အကြမ်းဖက်စစ်ကောင်စီကနေ အခုရက်ပိုင်းအတွင်းမှာ အခွန်မဲ့ ထိုင်းကုန်ပစ္စည်းတွေကို တင်းတင်းကြပ်ကြပ် ဖမ်းဆီးလာတာကြောင့် ကုန်သည်တွေက ပစ္စည်းအဝယ်ပါးကာ ကုန်တင်ကားလုပ်ငန်း လုပ်ကိုင်သူတွေ အရှုံးပေါ်နေတယ်လို့ သိရပါတယ်။
ထိုင်း-မြန်မာနယ်စပ်ကုန်သွယ်ရေးမှာ အဓိကကျတဲ့ မြဝတီမြို့ကနေ မော်လမြိုင်မြို့၊ ဘားအံမြို့တို့ကို ကုန်ပစ္စည်းတွေ သယ်ကာ မြန်မာတစ်ပြည်လုံးအနှံ့ ထိုင်းကုန်ပစ္စည်းတွေကို ဖြန့်ဖြူးရောင်းချနေတာဟာ နှစ်ပေါင်းဆယ်ချီရှိခဲ့ပါပြီ။
ဒါပေမယ့် ပြီးခဲ့တဲ့ အောက်တိုဘာ ၉ ရက်မှာ တရားမဝင် စစ်ကောင်စီရဲ့ ဒုခေါင်းဆောင် ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်းက တရားမဝင်ကုန်သွယ်မှုတွေကို ပြည်တွင်းသိုလှောင်ရုံအပြင် ဈေးကွက်တွေအထိ စစ်ဆေးအရေးယူသွားဖို့ ညွှန်ကြားပြီးနောက်မှာ အခုလို ထိုင်းကုန်ပစ္စည်းတွေကို တင်းကြပ်စွာ ဖမ်းဆီးလာတာပဲ ဖြစ်ပါတယ်။
“ကျွန်တော်တို့ကတော့ ကုန်တင်ဖို့ ရှိတယ်ဆိုမှ ထွက်လာတော့ အဆင်ပြေသေးတယ်…၁လကို ၅သိန်းအပြတ်ငှားထားတဲ့ လစားသမားတွေဆို ထိတာပဲ။ မြဝတီမှာဆို ကုန်ကားသမားတွေ ကားမထွက်ရတာ ကြာနေပြီ စကစကနေ အခွန်မဲ့ တွေ ဖမ်းမယ်ဆိုပြီး လိုက်ဖမ်းနေတော့ ဝယ်လက်မရှိဘူးလေ… တကယ်လည်း လိုက်ဖမ်းနေတာကိုး။” လို့ ကုန်တင်ကားမောင်းသူ တစ်ယောက်က မောင်းသတင်းဌာနကို ပြောပါတယ်။
ထိုင်းကုန်ပစ္စည်းတွေကို မြဝတီကနေ ဒေါနတောင်ကြောကို ပတ်ပြီး သယ်လာတာမှာ ပြဿနာမရှိပေမယ့် မော်လမြိုင်မြို့အဝင်၊ ဘားအံမြို့အဝင်လို နေရာတွေကနေ စတင်ဖမ်းနေတာဖြစ်တယ်လို့ သူက ဆိုပါတယ်။
မြို့အဝင်ဂိတ်တွေကလည်း ယခင်ကဆို ၅၀၀၀-၁၀၀၀၀ လောက်ပေးရင် သယ်ဆောင်ခွင့်ပြုပြီး အဲဒီညွှန်ကြားချက်ထွက်လာပြီးတဲ့နောက်မှာ ၃ သိန်းဝန်းကျင်အထိ တောင်းခံနေတယ်လို့ သိရပါတယ်။
သူကပဲ ဆက်လက်ပြီး “ဒီစာထွက်လာပြီးနောက်မှာ ကုန်သည်တွေက အဝယ်ရပ်သွားတာပဲ။ တန်ဖိုးအလိုက်အခွန်ဆောင်ရမယ်ဆိုတော့ အောက်မှာ ပြန်ရောင်းရင် မကိုက်တော့ဘူးလေ။ အဲ့လိုဆိုတော့ တချို့ ကားတွေ ၁၀စီး-၁၅စီး ထောင်ထားတဲ့ ကားသမားတွေဆို ၁ရက်ကို ၁စီးထွက်ရဖို့ တော်တော်လေး ရုန်းကန်နေကြရတယ်။ ကြားထဲမှာ ဒီဇယ်ဆီဈေးကလည်း ကျတယ်ဆိုတာမှ မရှိတာ အကုန်အရှုံးပေါ်တာပဲ။ လုပ်ငန်းရပ်လိုက်ရတဲ့ သူတွေတောင်ရှိတယ်။”လို့ ပြောပါတယ်။
ဒါ့အပြင် ကုန်တင်ကားတွေ အသွားများတဲ့ ဒေါနတောင်လမ်းဟောင်းမှာဆိုရင် KNU-PC၊ GBF၊ PDF ဂိတ်တွေကြီးပဲ အားလုံးပေါင်း ၅၀ ကျော်ရှိတာကြောင့် ဒေါနတကြောကို ဖြတ်သန်းတာမှာပဲ ကုန်တင်ကား ၁ စီးကို ၁၅ သိန်း-သိန်း ၂၀ ဝန်းကျင် ကုန်ကျတယ်လို့ သူက ဆိုပါတယ်။
မြို့အဝင်ဂိတ်တွေမှာ လက်နက်ခဲယမ်းသယ်ဆောင်လာတာမဟုတ်ပဲ ထိုင်းကုန်တင်လာတယ်ဆိုတာနဲ့တင် ကားရော ယာဉ်မောင်းတွေကို ဖမ်းဆီးမှုတွေကို ဆက်တိုက်လုပ်ဆောင်နေတယ်လို့ သိရပါတယ်။
ပြီးခဲ့တဲ့ အောက်တိုဘာလ ၁၄ ရက်နေ့မှာ မော်လမြိုင်မြို့၊ ရတနာထွန်း (ဈေးကြိုပွဲရုံ) က ထိုင်းနိုင်ငံထုတ် စားသောက်ကုန်၊ အလှကုန်တွေ အပါအဝင် လူအသုံးကုန် စတဲ့ ကုန်ပစ္စည်းအမြောက်အမြားကို လာရောက်စစ်ဆေးဖမ်းဆီးပြီး ကုန်တင်ယာဉ် ​ခြောက်ဘီးကား ၂ စီးနဲ့ အကောက်ခွန်ရုံးကို သယ်ဆောင် သိမ်းဆည်းသွားကာ ပွဲရုံ ၂ ရုံကိုလည်း ချိတ်ပိတ်ခဲ့တဲ့ ဖြစ်စဉ်တွေလည်း ရှိခဲ့ပါတယ်။
ပုံအဟောင်းကို အသုံးပြုထားပါတယ်။
ဓာတ်ပုံ – လူမှုကွန်ရက်
0 Shares:
You May Also Like
Read More

