စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြိုနယ်မှာ အကြမ်းဖက်စစ်အုပ်စုက ကျေးရွာ၂ရွာကို ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်ရင်း မီးရှိခဲ့တဲ့အတွက် ပညာရေး၊ ဘာသာရေးအဆောက်အအုံတွေနဲ့ အရပ်သားနေအိမ် ၇၀၀ နီးပါး ပျက်စီးဆုံးရှုးခဲ့ရတယ်လို ကန့်ဘလူ- ကျွန်းလှ တက်ကြွလှုပ်ရှားသူများအဖွဲက ပြောပါတယ်။

အောက်တိုဘာ ၃၀ ရက်၊ နေ့လည်ပိုင်းက ကန့်ဘလူမြိုနယ်၊ ကာဘိုးတိုက်နယ်ထဲမှာရှိတဲ့ ကျီစုရွာနဲ့ ကျောက်တိုင်ရွာ ကို ကာဘိုးရွာ ပျူအထိုင်စခန်းကနေ ထွက်လာတဲ့ စစ်သားနဲ့ ပျူအင်အား ၁၆၀လောက်က ဒရုန်းတွေနဲ့ပစ်ခတ်ရင်း ဝင်ရောက်မီးရှိခဲ့တယ်လို သိရပါတယ်။

အကြမ်းဖက်စစ်အုပ်စုရဲ့ဖျက်ဆီးမှုကြောင့် ကျီစုရွာဘုန်းကြီးကျောင်း ၂ကျောင်း၊ ပြည်သူပိုင်နေအိမ် အလုံး(၄၀၀) နဲ့ ကျောက်တိုင်ရွာက ဘုန်းကြီးကျောင်း(မြောက်) ၁ကျောင်း၊ စာသင်ဆောင်၁ဆောင်နဲ့ ပြည်သူပိုင်နေအိမ် အလုံး ၃၀၀နီးပါး ပျက်ဆီးဆုံးရှုးခဲ့တယ်လို သိရပါတယ်။

အဲ့ဒီနေ့ နေ့လည်ပိုင်းမှာပဲ ကျောက်တိုင်၊ ကျီစုနဲ့ အိုင်ပေါင်းချောင် စတဲ့ရွာတွေကို အကြမ်းဖက်စစ်အုပ်စုက ဒရုန်းနဲ့ ဗုံးသီး ၁၁ကြိမ် ကြဲချတိုက်ခိုက်ခဲ့ပြီး အိုင်ပေါင်းချောင်ရွာသား၁ယောက်လည်း ဗုံးသီးထိမှန်လို ထိခိုက်ဒဏ်ရာရခဲ့တယ်လို ဆိုပါတယ်။

ဒါ့အပြင် အိုင်ပေါင်းချောင်ရွာ ဘုန်းကြီးကျောင်းထဲ စစ်ရှောင်နေတဲ့ အမျိုးသား ၃၄ ယောက်နဲ့ အမျိုးသမီး ၃ ယောက်တိုကိုလည်း အကြောင်းပြချက်မရှိ ဖမ်းဆီးကာ ကန့်ဘလူ ၆၀၀၆ တကရတပ်ထဲ ခေါ်ဆောင်သွားတယ်လိုလည်း သိရပါတယ်။

“မီးရှိခံရတဲ့ ကျီစုတို ကျောက်တိုင်တိုက ကန့်ဘလူမြိုနယ်တောင်ဘက်အခြမ်းမှာရှိတာပါ။ စစ်အုပ်စုတွေအရင်ကလည်း ကျီစုကို ၂ကြိမ်မီးရှိဖူးသလို ကျောက်တိုင်ကို တစ်ခါရှိဖူးပါတယ်။ အိုင်ပေါင်းချောင်က အရပ်သားတွေကို ဘယ်လိုရည်ရွယ်ချက်နဲ့ဖမ်းသွားလဲတော့ မပြောတတ်ပါဘူး။ သိရတာကတော့ ၆၀၀၆ တင့်ကားတပ်ရင်းထဲ ကား၃စီးနဲ့ ဖမ်းခေါ်သွားတာပါပဲ။” လို ကျွန်းလှ-ကန့်ဘလူတက်ကြွလှုပ်ရှားသူများအဖွဲ က မောင်းကိုပြောပါတယ်။

