မန္တလေးတိုင်း၊ မြင်းခြံခရိုင်၊ တောင်သာမြို့နယ်မှာ ရဲစခန်းနဲ့ မနီးမဝေး ဂိတ်ချစစ်ဆေးနေတဲ့ အကြမ်းဖက်ရဲတွေ ဝင်ရောက်ပစ်ခတ်တိုက်ခိုက်ခံရပြီး ရဲ၂ယောက်နဲ့ သတင်းပေး ၁ယောက် သေဆုံးသွားကြောင်း တောင်သာမြို့နယ်၊ ပြည်သူ့ကာကွယ်ရေးအဖွဲ့ဆီက သိရပါတယ်။

အောက်တိုဘာ ၃၁ရက်၊ ဒီနေ့မနက်အစောပိုင်းက တောင်သာမြို့၊ ရုံးစည်ကြီးရဲစခန်းနဲ့ မလှမ်းမကမ်းကားဂိတ်မှာ ဂိတ်ချပြီး ဖြတ်သမျှ ဆိုင််ကယ်နဲ့ကားတွေကို စစ်ဆေးနေတဲ့ ရဲတွေကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေက ရှောင်တခင် ဝင်ရောက်ပစ်ခတ်ခဲ့တာ ဖြစ်ပါတယ်။

ပစ်ခတ်တိုက်ခိုက်မှု‌ထဲ ရဲ ၂ယောက်နဲ့အတူ ရဲသတင်းပေးလုပ်နေတဲ့ မောင်မြင့်ဆိုသူပါ သေဆုံးသွားကြောင်း တောင်သာ ပကဖ က ပြောပါတယ်။

ဒီစစ်ရေးဖော်ဆောင်ချက်ကို တောင်သာမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့နဲ့အတူ နေပြည်တော် ၈၀၁ တပ်ရင်း၊ မိတ္ထီလာပကဖ၊ စဉ့်ကိုင်ပကဖ၊ တောင်သာပလဖ၊ ကျောက်ပန်းတောင်းပကဖနဲ့ ညောင်ဦးခရိုင် တပ်ရင်း၁အဖွဲ့တွေ ပူးပေါင်းလုပ်ဆောင်ခဲ့တာဖြစ်ပါတယ်။

ဒါ့အပြင် ရဲတွေရဲ့ပစ်ခတ်မှုကြောင့် ဆိုင်ကယ် ကယ်ရီဆွဲနေတဲ့ အပြစ်မဲ့အရပ်သားတစ်ယောက်လည်း သေဆုံးခဲ့တယ်လို့ တောင်သာလူထုလှုပ်ရှားမှုကော်မတီက ပြောပါတယ်။

တောင်သာပကဖ ကတော့ ရုံးစည်ကြီးစခန်းက ရဲတပ်ဖွဲ့ဝင်တွေကို တိုက်ခိုက်မှုဟာ မြင်းခြံခရိုင် အထူးစစ်ဆင်ရေး (MDSO)ရဲ့ တစိတ်တပိုင်းဖြစ်ကြောင်း ပြောဆိုခဲ့သလို ပြီးခဲ့တဲ့ အောက်တိုဘာ ၂၇ရက်နေ့ကလည်း မိတ္ထီလာတောင်သာ လမ်းပေါ်က ရုံးစည်ကြီးရဲစခန်းကို ဒရုန်းတွေနဲ့ တိုက်ခိုက်ခဲ့ပါသေးတယ်။

မဟာမိတ်ရဲဘော်များ (ဓာတ်ပုံ တောင်သာပကဖ)
0 Shares:
You May Also Like
Read More

အမ်း-စစ်တွေ ကားလမ်းဘေးက ကျေးရွာ ၇ ရွာကို အကြမ်းဖက်စစ်တပ် ရွှေ့ပြောင်းခိုင်း

ရခိုင်ပြည်နယ်၊ အမ်းမြို့နယ်က အမ်း-စစ်တွေ ကားလမ်းအနီးမှာရှိတဲ့ ကျေးရွာ ၇ခုကို အကြမ်းဖက်စစ်တပ်က ချက်ချင်းပြောင်းရွှေ့ခိုင်းတာကြောင့် ဒေသခံတွေ နေရပ်စွန့်ခွါ ထွက်ပြေးနေကြတယ်လို့ သိရပါတယ်။
Read More

