ဖာပွန်မြို့နယ်အတွင်းက စစ်ကောင်စီရဲ့ ခေါပုတ်တပ်စခန်းကို တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့ သိမ်းပိုက်ရရှိခဲ့မှုအတွကိ ပြည်သူ့ကာကွယ်ရေးတပ်မတော် တောင်ပိုင်းစစ်ဒေသက အသိပေးထုတ်ပြန်ပါတယ်။

အောက်တိုဘာလ ၂၉ရက်နေ့တုန်းက ခေါပုတ်စခန်း သိမ်းပိုက်ရရှိခဲ့မှုကို ဒီနေ့ နို၀င်ဘာလ ၁ရက်နေ့မှာ တောင်ပိုင်းစစ်ဒေသက တရား၀င်ထုတ်ပြန်လိုက်တာပါ။

စစ်ကောင်စီအင်အား ၂၀၀ လောက်ရှိတဲ့ ခေါပုတ်စခန်းဟာ ကရင်ပြည်နယ် ဖာပွန်မြို့နယ်မှာ တည်ရှိပြီး  ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) KNLA ပူးပေါင်းတပ်ဖွဲ့တို့က အောက်တိုဘာ ၂၄ ရက်ကစတင်ပြီး ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ရာ အောက်တိုဘာ ၂၉ ရက်နေ့မှာ အပြီးသတ် စခန်းသိမ်းနိုင်ခဲ့ပြီး လက်နက်ခဲယမ်းများစွာကို သိမ်းဆည်းရရှိခဲ့တယ်လို့ ဖော်ပြထားပါတယ်။

စခန်းသိမ်းတိုက်ပွဲအတွင်း စစ်ကောင်စီဒဏ်ရာရသေဆုံးမှု များပြားပြီး စခန်းစွန့်ခွါထွက်ပြေးသူတွေလည်း ရှိပေမယ့် တချို့ကို တော်လှန်ရေးပူးပေါင်းအဖွဲ့က နယ်မြေရှင်းလင်းရေးလုပ်ဆောင်ချိန်မှာ ပြန်လည်ဖမ်းဆီးရမိခဲ့တယ်လို့ ဆိုပါတယ်။

ခေါပုတ်စခန်းဟာ နယ်စပ်တလျှောက် အဓိကကျတဲ့ စခန်းတစ်ခုဖြစ်လို့ စစ်ကောင်စီအတွက် ကြီးမားတဲ့ ဆုံးရှုံးမှုဖြစ်ပြီး လက်ရှိအချိန်မှာ ဖာပွန်က စစ်ကောင်စီတပ်ရင်းဌာနချုပ်တချို့ကို တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့က သိမ်းပိုက် ထိန်းချုပ်ထားပြီးဖြစ်တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

0 Shares:
You May Also Like
Read More

ထားဝယ်အခြေစိုက် စစ်ကောင်စီတပ်က ဒုတပ်ကြပ်တစ်ဦး လက်နက်ခဲယမ်းများနှင့်အတူ အလင်းဝင်လာ…

တနင်္သာရီတိုင်း၊ ထားဝယ်မြို့နယ်အခြေစိုက် အကြမ်းဖက်စစ်ကောင်စီရဲ့ ခလရ (၂၇၃)တပ်ရင်းက ဒုတပ်ကြပ်တစ်ယောက် လက်နက်ခဲယမ်းတွေနဲ့အတူ အလင်းဝင်လာတယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ မြိတ်ခရိုင် တပ်ရင်း (၂) က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

KNDF ရဲ့ အမှတ် (၄) စစ်နည်းဗျူဟာသင်တန်း ရဲဘော်များ (ဓာတ်ပုံသတင်း)

ကရင်နီအမျိုးသားများကာကွယ်ရေးတပ် KNDF ရဲ့ အမှတ် (၄) စစ်နည်း ဗျူဟာ သင်တန်းက ရဲဘော်ရဲမေတွေရဲ့ ပုံရိပ်တွေကို KNDF တပ်ရင်းအမှတ် ၅ က ဒီဇင်ဘာ ၅ ရက် ဒီနေ့မှာ ထုတ်ပြန်ဖော်ပြထားပါတယ်။
Read More

ဆားလင်းကြီး၊ ထန်းပုရွာ ဘုန်းကြီးကျောင်းကို စစ်တပ် စက်တပ်လေထီးဖြင့် ဗုံးကြဲ၊ ပြည်သူ ၁ ဦး သေဆုံးပြီး ၃ ဦး ဒဏ်ရာရ

စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်၊ ထန်းပုရွာရှိ ဘုန်းကြီးကျောင်းကို စစ်ကော်မရှင်တပ်က စက်တပ်လေထီးနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် ပြည်သူ ၁ ယောက် သေဆုံးပြီး ၃ ယောက် ထိမှန်ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေထံက သိရပါတယ်။
Read More

နတ်မြစ်အတွင်း ရေကြောင်းခရီးသွားလာမှုကို AA အကန့်အသတ်မရှိ ပိတ်၊ လက်ကျန်စစ်ကောင်စီတပ်ဖွဲ့၀င်များအား ရှာဖွေရှင်းလင်းနေ

စစ်ကောင်စီကို ပိတ်ဆို့တိုက်ခိုက်နိုင်ဖို့ ရခိုင်ပြည်နယ်က နတ်မြစ်အတွင်း ရေကြောင်းခရီးသွားလာမှုတွေကို အချိန်ကာလ အကန့်အသတ်မရှိ ပိတ်ပင် တားမြစ်လိုက်တယ်လို့ AA ကထုတ်ပြန်ပါတယ်။
Read More

စစ်ကောင်စီက အရပ်သားတွေကို တိုက်ရိုက်တိုက်ခိုက်နေလို့ လက်တုံ့ပြန်တိုက်ခိုက်တော့မယ်လို့ CNDF ဆို

အပြစ်မဲ့ အရပ်သားတွေ ထိခိုက်သေဆုံးရတာများလာလို့  စစ်ကောင်စီရဲ့ တိုက်ခိုက်မှုတွေကို တန်ပြန်တိုက်ခိုက်တော့မယ်လို့ ချင်းအမျိုးသားအဖွဲ့ချုပ် (CNO/CNDF) က အသိပေးပြောဆိုလိုက်ပါတယ်။
Read More

အာဏာသိမ်းစမှ ယနေ့အထိ စစ်အုပ်စုကြောင့် ဒီမိုကရေစီအရေး လှုပ်ရှားသူနှင့် ပြည်သူစုစုပေါင်း ၇ ထောင်ကျော် သေဆုံးခဲ့ 

မင်းအောင်လှိုင် ဦးဆောင်တဲ့ စစ်အုပ်စု အာဏာသိမ်းမှု အစကနေ ဒီနေ့အချိန်ထိ အကြမ်းဖက်စစ်အုပ်စုနဲ့ သူ့လက်ပါးစေတွေကြောင့် နွေဦးတော်လှန်ရေးကာလအတွင်း သေဆုံးခဲ့ရတဲ့ ဒီမိုကရေစီအရေး လှုပ်ရှားသူတွေနဲ့ ပြည်သူတွေ စုစုပေါင်း (၇၁၁၇) ယောက် ရှိခဲ့ပြီလို့ နိုင်ငံရေးအကျဥ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) က ဒီနေ့ ထုတ်ပြန်ပါတယ်။