စစ်ကောင်စီရဲ့ ဒရုန်းတွေကို ကာကွယ်နိုင်ဖို့
Drone Jammer ကို အောင်မြင်စွာနဲ့ စမ်းသပ်ထုတ်လုပ်နိုင်ခဲ့ပြီဖြစ်ကြောင်း Federal Wings တပ်ဖွဲ့က ထုတ်ပြန်ပါတယ်။
FW R&D တပ်ဖွဲ့ရဲ့ ကြိုးစားအားထုတ်မှုနဲ့ Federal Shield လို့အမည်ပေးထားတဲ့ Jammer ကို အောင်မြင်စွာ ထုတ်လုပ်နိုင်ခဲ့ကြောင်း ဒီနေ့ နို၀င်ဘာလ၂ရက်နေ့မှာ ထုတ်ပြန်လာပါတယ်။
မြေပြင်က တိုက်ခိုက်ရေးရဲဘော်တွေအတွက် ရန်သူရဲ့ဒရုန်းရန်ကနေ ထိထိရောက်ရောက်ကာကွယ်ပေးနိုင်တော့မှာဖြစ်ပြီး ဝယ်ယူရခက်ခဲမှုနဲ့ ဈေးနှုန်းကြီးမြင့်မှုတွေကို ကျော်လွှားနိုင်တော့မှာဖြစ်ကြောင်း Federal Wings ကအသိပေးလာပါတယ်။
FW ရဲ့ R&D ကိစ္စရပ်တွေကို အရှိန်အဟုန်မပျက်လုပ်ဆောင်နိုင်ဖို့ ဘတ် သန်းချီပြီး ယုံကြည်စွာကျောထောက်နောက်ခံမှုပြုခဲ့ကြတဲ့ နာမည်မဖော်လိုသူ တော်လှန်ရေးမိတ်ဆွေတွေကို လည်း ကျေးဇူးအထူးတင်ဂုဏ်ပြုတယ်လို့လည်းဆိုပါတယ်။
Federal Wings တပ်ဖွဲ့ကစစ်ကောင်စီစခန်းကုန်းတွေဆီ ရောက်လာမယ့် FW (Hercules) ဆိုတဲ့ စီမံကိန်းကို လုပ်ဆောင်လျက်ရှိတယ်လို့မနေ့က နို၀င်ဘာ ၁ရက်နေ့မှာ ထုတ်ပြန်ထားပါသေးတယ်။
Federal Wings ဟာ တော်လှန်ရေးတပ်ဖွဲ့တွေအတွက် ဒရုန်းတွေကို ဖန်တီးထောက်ပံ့ပေးနေပြီး ဒရုန်းတွေကို ရောင်းချတာမျိုး မလုပ်ဘဲ ပြည်သူတွေရဲ့ ထောက်ပံ့မှုနဲ့သာ ရပ်တည်နေတာပါ။
Federal Wings တပ်ဖွဲ့ကစစ်ကောင်စီစခန်းကုန်းတွေဆီ ရောက်လာမယ့် FW (Hercules) ဆိုတဲ့ စီမံကိန်းကို လုပ်ဆောင်လျက်ရှိတယ်လို့မနေ့က နို၀င်ဘာ ၁ရက်နေ့မှာ ထုတ်ပြန်ထားပါသေးတယ်။
လက်ရှိမှာ တိုက်ပွဲအတွင်း မာလှပါတယ်ဆိုတဲ့ စခန်းကုန်းတွေအတွက် လက်ဆောင်သစ်ဆိုတဲ့ Federal Wings ရဲ့ FW (Hercules) စီမံကိန်းလည်း မကြာခင် လာတော့မယ်လို့ သိရပါတယ်။
0 Shares:
You May Also Like
Read More

ချင်းတော်လှန်ရေးအင်အားစုတွေ အချင်ချင်း သဘောထား မတိုက်ဆိုင်ရင် လက်နက်ကိုင်ဖြေရှင်းနည်းကို အသုံးမပြုဖို့ သဘောတူညီမှုရရှိ

ချင်းတော်လှန်ရေး အင်အားစုတွေအချင်းချင်း သဘောထားချင်း မတိုက်ဆိုင်တဲ့အခါ လက်နက်ကိုင်ဖြေရှင်းနည်းကို အသုံးမပြုရန် သဘောတူညီမှုရရှိခဲ့ကြောင်း Chinland Information Centre က စက်တင်ဘာ ၂၁ ရက်မှာ အသိပေးထုတ်ပြန်ပါတယ်။
Read More