အာဏာသိမ်းစစ်တပ်က မြို့နယ်ပေါင်း ၁၀၀ ကျော်မှာ မဖြစ်မနေ ရွေးကောက်ပွဲပြုလုပ်ဖို့ ပြင်ဆင်နေ

စစ်ကောင်စီက ၎င်းတို့ထိန်းချုပ်ထားတယ်လို့ ယူဆရတဲ့ နိုင်ငံတစ်ဝန်းက မြို့နယ်ပေါင်း ၁၀၀ကျော်မှာ ရွေးကောက်ပွဲပြုလုပ်နိုင်ဖို့ ပြင်ဆင်နေတယ်လို့ စစ်ကောင်စီရဲ့ ရွေးကောက်ပွဲကော်မရှင်က ဝင်ရောက်ယှဉ်ပြိုင်မယ့် နိုင်ငံရေးပါတီတွေကို ပြောဆိုလိုက်ပါတယ်။
Read More

စစ်မှုထမ်း ဥပဒေ တစ်နှစ်ပြည့်မြောက်ချိန်မှာ အပတ်စဉ် (၁၀) စစ်သင်တန်းကို စစ်ကောင်စီက စတင်ဖွင့်လှစ်

စစ်ကောင်စီက မတရားသတ်မှတ်ပြဋ္ဌာန်းလိုက်တဲ့ စစ်မှုထမ်းဥပဒေ တစ်နှစ်ပြည့်မြောက်ချိန်မှာတော့  စစ်မှုထမ်း အပတ်စဉ် (၁၀) အထိရောက်ရှိလာပြီး သင်တန်းဖွင့်ပွဲကို မနေ့က ဖေဖော်ဝါရီလ ၁၇ ရက်နေ့မှာ ကျင်းပပြုလုပ်ခဲ့ပါတယ်။
Read More

ပျု‌ခေါင်းဆောင် သီတာယုမွန်နောက်လိုက် ပြည်သူ့စစ်မေ ၃ ဦးကို ကာကွယ်ရေးတပ်ဖွဲ့က ဖမ်းဆီး

မန္တလေးတိုင်း၊ မြင်းခြံခရိုင်၊ မြင်းခြံမြို့နယ်ထဲက ပျုခေါင်းဆောင်တစ်ဦးဖြစ်တဲ့ သီတာယုမွန်ရဲ့ လက်အောက်ခံ ပြည်သူ့စစ်မေ ၃ ဦးကို ကာကွယ်ရေးတပ်ဖွဲ့က ဖမ်းဆီးရမိထားတယ်လို့ ထနောင်းမြေစစ်ကြောင်းထံမှ သိရပါတယ်။
Read More

တော်လှန်ရေးအတွက် သားတစ်ယောက် ပေးဆပ်လိုက်ရတဲ့ မိခင်ကို ဆွဲကြိုးနဲ့ နားကပ် ဂုဏ်ပြုဆင်မြန်းပေး

စစ်ကိုင်းတိုင်း၊ ယင်းမာပင်ခရိုင် တပ်ရင်း ၂၈ ဓားမဆိုင်းတပ်မတော်ကနေ ရှေ့တန်းစစ်မြေပြင်မှာ တိုက်ပွဲဝင်ရင်း တိုင်းပြည်အတွက် အသက်ပေးလှူသွားခဲ့တဲ့ ရဲဘော်တစ်ယောက်ရဲ့ မိခင်ကို ကျပ်ငွေ ၄၅ သိန်းတန်ဖိုးရှိ ဆွဲကြိုးနဲ့ ကျောက်နီနားကပ်တို့ကို ဂုဏ်ပြု ပေးအပ်ခဲ့တယ်လို့ သိရပါတယ်။
Read More

KNDF တပ်ရင်း ၆ မှာ တော်လှန်ရေးရဲဘော်တွေ ပါဝင်သရုပ်ဆောင်ထားတဲ့ Lose and Hope တော်လှန်ရေးရုပ်ရှင် ပြသ

ကရင်နီပြည်အတွင်း စစ်အာဏာရှင်စနစ် လက်နက်ကိုင် တော်လှန်ရေးကို အခြေခံပြီး Karenni Arts Creation(KAC)အဖွဲ့က ရိုက်ကူးထားတဲ့ Lose and Hope တော်လှန်ရေးရုပ်ရှင်ကို ကရင်နီအမျိုးသားများကာကွယ်ရေးတပ် - KNDF အမှတ် (၆) တပ်ရင်းမှာ လာရောက်ပြသခဲ့တယ်လို့ သိရပါတယ်။