မြန်မာနိုင်ငံမှာ စစ်ကောင်စီက ကျူးလွန်တဲ့ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုတွေနဲ့ ရက်စက်ကြမ်းကြုတ်မှု သတင်းတွေဟာ ထိတ်လန့်တုန်လှုပ်စရာကောင်းပေမဲ့လည်း အထူးတဆန်းတော့ မဟုတ်နေတော့ပါဘူး။ နိုင်ငံတကာအသိုင်းအဝိုင်း၊ ကုလသမဂ္ဂနဲ့ အာဆီယံတို့အနေနဲ့ ဒီအတွက် သင့်လျော်မယ့် အရေးယူတုံ့ပြန်မှုတွေ လုံးဝ မချမှတ်နိုင်သေးချိန်မှာ အပြစ်မဲ့ပြည်သူတွေရဲ့ အသက်မဲ့ရုပ်အလောင်းတွေ တောင်လိုပုံလာနေပါတယ်။

မန္တလေးတိုင်း အနောက်မြောက်ဘက် ဘုတလင်မြို့အနီးက ရပ်ကွက်နဲ့ ရွာပေါင်း ၁၇ ခုလောက်က အနည်းဆုံး လူ ၂၅ ဦးထက်မနည်း အသတ်ခံခဲ့ရရတယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က ထုတ်ပြန်ထားပါတယ်။ အဆိုပါဖြစ်စဉ်ဟာ ပြီးခဲ့တဲ့ အောက်တိုဘာလ ၁၁ ရက်ကနေ ၂၀ ရက်အတွင်း ဖြစ်ပွားခဲ့တာဖြစ်ပြီး၊ ယင်းမတိုင်ခင်က ဖြစ််ပွားခဲ့တဲ့  စစ်ရေးရှုံးနိမ့်မှုတစ်ခုကိုလက်တုံ့ပြန်တဲ့အနေနဲ့စစ်တပ်ကကျူးလွန်ခဲ့ပုံရပါတယ်။

သေဆုံးခဲ့ရသူတွေထဲမှာကလေးငယ်၃ဦး၊အမျိုးသမီး၃ဦးနဲ့သက်ကြီးရွယ်အိုတဦးတို့ပါဝင်ကြပြီးအပိုင်းပိုင်းခုတ်ထစ်သတ်ဖြတ်ခံခဲ့ရတဲ့စီပါရွာသား၆ဦးရဲ့ရုပ်အလောင်းတွေကိုနေအိမ်ခြံစည်းရိုးတိုင်တွေမှာချိတ်ထားတာကိုတွေ့ရှိခဲ့ရပါတယ်။အလောင်းတွေဟာခေါင်းဖြတ်ခံထားရပြီးရုပ်ပျက်ဆင်းပျက်ဖြစ်နေတာကိုလည်းနောက်ထပ်သတင်းတွေမှာဖော်ပြထားပါတယ်။

ပြီးခဲ့တဲ့ (စက်တင်ဘာလ) လနှောင်းပိုင်းက ကျွန်တော်တို့ကို စစ်ရှုံးခဲ့တဲ့အတွက် လက်စားချေကြတာပါ၊ ဒါပေမဲ့ သူတို့သတ်သွားတာက အရပ်သားတွေပါ။ ဒါကတော်တော်လေးကို သူရဲဘောကြောင်တဲ့လုပ်ရပ်ပါလို့ဒီပဲယင်းပြည်သူ့ကာကွယ်ရေးတပ်ခေါင်းဆောင်ကိုသစ္စာကဧရာဝတီကိုပြောပါတယ်။

ဘုတလင်မြို့နယ်၊ စီပါရွာအနီးမှာ တော်လှန်ရေးတပ်တွေနဲ့ တိုက်ပွဲဖြစ်ပွားပြီး အနောက်မြောက်တိုင်း စစ်ဌာနချုပ်က တပ်သားအတော်များများ ထိခိုက်သေကြေခဲ့ကြပြီးနောက် အခုလိုလုပ်ရပ်ကို ကျူးလွန်ခဲ့တာဖြစ်ကြောင်း NUG တာဝန်ရှိသူတွေက ပြောပါတယ်။ အဲဒီနောက်မှာ စစ်သား ၁၀၀ ခန့်ပါတဲ့ စစ်ကြောင်းတကြောင်းက နေအိမ်တွေကို ဖျက်ဆီးခဲ့သလို၊ လေကြောင်းကလည်း တိုက်ခိုက်ခဲ့ပါသေးတယ်။