ပြီးခဲ့တဲ့ အောက်တိုဘာ ၂၉ရက်နေ့မှာ ကန့်ဘလူမြိုနယ်၊ ထန်းကုန်းရွာကထွက်လာတဲ့ စစ်အုပ်စုတွေနဲ့ ရေဦးမြိုနယ်၊ အောင်သာယာပျူအထိုင်စခန်းက ထွက်လာတဲ့စစ်အုပ်စုတွေ ပေါင်းဆုံပြီး ကာဘိုးတိုက်နယ် အထိုင်စခန်းထဲ ညအိပ်တပ်စွဲခဲ့တယ်လို သိရပါတယ်။

နောက်တစ်နေ့မှာတော့ အဲ့ဒီစစ်ကြောင်းဟာ ကာဘိုးတိုက်နယ်ထဲက ကျောက်တိုင်နဲ့ ကျီစုရွာတွေဆီ ဒရုန်းနဲ့ ဗုံးကြဲပြီး အင်အားအလုံးအရင်းနဲ့ ဝင်ရောက်မီးရှိခဲ့တာပဲ ဖြစ်ပါတယ်။

သင်္ကန်းဝတ်ဝါသဝ ဦးဆောင်တဲ့ ပျူစောထီးစစ်အုပ်စုတွေကြီးစိုးရာ ကျွန်းလှ၊ ကန့်ဘလူနယ်မြေမှာ စစ်​ကောင်စီက လူသူ၊ လက်နက် အင်အားဖြည့်တင်းပေးတာတွေ ဆက်တိုက်လုပ်ဆောင်ပေးရင်း အခုလို အရပ်သားကျေးရွာတွေဆီ ပြင်းပြင်းထန်ထန် စစ်ကြောင်းထိုးတိုက်ခိုက်ခိုင်းနေတာလည်း ဖြစ်ပါတယ်။

 

စစ်အုပ်စု မီးရှိဖျက်ဆီး​ထားမှု မြင်ကွင်းများ (ဓာတ်ပုံ ကျွန်းလှ ကန့်ဘလူ တက်ကြွလှုပ်ရှားသူများအဖွဲ့ -ကန့်ဘလူခရိုင်)

0 Shares:
You May Also Like
Read More

တောင်သာမှာ တိုက်ပွဲမဖြစ်ပွားဘဲ စစ်တပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်၊ အသက် ၁၅ နှစ်အရွယ် မိန်းကလေးငယ် ၁ ဦး သေဆုံးပြီး ၁ ဦး ဒဏ်ရာရ

မန္တလေးတိုင်း၊ တောင်သာမြို့နယ်၊ အေးကြင်းရွာကို အကြမ်းဖက်စစ်တပ်က တိုက်ပွဲမဖြစ်ပွားဘဲ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်မှုကြောင့် အသက် ၁၅ နှစ်အရွယ် မိန်းကလေးငယ် ၁ ယောက် သေဆုံးပြီး ၁ ယောက် ဒဏ်ရာရခဲ့တယ်လို့ တောင်သာမြို့နယ် လူထုလှုပ်ရှားမှုကော်မတီဆီက သိရပါတယ်။
Read More

ဘီးလင်းတွင် ဈေးသွားဝယ်သည့် လူငယ်ကို စစ်အုပ်စု ဖမ်းဆီးပြီး သိန်း ၃၀ ဖြင့် ပြန်ရွေးခိုင်း

မွန်ပြည်နယ် ဘီးလင်းမြို့နယ်၊ ဆင်အင်းကျေးရွာအုပ်စုက ဈေးသွားဝယ်တဲ့ လူငယ်တစ်ယောက်ကို အကြမ်းဖက်စစ်အုပ်စုက ဖမ်းဆီးပြီး ငွေ သိန်း ၃၀ နဲ့ ပြန်ရွေးခိုင်းခဲ့တယ်လို့ ဘီးလင်းနယ်ခံတွေဆီက သိရပါတယ်။
Read More