ကျောက်မဲမြို့တွင် စစ်ကောင်စီတပ်မှ လေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သားအမျိုးသမီး (၁) ဦး ထိခိုက်ဒဏ်ရာရ

ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကျောက်မဲမြို့မှာ စစ်ကောင်စီတပ် လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်မှုကြောင့် အမျိုးသမီး (၁) ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ တအာင်းတပ်မတော် TNLA က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

စဉ့်ကူးတွင် ပြည်သူနှင့် ဆက်ဆံရေး အားနည်းချက်ရှိခဲ့သည့် PDF ရဲဘော်များကို ထိရောက်စွာ သတိပေး အရေးယူမည်၊ စည်းကမ်းချိုးဖောက်သည့် Starlink Internet စက်ပိုင်ရှင်ကိုလည်း အရေးယူမည်

မန္တလေးတိုင်း၊ စဉ့်ကူးမြို့နယ်အတွင်း လူမှုကွန်ရက်ပေါ် ပျံ့နှံ့နေတဲ့ Starlink အင်တာနက်ကိစ္စ ရုပ်သံမှတ်တမ်းနဲ့ ပတ်သက်ပြီး ပြည်သူလူထုအပေါ် ဆက်ဆံရာမှာ အပြုအမူပိုင်းဆိုင်ရာ လျော့ရဲ၊ အားနည်းခဲ့တဲ့ တာဝန်ကျ ရဲဘော်တွေကို သတိပေးအရေးယူမှုတွေ လုပ်ဆောင်သွားမယ်လို့ စဉ့်ကူးမြို့နယ် အရေးပေါ်အုပ်ချုပ်ရေးအဖွဲ့က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

နယ်ခြားစောင့်တပ် (၁၀၀၃) စင်ကြိုင်နဲ့ ကန်ပိုက်တည်းက ရတမ ၃၈၉ တပ်ကို KIA က အပြီးသတ်တိုက်ခိုက်သိမ်းပိုက်

ကချင်လွတ်မြောက်ရေးတပ်မတော် KIA က အမှတ် (၁၀၀၃) နယ်ခြားစောင့်တပ်ဌာနချုပ် (စင်ကြိုင်)နဲ့ ကန်ပိုက်တည်းမြို့က ရတမ ၃၈၉ ကို တိုက်ခိုက်သိမ်းပိုက်လိုက်ပြီဖြစ်ကြောင်း ကချင်စစ်ရေးသတင်းအရင်းအမြစ်တွေက ဖော်ပြလာပါတယ်။
Read More

မွန်တော်လှန်ရေးတပ်များ ပါဝင်သည့် ရာမညပူးတွဲစစ်ကြောင်း ရုတ်သိမ်းထား

မွန်လက်ကိုင်တော်လှန်ရေး ၄ဖွဲ့ပူးပေါင်းပြီး စစ်ဆင်ရေးတွေ ဖော်ဆောင်သွားမယ်လို့ ကြေညာခဲ့တဲ့ ရာမညပူးတွဲစစ်ကြောင်းဟာ ၄လ သက်တမ်းကုန်ပြီးတဲ့နောက် ပူးတွဲစစ်ကြောင်းကို ခေတ္တ ရုတ်သိမ်းထားတယ်လို့ မွန်တော်လှန်ရေးအသိုင်းအဝိုင်းကနေ သိရပါတယ်။ 
Read More

ပျူရွာအတွက် ရိက္ခာလာပို့သည့် စစ်အုပ်စု လက်နက်ကြီးပစ်လို့ ဒေသခံ ၁ဦး သေဆုံး၊ ၁၀ ဦးထက်မနည်း ဒဏ်ရာရ

စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်၊ ကင်မွန်းတော်ပျူရွာကို ရိက္ခာပို့ဖို့လာတဲ့ စစ်အုပ်စုက လက်နက်ကြီးပစ်ခတ်ခဲ့တာကြောင့် ထိခိုက်သေဆုံးသူတွေ ရှိခဲ့တယ်လို့ Chaung U Revolution News – CRN ထံက သိရပါတယ်။