အဆိုပါစစ်ကြောင်းဟာ အရပ်သားနေအိမ် တခုပြီးတခု ဝင်ရောက်ခဲ့ပြီး အနီးအနားရွာတွေကို ဝင်ရောက်စီးနင်းချိန်မှာ လူ ၆၀ ခန့်ကို လူသားဒိုင်းအဖြစ် ဖမ်းဆီးခေါ်ဆောင်သွားခဲ့ပြီး  ရာနဲ့ချီတဲ့အရပ်သားတွေထွက်ပြေးတိမ်းရှောင်ခဲ့ရပါတယ်။

(ဓာတ်ပုံ Depositphotos)

စစ်ရာဇဝတ်မှုတွေအတွက် တာဝန်ရှိတဲ့ စစ်ခေါင်းဆောင် မင်းအောင်လှိုင်နဲ့ စစ်ကောင်စီကို နိုင်ငံတကာက အရေးယူဖို့ NUG ကထပ်မံတောင်းဆိုတိုက်တွန်းထားပါတယ်။အဲဒီလိုမျိုးအစုအပြုံလိုက်သတ်ဖြတ်မှုတွေကျူးလွန်ပြီးပြစ်ဒဏ်ကင်းလွတ်ခွင့်ဆက်ရနေသေးရင်အဲဒီလိုနည်းနဲ့ကျူးလွန်မှုတွေဆက်လက်တိုးပွားလာလိမ့်မယ်လို့လည်းထပ်မံသတိပေးထားပါတယ်။

ဒါဟာ ဖြစ်သင့်တဲ့ အရာတခုလို့ ဆိုတာထက် ပိုပါတယ်။ အနောက်နိုင်ငံမီဒီယာတွေမှာ နေ့စဉ်ဖော်ပြနေတဲ့ အရှေ့အလယ်ပိုင်းနဲ့ ယူကရိန်းက စစ်ပွဲတွေအတွင်း ရက်စက်ကြမ်းကြုတ်မှုတွေအပေါ်  (နိုင်ငံတကာ) လူထုက ပြစ်တင်ရှုတ်ချနေကြနေပေမဲ့ မြန်မာပြည်က အဖြစ်ဆိုးတွေ ဒါမှမဟုတ် အာဆီယံရဲ့ ဘုံသဘောတူညီချက် ငါးရပ်လိုမျိုး ဒေသတွင်း မူဝါဒတွေ အလုပ်မဖြစ်နေတော့တဲ့အပေါ်တွေမှာတော့  စကားတခွန်းထွက်ဖို့တောင်အနိုင်နိုင်ဖြစ်နေတာပါ။

ဧပြီလတုန်းက မြန်မာပြည်ဆိုင်ရာ ကုလသမဂ္ဂ အထူးသံတမန်အဖြစ် ခန့်အပ်ခံခဲ့ရတဲ့ သြစတြေးလျ နိုင်ငံခြားရေးဝန်ကြီးဟောင်း ဂျူလီဘစ်ရှော့ဆီကတောင် အဲလိုစကားမျိုး သိပ်မကြားခဲ့ရပါဘူး။ သူမကို ခန့်အပ်ပြီး တလအကြာမှာပဲ ရခိုင်ပြည်နယ်က ဗျိုင်းဖြူရွာမှာ နှစ်ရက်အတွင်း လူ ၇၆ ဦး ညှဉ်းပန်းနှိပ်စက် သတ်ဖြတ်ခံခဲ့ရပါတယ်။