တီးတိန်အခြေစိုက် စစ်ကောင်စီတပ်က ဒုတပ်ကြပ် ၁ ဦး လက်နက်ခဲယမ်းများနှင့် အလင်းဝင်လာ… (ဓာတ်ပုံသတင်း)

ချင်းပြည်နယ်ရှိ အကြမ်းဖက်စစ်ကောင်စီရဲ့ တီးတိန်မြို့အခြေစိုက် တပ်ရင်းစခန်းကနေ ဒုတပ်ကြပ် ၁ ယောက် လက်နက်ခဲယမ်းတွေနဲ့ အလင်းဝင်လာတယ်လို့ PDF ZOLAND က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

ကျောက်မဲမြို့ကို စစ်ကောင်စီတပ် လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်မှုကြောင့် ပြည်သူ (၁) ယောက် သေပြီး၊ (၃) ယောက် ထိခိုက်ဒဏ်ရာရ

ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကျောက်မဲမြို့ကို စစ်ကောင်စီတပ်က ဂျက်ဖိုက်တာနဲ့ ဗုံးကြဲတိုက်ခိုက်မှုကြောင့် ပြည်သူ (၁) ယောက် သေဆုံးခဲ့ပြီး (၃) ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ တအာင်းတပ်မတော် TNLA က ထုတ်ပြန်ထားပါတယ်။
Read More

အစိုးရပီသတဲ့ အဖွဲ့အစည်းအောက်မှာ သဘာဝဘေးနဲ့ကြုံရရင် အခုလောက် အခြေအနေမဆိုးနိုင်ဟု NUG ပြည်ထောင်စုဝန်ကြီးချုပ် ပြော

အစိုးရပီသတဲ့ အဖွဲ့အစည်းတွေအောက်မှာသာ အခုလို သဘာဝဘေးကို ကြုံတွေ့ရရင် အခုလောက်တိုင်းပြည်ဟာ အခြေအနေမဆိုးရွားနိုင်ဘူးလို့ အမျိုးသားညီညွတ်ရေးအစိုးရ NUG ရဲ့ ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက ပြောပါတယ်။
Read More

မင်းကင်းနယ်က နှစ်ရှည်စစ်ဘေးရှောင်နေကြရသူတွေ စားဝတ်နေရေး ပိုမိုကျပ်တည်းလာ

စစ်ကိုင်းတိုင်း၊ မင်းကင်းနယ်ထဲမှာ နှစ်ရှည်စစ်ဘေးရှောင်နေကြရတဲ့ ကျေးရွာ ၄ ရွာက ဒေသခံတွေ စားဝတ်နေရေး အခက်အခဲတွေနဲ့ ရင်ဆိုင်နေကြရတယ်လို့ သိရပါတယ်။
Read More

ဆိုရှယ်မီဒီယာတွေကို စစ်တပ်က စောင့်ကြည့်နေပြီး ၃ လအတွင်း စစ်တပ်ကို ဝေဖန်သူ ၁၄၀ ကျော် ဖမ်းဆီးခံရ

ဆိုရှယ်မီဒီယာပေါ်မှာ စစ်တပ်ကို ဝေဖန်လို့ သုံးလအတွင်း အရပ်သားပြည်သူ ၁၄၀ကျော်ကို စစ်ကောင်စီက မတရား ဖမ်းဆီးထားတယ်လို့ Myanmar Internet Project ရဲ့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။
Read More

ရွေးကောက်ပွဲအတု မဲစာရင်းကြည့်သူမရှိသဖြင့် အိမ်တိုင်ရာရောက် တိုက်စစ်N

လာမယ့် ဒီဇင်ဘာ ၂၈ ရက်နေ့မှာပြုလုပ်မယ့် အကြမ်းဖက်စစ်တပ်ရဲ့ ရွေးကောက်ပွဲအတုကို စိတ်ဝင်စားသူမရှိလို့ မဲစာရင်းစစ်ဆေးမယ့်သူ မရှိတဲ့အတွက် အိမ်တိုင်ရာရောက် မဲစာရင်းစစ်ဆေးနေကြောင်း ရန်ကုန်မြို့ခံ ပြည်သူတချို့က ပြောပါတယ်။