ပဲခူးတိုင်း၊ ရွှေကျင်မြို့နယ်၊ ဒုံဇရစ်ကျေးရွာဘက်မှ လက်ယက်စခန်းကို ရိက္ခာပို့ဖို့ထွက်လာတဲ့ အင်အား (၃၀) ခန့်ပါ စစ်ကောင်စီစစ်ကြောင်းကို တော်လှန်ရေး အင်အားစုတွေက ကြားဖြတ်တိုက်ခိုက်နိုင်ခဲ့တယ်လို့ တောင်ပိုင်းစစ်ဒေသ၊ အမှတ် () စစ်ဒေသခွဲက အသိပေးထုတ်ပြန်ပါတယ်။

စစ်ကောင်စီစစ်ကြောင်းကို ကြားဖြတ်တိုက်ခိုက်နိုင်မှုကြောင့် စစ်ကောင်စီတပ်သား ၅ဦးထက်မနည်းသေဆုံးခဲ့တယ်လို့လည်း ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။

တိုက်ခိုက်မှုကို ပြီးခဲ့တဲ့ အောက်တိုဘာလ ၂၈ ရက်နေ့ မနက်အစောပိုင်းမှာ လုပ်ဆောင်ခဲ့တာလို့ သိရပါတယ်။

တိုက်ခိုက်မှုအတွင်း စစ်ကောင်စီစစ်ကြောင်းမှ တပ်ကြပ်ကြီးအဆင့် ()ဦး အပါအဝင် စုစုပေါင်း () ဦးမှာ နေရာတွင်သေဆုံးပြီး () ဦးမှာ ထိခိုက်ဒဏ်ရာများ ရရှိခဲ့ပါတယ်။ တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့ဘက်မှ ရဲဘော် () ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့တယ်လို့ သိရပါတယ်။

တိုက်ခိုက်ခံရပြီးနောက်စ‌စ်ကောင်စီစစ်ကြောင်းဟာရှေ့ကိုမဆက်နိုင်တော့ဘဲဒုံဇရစ်‌ကျေးရွာဘက်သို့ပြန်လည်ဆုတ်ခွာသွားတယ်လို့ဖော်ပြထားပါတယ်။

ထိတွေ့တိုက်ပွဲ ပြင်းထန်ခဲ့ပြီး အဆိုပါရွာအနီးကို စစ်ကောင်စီက လက်နက်ကြီးနဲ့လည်း ပစ်ခတ်ခဲ့တယ်လို့ သိရပါတယ်။

တိုက်ခိုက်မှုကို တောင်ပိုင်းစစ်ဒေသ၊အမှတ်() စစ်ဒေသခွဲ၊ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA)၊ တပ်ရင်း ()၊ တပ်ခွဲ()၊ ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF)၊ ရန်ကုန်တိုင်းစစ်ဌာန၊ တပ်ရင်း (၅၁၀၁) နှင့် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များ‌က ဖော်ဆောင်ခဲ့ခြင်းဖြစ်ပါတယ်။

0 Shares:
You May Also Like
Read More

ရေဦးမှာ ပြည်သူပိုင်နေအိမ်တွေ မီးရှို့ဖျက်ဆီးနေတဲ့ အကြမ်းဖက်စစ်ကြောင်းကို ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်

စစ်ကိုင်းတိုင်း၊ ရေဦးမြို့နယ်အတွင်း စစ်ကြောင်းထိုးပြီး မီးရှို့ဖျက်ဆီးနေတဲ့ အကြမ်းဖက်စစ်ကြောင်းကို ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ ရွှေဘိုခရိုင်အမှတ် ၁၄ တပ်ရင်း (ရေဦးPDF) က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

