စစ်ကောင်စီဟာ သူတို့ကို ထောက်ခံတဲ့ အနုပညာရှင်တွေကို နောက်ကွယ်ကနေ ငွေကြေးထောက်ပံ့နေပြီး ပြည်သူတွေကို တော်လှန်ရေးအဖွဲ့တွေနဲ့ သွေးခွဲဖို့ လုပ်ဆောင်မှုတွေ ရှိနေကြောင်း တော်လှန်အနုပညာရှင်တွေက ပြောပါတယ်။

အထူးသဖြင့် အရည်အသွေးနိမ့် ရုပ်ရှင်ကြီးတွေနဲ့ ဇာတ်လမ်းတွေ ရိုက်ကူးနိုင်ဖို့ စစ်ကောင်စီက နောက်ကွယ်ကနေ  ငွေကြေးထောက်ပံ့မှုတွေပြုလုပ်ပြီး မြို့ပေါ်နေ ပြည်သူတွေ တော်လှန်ရေးကိုမေ့လျော့ကာ ပုံမှန်ဘ၀တွေထဲ ပြန်လည် ရောက်ရှိအောင်  ပြည်တွင်းအနုပညာရှင်တွေကို အသုံးချ လုပ်ဆောင်နေတယ်လို့  By The Way အစီအစဉ်မှာ တော်လှန်အနုပညာရှင် အောင်မြင့်မြတ်က ပြောပါတယ်။

အာဏာမသိမ်းခင်ကတည်းက စစ်တပ်အတွက် ဝါဒဖြန့် သီချင်းရေးသား သီဆိုကာ MV ရိုက်ကူးခဲ့သူ ယုန်လေးပါဝင်သရုပ်ဆောင်ထားတဲ့ အဆင့်နိမ့်မြန်မာ့ရုပ်ရှင်တစ်ခု

ကျနော်တို့ သိထားရတဲ့ သတင်းတွေအရ ရုံကြီးတစ်ကားရိုက်မယ်ဆိုရင် သိန်းတစ်ထောင် ထုတ်ပေးနေတာမျိုးတွေရှိတယ်။ မင်းအောင်လှိုင် သမီး 7 sense လိုဟာမျိုးတွေက အဓိက လုပ်လာတာတွေရှိတယ်

စစ်ကောင်စီရဲ့ ရည်ရွယ်ချက်ဟာ မြို့ပေါ်နေ ပြည်သူတွေကို ပုံမှန်ဘ၀ထဲ ပြန်လည်ရောက်ရှိပြီး စစ်အာဏာသိမ်းထားမှုကို မေ့လျော့အောင် ရည်ရွယ်ချက်ရှိရှိလုပ်ဆောင်လာတာလို့ တော်လှန်အနုပညာရှင် ဒေါင်းကလည်း ပြောဆိုပါတယ်။

စစ်ကောင်စီဟာ သူတို့လိုရာကို ဝါဒဖြန့်ဖို့ အာဏာမသိမ်းခင်က စစ်တပ်ထောက်ခံတဲ့ အဆိုတော်ယုန်လေးကို ငါတို့အားလုံးစည်းလုံးကြစို့ ဆိုတဲ့သီချင်းကို ရိုက်ကူးဖို့ သိန်းထောင်နဲ့ချီ နောက်ကွယ်ကနေ ထောက်ပံ့ခဲ့တယ်လို့ သိရပါတယ်။

အဲ့ဒီ Music Video မှာ နိုင်ငံတော်ရဲ့အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်ကို လုပ်ကြံသတ်ဖြတ်စဉ် စစ်တပ်က လာရောက်ကယ်တင်တဲ့ ဇာတ်ဝင်ခန်းကိုရည်ရွယ်ချက်ရှိရှိ ထည့်သွင်းရိုက်ကူးပြီး ဝါဒဖြန့်ခဲ့လို့ ပြည်သူတွေအကြား ဝေဖန်မှုတွေ မြင့်တက်ခဲ့ပါသေးတယ်။

ဟိန္ဒူဘာသာဝင်တွေကို လှောင်ပြောင်ထားတဲ့ အသုံးအနှုန်းတွေပါဝင်နေတဲ့ ရုပ်ရှင်ဇာတ်ကား၏ ပိုစတာ

စစ်အာဏာသိမ်းပြီးနောက်ပိုင်း ရုပ်ရှင်ရုံတွေမှာ သွားရောက်ကြည့်ရှုသူ မရှိသလောက် နည်းပါးခဲ့ပေမယ့် ၂၀၂၃ ခုနှစ်လောက်က စတင်ပြီး ရုပ်ရှင်ရုံတွေမှာလူပြန်ပြည့်လာသလို အရည်အသွေးနိမ့် မြန်မာဟာသကားတွေကို နေ့စဉ်ပြသနေတယ်လို့ တော်လှန်အနုပညာရှင်တွေက ဆိုပါတယ်။

ဒါ့အပြင် စစ်ကောင်စီကို အားပေးထောက်ခံတဲ့ အနုပညာရှင်တချို့က ရေဘေးကူညီမှုလို ပရဟိတလုပ်ငန်းတွေမှာ  ဆိုရှယ်မီဒီယာကို ခုတုံးလုပ်ပြီး ဝါဒဖြန့်တာမျိုးတွေလည်း သတိပြုဖို့ လိုတယ်လို့ တော်လှန်အနုပညာရှင်တွေက ဆိုပါတယ်။