ပြီးခဲ့တဲ့ဇွန်လတုန်းကလည်း ရခိုင်ပြည်နယ်မှာ အရက်မူးနေတဲ့စစ်သားတွေက စစ်တပ်ရဲ့ အမိန့်နဲ့ကြောက်စရာကောင်းပြီး ယုတ်ညံ့တဲ့ညှင်းပန်းနှိပ်စက်မှုတွေ ကျူးလွန်ပြီး လူပေါင်း ၈၀ ကျော်ကို  အစုအပြုံလိုက် သတ်ဖြတ်ခဲ့တယ်လို့ အာရက္ခတပ်တော် (AA) က အခိုင်အမာ ပြောဆိုခဲ့ပါတယ်။  လွတ်လပ်တဲ့ မီဒီယာတွေနဲ့ NUG ကလည်းဒီဖြစ်ရပ်ဖြစ်ပွားခဲ့ကြောင်းထုတ်ပြန်ပြောဆိုခဲ့ကြပါတယ်။

ဇူလိုင်လနဲ့ သြဂုတ်လတွေအတွင်း ပေါ်ထွက်လာတဲ့ ရိုဟင်ဂျာတွေအပေါ် အစုလိုက်အပြုံလိုက် သတ်ဖြတ်ခဲ့တဲ့ကိစ္စတွေက လက်သည်တွေက အမျိုုးမျိုးကွဲပြားသလို BBC က သတင်းဖော်ပြထားတဲ့အတိုင်း အစီရင်ခံဖို့ ခက်ခဲပါတယ်။

အရင်တုန်းက ရိုဟင်ဂျာတွေသတ်ဖြတ်ခံရမှုနဲ့ပတ်သက်ပြီး စုံစမ်းစစ်ဆေးမှုတွေကို တိုးချဲ့ဖို့၊ လူ ၃၇ ဦး သေဆုံးခဲ့ရတဲ့ ပြီးခဲ့တဲ့နှစ် ဖေဖော်ဝါရီ ၂၈ နဲ့ မတ်လ ၂ ရက်နေ့က အစုအပြုံလိုက်သတ်ဖြတ်မှုတွေကိုပါ ထည့်သွင်းဖို့ နိုင်ငံတကာ ရာဇ၀တ်ခုံရုံး (ICC) ကိုတောင်းဆိုထားကြပါတယ်။

ယင်းဖြစ်ရပ်များအပြီးတစ်လအကြာမန္တလေးမြို့အနောက်ဘက်ပဇီကြီးရွာမှာလည်းစစ်ကောင်စီလေတပ်ရဲ့ဗုံးကြဲတိုက်ခိုက်မှုကြောင့်လူ၁၆၅ဦးသေဆုံးခဲ့ရပါတယ်။

စစ်တပ်ကြောင့်အရပ်သားသေဆုံးမှုစာရင်းတွေကိုပြုစုထားတဲ့ဉာဏ်လင်းသစ်သုတေသီအဖွဲ့ကလည်းစစ်ကောင်စီအာဏာသိမ်းခဲ့တဲ့၂၀၂၁ဖေဖော်ဝါရီလကနေ၂၀၂၃ဒီဇင်ဘာလအတွင်းစစ်တပ်ကကျူးလွန်တဲ့အစုအပြုံလိုက်သတ်ဖြတ်မှုပေါင်း၂၁၀ထဲမှာလူပေါင်း၂၀၀၀ကျော်သေဆုံးခဲ့ရတယ်လို့ဖော်ပြထားပါတယ်။

စစ်တပ်ဟာ လူမျိုးစုလက်နက်ကိုင်အဖွဲ့တွေနဲ့ PDF တွေထံမှာနိုင်ငံရဲ့နယ်မြေထိန်းချုပ်မှုအမြောက်အမြားဆုံးရှုံးခဲ့ရပေမဲ့အကျိုးစီးပွားအခြေခံတဲ့ပြင်ပကသူတွေကတော့စစ်တပ်နဲ့နိုင်ငံရေးဆွေးနွေးမှုတွေဆက်လက်လုပ်ဆောင်ဖို့တောင်းဆိုနေဆဲဖြစ်ပြီးတော်လှန်ရေးအင်အားစုတွေကတော့လျစ်လျူရှုထားကြပါတယ်။

