကြရပါတယ်။ ရှောင်နေကြရတာဆို မြိုင်နယ်ဘက်က ၃ရွာနဲ့ ရေစကြိုဘက်က ၄ရွာလောက်ရှိပါတယ်။ အခုလောလောဆယ် စစ်ရှောင်ရတဲ့ အိမ်ထောင်စုလေးရာနီးပါး ရှိပါတယ်။ မြိုင်နယ်ထဲက ရွာတွေမှာပါ။ စစ်အုပ်စုရှိတဲ့ လင်းကတောကတော့ ရွာမှာနေမရလို့ တစ်ခြားနေရာကို ရွာလုံးကျွတ် ရွှေ့နေကြရတာတစ်နှစ်နီးပါးရှိပါပြီ” လို့ စစ်ဘေးရှောင်တစ်ယောက်က မောင်းသတင်းဌာနကို ပြောပါတယ်။
ပုံစာ
မြိုင်မြို့နယ်အတွင်းက ကျေးရွာတစ်ခု မီးရှို့ဖျက်ဆီးခံထားရစဥ်( ပုံဟောင်း)
0 Shares:
You May Also Like
Read More

ရန်ကုန်-ပြည်လမ်းပေါ် တိုက်ပွဲဖြစ်ပွားနေသောကြောင့် ယာဉ်ကျောပိတ်နေ

ပဲခူးတိုင်း၊ မင်းလှမြို့နယ်၊ ရန်ကုန်-ပြည်လမ်းပေါ်မှာ တော်လှန်ရေးတပ်နဲ့ အကြမ်းဖက်စစ်တပ်တို့ ထိတွေ့တိုက်ပွဲ ဖြစ်ပွားနေတာကြောင့် ကားတွေ ရပ်ထားရပြီး ယာဉ်ကျောပိတ်ဆို့မှု ဖြစ်ပွားနေတယ်လို့ ဒေသတွင်းသတင်းရင်းမြစ်တွေထံမှ သိရပါတယ်။
Read More

စစ်ကိုင်းခရိုင် တပ်ရင်း (၁) ကာကွယ်ရေးတပ်ဖွဲ့ဝင် ၃ ဦး စစ်အုပ်စုထံ ဝင်ရောက်သွားသည်ဟု ဆို

အမျိုးသားညီညွတ်ရေးအစိုးရ NUG ၊ အမှတ် (၁) စစ်ဒေသ၊ စစ်ကိုင်းခရိုင်တပ်ရင်း (၁) ကကာကွယ်ရေးတပ်ဖွဲ့ဝင် ၃ ယောက်ဟာ စစ်အုပ်စုထံ အလင်းဝင်ရောက်သွားတယ်လို့ အဆိုပါတပ်ဖွဲ့ဝင်ဆီက သိရပါတယ်။
Read More

တောင်သာမြို့အစွန်ရှိ စစ်အုပ်စု ဝန်ထမ်းအိမ်ရာအား မြင်းခြံခရိုင်တပ်ရင်း (၃) က  ဝင်ရောက်ရှင်းလင်း

မန္တလေးတိုင်း၊ မြင်းခြံခရိုင်၊ တောင်သာမြို့နယ်မှာ အကြမ်းဖက် စစ်အုပ်စုနဲ့ ထိတွေ့တိုက်ပွဲဖြစ်ပွားရင်း တပ်စွဲထားတဲ့ ဝန်ထမ်းအိမ်ရာကိုပါ တစ်ပါတည်း မီးရှို့ရှင်းလင်းခဲ့တယ်လို့ မြင်းခြံခရိုင်တပ်ရင်း(၃) သတင်းတာဝန်ရှိသူက မောင်းကို ပြောပါတယ်။
Read More

မင်းအောင်လှိုင်ရဲ့ သားနဲ့သမီး တည်ဆောက်ထားတဲ့ EV Charging Station တွေမှာ လျှပ်စစ်ကားတွေ အားသွင်းခ တိုးမြှင့်ကောက်ခံမယ်

အာဏာသိမ်း စစ်ခေါင်းဆောင် မင်းအောင်လှိုင်ရဲ့ သားနဲ့သမီးဖြစ်သူ ကိုယ်တိုင်တင်သွင်းခွင့်ရနေတဲ့ လျှပ်စစ်ကားတွေကို အားသွင်းမယ်ဆိုရင် အားသွင်းခတွေကို တိုးမြှင့်ကောက်ခံတော့မယ်လို့ သိရပါတယ်။
Read More

မိတ္ထီလာမှာ သားအမိ ၂ ယောက် နေအိမ်အတွင်း အသတ်ခံရ၊ ကျူးလွန်သူ ၃ ဦးမှာ အသက် ၂၀ ဝန်းကျင်ဖြစ်ပြီး ရပ်ကွက်က ဝိုင်းဝန်းဖမ်းဆီး

မန္တလေးတိုင်းက အကြမ်းဖက်စစ်တပ်စိုးမိုးထားတဲ့ မိတ္ထီလာမြို့ပေါ်က နေအိမ်တစ်အိမ်မှာ သားအမိနှစ်ယောက် သတ်ဖြတ်ခံခဲ့ရတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
Read More

လျှပ်စစ်မီးမမှန်တဲ့အခြေအနေမှာ လျှပ်စစ်ရထားပြေးဆွဲဖို့ မင်းအောင်လှိုင် အကြိမ်ကြိမ်ပြောဆိုနေ

ရထားလမ်းပိုင်းတွေမှာ လျှပ်စစ်ရထားတွေ ပြောင်းလဲပြေးဆွဲဖို့ မဖြစ်မနေ လုပ်ဆောင်ရမယ်လို့ အာဏာသိမ်းစစ်ခေါင်းဆောင်မင်းအောင်လှိုင်က ပြောဆိုလာပြန်ပါတယ်။ နိုဝင်ဘာ ၂၉ ရက်နေ့က ရန်ကုန်ဘူတာကြီးမှာ ပြုလုပ်ခဲ့တဲ့ ရန်ကုန်မြို့ပတ်ရထားလမ်းပိုင်းမှာ စပိန်ထုတ် DEMU ရထားတွဲဆိုင်းတွေနဲ့ စတင်ပြေးဆွဲတဲ့ အခမ်းအနားမှာ ထည့်သွင်းပြောကြားလိုက်တာပါ။