တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင်မှာ စစ်ကောင်စီရဲ့ခမရ ၄၀၅ တပ်ရင်းနဲ့ အစိုးရရုံးတွေကို ဒရုန်းနဲ့ဗုံးကြဲတိုက်ခိုက်ရာ အရာခံဗိုလ်နဲ့ တပ်ကြပ်တို့သေပြီး ထိခိုက်ဒဏ်ရာရရှိသူ ၁၀ယောက်နဲ့အထက် ရှိခဲ့တယ်လို့ Sky Ghost Drone Force အဖွဲ့က ထုတ်ပြန်ပါတယ်။

အောက်တိုဘာ ၁၅ရက်၊ မနက်အစောပိုင်းက တနင်္သာရီတိုင်း၊ ထားဝယ်မြို့နယ်မှာရှိတဲ့ အကြမ်းဖက်အစိုးရအဖွဲ့ရုံးကို ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့သလို ညနေပိုင်းမှာလည်း တနင်္သာရီတိုင်း ရင်းနှီးမြုပ်နှံမှူနှင့် ကုမ္ပဏီများညွှန်ကြားမှု ဦးစီးဌာနရုံးကို ထပ်ပြီး တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

အောက်တိုဘာ ၂၇ရက်မှာလည်း သရက်ချောင်းမြို့နယ်ထဲက ခမရ ၄၀၅ တပ်ရင်းကို ထပ်မံတိုက်ခိုက်ခဲ့ပြီး ဒီတိုက်ခိုက်မှုမှာ အရာရှိနဲ့ တပ်ကြပ်တို့ သေဆုံးကာ ကျန်တဲ့တပ်သားတွေလည်း ထိခိုက်ဒဏ်ရာရခဲ့တာ ဖြစ်ပါတယ်။

Sky Ghost Drone Force အဖွဲ့ဟာ ထားဝယ်ခရိုင် ဒရုန်းစစ်ဆင်ရေးအဖွဲ့တွေနဲ့အတူ အခုနှစ် အောက်တိုဘာလအတွင်း ထားဝယ်ခရိုင်ထဲက ထားဝယ်၊ လောင်းလုံး၊ သရက်ချောင်း၊ ရေဖြူ စတဲ့မြို့နယ်လေးခုမှာ စစ်ကောင်စီယန္တရားလည်ပတ်ရာ အဆောက်အအုံတွေနဲ့ ကျောထောက်နောက်ခံ တပ်ရင်းတပ်ဖွဲ့တွေကို စစ်ရေးပစ်မှတ်အဖြစ် အဓိကထား တိုက်ခိုက်ခဲ့တယ်လို့ ဆိုထားပါတယ်။

0 Shares:
You May Also Like
Read More

ပေါင်းတလည်မှာ အုပ်ချုပ်ရေးမှူးနဲ့ ရာအိမ်မှူး ဒလန်လင်မယားကို ပစ်ခတ်ရှင်းလင်း

ပဲခူးတိုင်း၊ ပြည်ခရိုင်၊ ပေါင်းတလည်မြို့၊ အုပ်ဆွဲအုပ်စု၊ ရေကြည်ကုန်းရွာက ရာအိမ်မှူး ဒလန်လင်မယားကို ပစ်ခတ်ရှင်းလင်းခဲ့တယ်လို့ ၃၆၀၁ PPDFတပ်ရင်းက သတင်းထုတ်ပြန်လာပါတယ်။ 
Read More

တရုတ်နိုင်ငံကြက်ခြေနီအသင်း၏ ထောက်ပံ့ရေးပစ္စည်းများ သယ်ဆောင်လာသည့် ယာဉ်(၉)စီးကို စစ်ကောင်စီတပ် ပစ်ခတ်

တရုတ်နိုင်ငံကြက်ခြေနီအသင်းရဲ့ မြန်မာနိုင်ငံ ငလျင်ဘေးသင့်ပြည်သူတွေအတွက် ထောက်ပံ့ရေးပစ္စည်းတွေ သယ်ဆောင်လာတဲ့ ယာဉ်(၉)စီးကို အကြမ်းဖက်စစ်ကောင်စီတပ်က စက်လတ်သေနတ်နဲ့ ပစ်ခတ်ခဲ့တယ်လို့ တအာင်းတပ်မတော် TNLA က ထုတ်ပြန်ထားပါတယ်။
Read More