ဒီးမော့ဆိုမြို့နယ်၊ ငွေတောင်ရွာသစ်မှာ တပ်စွဲထားသည့် စစ်တပ်ကို ဝင်ရောက်တိုက်ခိုက်ချေမှုန်း၊ စစ်တပ်က ၁၅ ဦးထက်မနည်း သေဆုံးပြီး ၃၀ ကျော် ထိခိုက်ဒဏ်ရာရ…

ကရင်နီပြည်နယ်၊ ဒီးမော့ဆိုမြို့နယ်၊ ငွေတောင်ရွာသစ်မှာ တပ်စွဲထားတဲ့ အကြမ်းဖက်စစ်ကော်မရှင်တပ်ကို ဝင်ရောက်တိုက်ခိုက်ရာ စစ်တပ်က ၁၅ ယောက်ထက်မနည်း သေဆုံးပြီး ၃၀ ကျော် ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ရှမ်းတောင်၊ ကရင်နီ စစ်တိုင်းဗျူဟာ(၁၁) က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

လက်ဖက်ရည်ဆိုင် ထိုင်နေတဲ့ အရပ်ဝတ် စစ်သား ၂ ယောက်ကို PDF ထင်ပြီး ရဲက ဝင်ပစ်၊ နေရာမှာတင် ၂ ယောက်လုံး သေ

မန္တလေးတိုင်း၊ မြင်းခြံခရိုင်၊ တောင်သာမြို့နယ်မှာ လက်ဖက်ရည်ဆိုင်ထိုင်နေတဲ့ စစ်ကော်မရှင်တပ်သားတွေကို အကြမ်းဖက်ရဲတပ်ဖွဲ့က ဝင်ရောက်ပစ်ခတ်ရာ စစ်သားတွေ နေရာမှာတင် သေဆုံးခဲ့ကြောင်း စစ်ရေးသတင်းရင်းမြစ်တွေဆီက သိရပါတယ်။
Read More

ဟားခါးနဲ့ ထန်တလန်ကြားက စစ်ကောင်စီတပ်စခန်းကို ချင်းတော်လှန်ရေးတပ်ဖွဲ့တွေ တိုက်ခိုက်သိမ်းပိုက်

စစ်ရေးတွေ ပြင်းထန်နေတဲ့ ဟားခါးနဲ့ ထန်တလန်မြို့ကြားက စစ်ကောင်စီတပ်စခန်းတစ်ခုဖြစ်တဲ့ စီသရီးတောင်စခန်းကို ချင်းပြည်ကောင်စီပူးပေါင်းတပ်ဖွဲ့က တိုက်ခိုက်သိမ်းယူလိုက်ပြီလို့ ချင်းအခြေစိုက် စစ်ရေးသတင်းအရင်းအမြစ်တွေမှာ ဖော်ပြလာပါတယ်။
Read More

မိုးကုတ်မြို့နှင့် နောင်ချိုမြို့တွင် စစ်ကောင်စီတပ် လေကြောင်းမှ ပေါင် (၅၀၀)ဗုံး ကြဲချတိုက်ခိုက်ရာ နေအိမ် (၇) လုံး ပျက်စီးဆုံးရှုံး…

ရှမ်းပြည်နယ်မြောက်ပိုင်း၊ နောင်ချိုမြို့နယ်နဲ့ မန္တလေးတိုင်း၊ မိုးကုတ်မြို့နယ်တွေမှာ စစ်ကောင်စီတပ် တိုက်လေယာဉ်နဲ့ ပေါင် (၅၀၀)ဗုံး ကြဲချတိုက်ခိုက်ခဲ့ရာ နေအိမ် (၇) လုံး ပျက်စီးဆုံးရှုံးခဲ့တယ်လို့ တအာင်းတပ်မတော် TNLA က ဒီနေ့ ထုတ်ပြန်ပါတယ်။