မင်းအောင်လှိုင်အနေနဲ့နိုဝင်ဘာပထမအပတ်ထဲမှာတရုတ်ကိုသွားဖို့ရှိပြီးလာမဲ့နှစ်မှာလုပ်ဖို့ကတိပြုထားတဲ့တရုတ်ထောက်ခံတဲ့ရွေးကောက်ပွဲအတွက်တရုတ်ဝန်ကြီးချုပ်လီကျင်းနဲ့ဆွေးနွေးဖို့ရှိနိုင်ပါတယ်။စစ်မှန်တဲ့ရွေးကောက်ပွဲတခုဖြစ်မဲ့အလားအလာမရှိသလို၊ဒါဟာထောင်ပေါင်းများစွာသောစစ်ဘေးဒုက္ခသည်တွေကိုစော်ကားလိုက်ခြင်းလည်းဖြစ်ပါတယ်။

ကုလသမဂ္ဂအထူးကိုယ်စားလှယ်က သူမရဲ့ လုပ်ပိုင်ခွင့်နဲ့ပတ်သက်ပြီး ပြောခဲ့တဲ့ စကားအနည်းငယ်ထဲမှာ မြန်မာပြည်အရေး မှန်မှန်ကန်ကန် ကိုင်တွယ်ဖြေရှင်းနိုင်ဖို့ သဘောတူညီချက်ရအောင် သူမအနေနဲ့ တရုတ်နဲ့ အာဆီယံတို့နဲ့ ပိုမို ပူးပေါင်းဆောင်ရွက်ပြီး အနီးကပ် ဆက်ဆံရေးကို ထိန်းသိမ်းသွားဖို့ ဆန္ဒရှိကြောင်း ပါရှိပါတယ်။ သူမအနေနဲ့ သိထားရမှာက အဲဒီလိုမျိုး ကိစ္စက (မြန်မာ့အရေးဖြေရှင်းဖို့) အလုပ်ဖြစ်မှာမဟုတ်သလိုအစုလိုက်အပြုံလိုက်သတ်ဖြတ်မှုတွေပဲဆက်ဖြစ်သွားနိုင်တယ်ဆိုတာပါပဲ။

***

(The Diplomat မဂ္ဂဇင်းပါ ဆောင်းပါးရှင် Luke Hunt ရဲ့Massacres of Civilians Are Becoming a Tragic Norm in Myanmarဆောင်းပါးကို ဆီလျှော်အောင် ဘာသာပြန်ဆိုထားခြင်း ဖြစ်ပါတယ်။)

0 Shares:
You May Also Like
Read More

ရုန်းနိုင်မှ သေဘေးက လွတ်မြောက်မည့် စစ်မှုထမ်းတပ်သားများ

ကရင်နီ၊ ရခိုင်နဲ့ အညာစစ်မျက်နှာတွေမှာ စစ်မှုထမ်းတပ်သားသစ် သေဆုံးမှုတွေ ဆက်တိုက်ရှိလာပြီးတဲ့နောက် စစ်ကောင်စီတပ်ရဲ့ လက်အောက်ကနေ လူငယ်တွေလွတ်မြောက်ဖို့ ကြိုးစားသင့်တယ်လို့ နိုင်ငံရေးအင်အားစုတွေက ဆက်တိုက် တိုက်တွန်းလာနေပါတယ်။
Read More

စစ်တပ်ထဲတွင် ဆေးသုံးထားပြီး ထမင်းမကျွေးရင် မစားသူ၊ တစ်ယောက်တည်း စကားပြောနေသူ၊ ရယ်နေသူ၊ ငိုနေသူများ တွေ့ခဲ့ကြောင်း ထွက်ပြေးလွတ်မြောက်လာသည့် စစ်မှုထမ်းတပ်သား ပြော

အကြမ်းဖက်စစ်တပ်ထဲမှာ ဆေးကြောင်နေသူတွေ၊ အဘိုးအိုတွေ၊ ပညာမဲ့တွေနဲ့အတူ အထက်အောက် ဖိနှိပ်အနိုင်ကျင့်မှုတွေ ကြုံခဲ့ရတဲ့အကြောင်း စစ်တပ်ကနေ ထွက်ပြေးလွတ်မြောက်လာတဲ့ စစ်မှုထမ်းတပ်သား ကိုအောင်ကိုကိုဟိန်းက ပြောပါတယ်။
Read More