ပြီးခဲ့တဲ့ရက်ပိုင်းကလည်း ဟိန္ဒူဘာသာဝင်တွေကို ပြက်ရယ်ပြုလှောင်ပြောင်ထားတဲ့ မြန်မာရုပ်ရှင်ဇာတ်ကား ရုံတင်ပြသခြင်း ကန့်ကွက်ခဲ့သူကို စစ်ကောင်စီက ဖမ်းဆီးထိန်းသိမ်းထားပါတယ်။

ဒါ့အပြင် စစ်ကောင်စီကို အလွန်အကျွံ အားပေးထောက်ခံတဲ့ အဆိုတော်ယုန်လေးရိုက်ကူးတဲ့ အော်ရဂျင်နယ်ဂန်းစတားရုပ်ရှင်ကို လာရောက်ကြည့်ရှုဖို့ လူမိုက် (ပျူစောထီး) တွေကို အသုံးပြုတာမျိုးတွေလည်း လုပ်ဆောင်ခဲ့ပါသေးတယ်။

0 Shares:
You May Also Like
Read More

တစ်နိုင်ငံလုံးကို စစ်ထောင်ချလိုက်တာ … စစ်မှုထမ်း မတရားဥပဒေနဲ့ သူတို့ အသက်ဆက်ဖို့ကြံတာ

စစ်ကောင်စီဟာ အသက် ၁၈ နှစ်ကနေ အသက် ၃၅ နှစ်အတွင်း အရွယ်ရောက်ပြီးသား မြန်မာနိုင်ငံသားအားလုံး စစ်မှုထမ်းဆောင်ရမယ်ဆိုတဲ့ မတရားဥပဒေတစ်ခုကို ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလအတွင်းက ပြဋ္ဌာန်းအသက်သွင်းခဲ့တာဟာ စစ်မှုထမ်း အပတ်စဉ် (၉) အထိကို ရောက်ရှိလာခဲ့ပါပြီ။ 
Read More

မင်းအောင်လှိုင် နှင့်သူ၏ တောင်စဥ်ရေမရ စီမံကိန်းများ

အကြမ်းဖက်စစ်ခေါင်းဆောင် မင်းအောင်လှိုင်ဟာ လက်တွေ့ ဖြစ်နိုင်ခြင်းမရှိတဲ့ စီမံကိန်းတွေ လုပ်ဆောင်ဖို့ မကြာခဏ တွန်းအားပေး ပြောဆိုလေ့ရှိပါတယ်။ 
Read More

ပြည်သူလူထု၏ လမ်းညွှန်မှုဖြင့် စုဖွဲ့ပေါ်ပေါက်လာသည့် နွေဦးတော်လှန်ရေးမဟာမိတ်တပ်ပေါင်းစု

လက်ရှိမှာ တော်လှန်ရေးအဖွဲ့ ၁၉ ဖွဲ့ စုဖွဲ့ပါဝင်ထားတဲ့ နွေဦးတော်လှန်ရေး မဟာမိတ်တပ်ပေါင်းစု (Spring Revolution Alliance-SRA) ဟာ ပြည်သူတွေရဲ့ တိုက်တွန်းလမ်းညွှန်မှုတွေကြောင့် စုဖွဲ့နိုင်ခဲ့တာဖြစ်တယ်လို့ SRA ထဲမှာ ပါဝင်တဲ့ ကျောင်းသားလက်ရုံးတပ်တော်ရဲ့ ဒုဥက္ကဌ (၁) ကိုမင်းဟန်ထက်က မောင်းကို ပြောပါတယ်။
Read More

ကလေးတပ်သားများ MBT တကယ်ပဲ လက်ခံထားတာလား

မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်အခြေစိုက် တော်လှန်ရေးတပ်ဖွဲ့ဖြစ်တဲ့ Myingyan Black Tiger (MBT) တပ်ဖွဲ့ကနေ အသက်မပြည့်သေးတဲ့ ကလေးတွေကို PDF အဖြစ် လက်ခံပြီး စစ်သင်တန်း လေ့ကျင့်သင်ကြားပေးမှုတွေ ရှိနေတယ်လို့ MBT တပ်ဖွဲ့ထဲကို ရောက်ရှိနေတဲ့ ကလေးတွေရဲ့ မိဘတွေထံက သိရပါတယ်။
Read More

စိတ်ဖြောင့်ဖြောင့် ခရီးမသွားလာရဲတော့သည့် စစ်ကောင်စီအရာရှိများ

အာဏာသိမ်းစစ်ကောင်စီကို ဆန့်ကျင်တိုက်ခိုက်နေတဲ့ တော်လှန်ရေးတပ်တွေဟာ မြန်မာနိုင်ငံရဲ့ နေရာဒေသအသီးသီးမှာ တိုက်ပွဲတွေ ဆင်နွှဲနေကြတာ ၄ နှစ် ပြည့်မြောက်တော့မှာပဲ ဖြစ်ပါတယ်။ 
Read More

Simple စစ်ကောင်စီရဲ့ အတုအယောင် ရွေးကောက်ပွဲလှည့်ကွက်ထဲ မကျရောက်မိပါစေနဲ့Blog

နိုင်ငံအနှံ့စစ်ရေးအရှိန်မြင့်တက်နေချိန်မှာ အာဏာသိမ်း မြန်မာစစ်ကောင်စီက လာမယ့် ၂၀၂၅ ခုနှစ် နိုဝင်ဘာလမှာ ရွေးကောက်ပွဲ ကျင်းပဖို့ စီစဉ်နေတယ်လို့ သိရပါတယ်။ နိုင်ငံတကာ အသိုင်းအဝိုင်းအနေနဲ့ ဒီကိစ္စကို မထောက်ခံသင့်ပါဘူး။