စစ်အာဏာရှင်စနစ် အမြစ်ပြတ်ရေးအတွက် “တစ်ခုတည်းသော ဗဟိုကွပ်ကဲမှု” အောက်တွင် စုစည်းရန် KIO နှင့် NUG ခေါင်းဆောင်များ တိုက်တွန်း

စစ်အာဏာရှင်စနစ်နဲ့ လူမျိုးကြီးဝါဒ အမြစ်ပြတ်ချေမှုန်းနိုင်ဖို့အတွက် တော်လှန်ရေးအင်အားစုအားလုံး တစ်ခုတည်းသော ဗဟိုအမိန့်ပေးကွပ်ကဲမှုအောက်မှာ စုစည်းညီညွတ်ကြဖို့ ကချင်လွတ်လပ်ရေးအဖွဲ့ (KIO) နဲ့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ခေါင်းဆောင်တွေက ၂၀၂၆ ခုနှစ်၊ နှစ်သစ်ကူးမိန့်ခွန်းတွေက တဆင့်တိုက်တွန်းပြောဆိုလိုက်ပါတယ်။
Read More

၁၀၂၇ စစ်ဆင်ရေးအတွင်း စစ်ရှောင်ခဲ့ရတဲ့ မိုးကုတ်မြို့နယ်က ပြည်သူတွေကို MDY-PDF က ဆန်အိတ် ၅၀၀ နဲ့ ငွေကျပ်သိန်း ၁၅၀ မတည်လှူဒါန်း

ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး) အနေနဲ့ “၁၀၂၇ စစ်ဆင်ရေး”အတွင်း စစ်ဘေးရှောင်ခဲ့ရတဲ့ မိုးကုတ်မြို့နယ်က ကျေးရွာတွေကို ဆန်အိတ်အပိုင်း (၅၀၀) နဲ့ ငွေသား ကျပ်သိန်း(၁၅၀) မတည် လှူဒါန်းခဲ့တယ်လို့ သိရပါတယ်။
Read More

ကျောက်ထုတွင် စစ်ရှောင်စခန်း ၂ ခုကို  အကြမ်းဖက်စစ်တပ် ဗုံးကြဲတိုက်ခိုက်ရာ စစ်ရှောင်သက်ကြီးပိုင်းအမျိုးသား ၁ ဦး သေဆုံးပြီး ၃ ဦး ဒဏ်ရာရ 

မကွေးတိုင်း၊ ဆောမြို့နယ်၊ ကျောက်ထု တိုက်နယ်အတွင်း စစ်ရှောင်စခန်း နေရာတွေကို စစ်အုပ်စုက ဒီနေ့ ဇန်နဝါရီလ ၂၀ ရက် ညနေပိုင်းမှာ လေယာဥ်နဲ့ ဗုံးကြဲ တိုက်ခိုက်ခဲ့တဲ့အတွက် အသက် ၆၀ ကျော်အရွယ် အမျိုးသားတယောက် သေဆုံးပြီး ၃ ယောက် ဒဏ်ရာ ရထားတယ်လို့ ယောအလင်းတန်းအဖွဲ့ဝင် ကိုရောင်နီက မောင်းကို ပြောပါတယ်။
Read More

စျေးသည်တွေကို ဖိနှိပ်ဆက်ဆံတဲ့ တာမွေစည်ပင်ရုံး လက်ပစ်ဗုံးနဲ့ပစ်ခံရ

ရန်ကုန်တိုင်း၊ တာမွေမြို့နယ်က စည်ပင်သာယာအုပ်ချုပ်ရေးမှူးရုံး လက်ပစ်ဗုံးပစ် တိုက်ခိုက်ခံရပြီး Non CDM ဝန်ထမ်းတွေ ထိခိုက်သွားကြောင်း သိရပါတယ်​။