အာဏာရှင်များနှင့် လက်ဝေခံများ ကြိုဆိုသည့် လွတ်လပ်တဲ့ သတင်းမီဒီယာများ ပိတ်ပင်ခံရမှု

လွတ်လပ်တဲ့အာရှအသံ (RFA) အပါအဝင် အမေရိကန်က ထောက်ပံ့ပေးထားတဲ့ အသံလွှင့်ဌာနတချို့အပေါ် သမ္မတ ဒေါ်နယ်ထရမ့်ရဲ့ ဖက်ဒရယ်ရန်ပုံငွေ ဖြတ်တောက်မှု ဆုံးဖြတ်ချက်ကို ထောက်ခံကြောင်း အတိုက်အခံတွေကို ရန်လိုဖိနှိပ်ဖြိုခွင်းခဲ့တဲ့ ကမ္ဘောဒီးယား ဝန်ကြီးချုပ်ဟောင်း ဟွန်ဆန်က (မတ်လ ၁၇ ရက်) မှာ ပြောခဲ့ပါတယ်။ 
Read More

တစ်နိုင်ငံလုံးမှာ စစ်ကောင်စီက အခြေစိုက်စခန်း ၃၅၀ ကျော် လက်လွှတ်ဆုတ်ခွာထားရ

စစ်အာဏာသိမ်းမှု (၃) နှစ်ကျော်ကာလအတွင်း စစ်ကောင်စီအခြေစိုက်စခန်းပေါင်း ၃၅၀ ကျော်လောက်ဟာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေရဲ့ ထိုးစစ်ကြောင့် ဆုတ်ခွာခဲ့ရတယ်လို့  ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေရဲ့ ထုတ်ပြန်ချက်တွေကို လွတ်လပ်တဲ့ အရပ်ဘက်အဖွဲ့အစည်းတွေက သုတေသနပြုလုပ်ပြီး ပြန်လည်ထုတ်ပြန်ပါတယ်။ 
Read More

ထိုင်းက ရွှေ့ပြောင်းအလုပ်သမားတွေအတွက် လာမယ့်လမှာ CI စင်တာ ဖွင့်လှစ်မယ်

ထိုင်းက ရွှေ့ပြောင်းအလုပ်သမားတွေကို သက်သေခံအချက်အလက်တွေ ထုတ်ပေးဖို့နဲ့ စီးပွားရေးတည်ငြိမ်မှုအတွက် ရည်ရွယ်ပြီး အလုပ်သမားဝန်ကြီးဌာနအနေနဲ့ ထိုင်းနိုင်ငံ စမွတ်စခွန်မှာ မည်သူမည်ဝါဖြစ်ကြောင်း သက်သေခံလက်မှတ် (CI) စင်တာအသစ်တစ်ခုကို နိုဝင်ဘာလမှာ ဖွင့်လှစ်သွားမယ်လို့ ထိုင်းသတင်းတွေမှာ ဖော်ပြထားပါတယ်။
Read More

တရုတ်အနေနှင့် ဖိအားပေးနိုင်သော်လည်း မြန်မာ့အနာဂတ်ကို ဆုံးဖြတ်နိုင်မည် မဟုတ်၊ နိုင်ငံရေးမဟာမိတ်စည်းလုံးမှုနဲ့ တော်လှန်ရေးစိတ်ဓာတ်ကို အတူတကွ ဆုပ်ကိုင်ထားခြင်းဖြင့် ပြည်ပဝင်ရောက်စွက်ဖက်မှုကို ခံနိုင်ရည်ရှိမှာဖြစ်တယ်

တရုတ်ရဲ့ သိသာထင်ရှားလွန်းတဲ့ ဖိအားတွေကြောင့် လားရှိုးမြို့ကနေပြီး MNDAA တပ်ဖွဲ့တွေ အဓမ္မဆုတ်ခွာလိုက်ရတာဟာ တော်လှန်ရေးအတွက် ဆုတ်ယုတ်မှုတခုဖြစ်ပြီး စိတ်ပျက်စရာကောင်းတာကတော့ အမှန်ပါပဲ၊ ဒါပေမဲ့ ဒါကို အချိုးအကွေ့တခုအဖြစ် မြင်ဖို့မသင့်ပါဘူး။