ဗန်းမော် စကခ ၂၁ ထိုးစစ်ဆင်မှုအတွင်း စစ်ကောင်စီ၏ ဒရုန်း ၇ စင်းကို KIA ပစ်ချ

ကချင်ပြည်နယ်၊ ဗန်းမော်မြို့သိမ်းစစ်ဆင်ရေး ဖော်ဆောင်နေတဲ့ ကချင်လွတ်လပ်ရေးတပ်မတော် KIA ဦးဆောင်တဲ့ တော်လှန်ရေးတပ်တွေနဲ့ စစ်ကောင်စီတပ်တွေအကြား တိုက်ပွဲတွေ ပိုမိုပြင်းထန်လာနေပြီး စစ်ကောင်စီတပ် ဒရုန်း ၇ စင်းကို ပစ်ချနိုင်ခဲ့တယ်လို့ KIA သတင်းရင်းမြစ်ဆီက သိရပါတယ်။
Read More

ကျောက်မဲမြို့နယ်၊ နမ့်ဆော့ကျေးရွာတွင် အကြမ်းဖက်စစ်တပ် လေကြောင်းနှင့် လက်နက်ကြီးများ ပစ်ခတ်တိုက်ခိုက်မှုကြောင့် အမျိုးသား (၁) ဦး ထိမှန်ဒဏ်ရာရ

ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကျောက်မဲမြို့နယ်၊ နမ့်ဆော့ကျေးရွာမှာ အကြမ်းဖက်စစ်တပ်က တိုက်ပွဲမဖြစ်ပွားဘဲ လေကြောင်းနဲ့ လက်နက်ကြီးတွေ ပစ်ခတ်တိုက်ခိုက်မှုကြောင့် အမျိုးသား (၁) ယောက် ထိမှန်ဒဏ်ရာရရှိခဲ့တယ်လို့ တအာင်းတပ်မတော် (TNLA) က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

ထီးခီးဗျူဟာစခန်းကို KNLA၊ PDF နဲ့ တော်လှန်ရေးပူးပေါင်းတပ်များ တိုက်ခိုက်သိမ်းပိုက်

တနင်္သာရီတိုင်း၊ ထားဝယ်မြို့နယ်၊ ထိုင်း-မြန်မာနယ်စပ်မှာရှိတဲ့ စစ်ကောင်စီရဲ့ ထီးခီးဗျူဟာစစ်စခန်းကို တိုက်ခိုက်သိမ်းပိုက် ရရှိခဲ့ကြောင်း Force For Federal Democracy -FFD က ဒီကနေ့ သတင်းထုတ်ပြန်ပါတယ်။
Read More

စစ်ကိုင်းတိုင်းရှိ NUG စိုးမိုးထိန်းချုပ်နယ်‌မြေအတွင်း မူးယစ်ဆေးဝါး ရောင်းဝယ် သုံးစွဲနေသူများကို မြို့နယ် ပလဖ ဖမ်းဆီးထိန်းသိမ်း

စစ်ကိုင်းတိုင်း၊ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) စိုးမိုးထိန်းချုပ်နယ်မြေအတွင်းရှိ မြို့နယ်တစ်ခုမှာ မူးယစ်ဆေးဝါး ဖြန့်ဖြူးရောင်းချနေသူတွေကို မြို့နယ်ပြည်သူ့လုံခြုံရေးတပ်ဖွဲ့က ဖမ်းဆီးရမိခဲ့တယ်လို့ NUG ပြည်ထဲရေးနဲ့ လူမှုဝင်ကြီးကြပ်ရေး ဝန်ကြီးဌာနက ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

စစ်ကိုင်း-မြစ်ငယ်ကားလမ်းတွင် စားသောက်ဆိုင်ကို ဆီဘောက်ဆာကား ဝင်တိုက်၊ မီးလောင်မှုဖြစ်ပွားပြီး လူထိခိုက်သေဆုံးမှု ရှိ

မန္တလေးမြို့၊ အမရပူရမြို့နယ်၊ ကျောက်စိမ်းဘုရားအနီး စစ်ကိုင်း-မြစ်ငယ် ကားလမ်းဘေးရှိ စားသောက်ဆိုင်တစ်ဆိုင်ကို ဆီဘောက်ဆာကားတစ်စီး ဝင်တိုက်မိတာကြောင့် မီးလောင်မှု ဖြစ်ပွားပြီး လူထိခိုက်သေဆုံးမှု ရှိတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။