လားရှိုးမြို့ကို ၂လအတွင်းမှာ စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှု အကြိမ် ၇၀ ကျော် ပြုလုပ်ခဲ့ကြောင်း ကိုးကန့်တပ်မတော် MNDAA က အသိပေးထုတ်ပြန်ပါတယ်။

စက်တင်ဘာနဲ့ အောက်တိုဘာ၂လတာအတွင်း လေကြောင်းတိုက်ခိုက်မှုတွေကြောင့် အရပ်သား ၇ယောက် သေဆုံးကာ ၅၇ယောက် ဒဏ်ရာရခဲ့တယ်လို့လည်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

လေကြောင်း တိုက်ခိုက်မှုတွေကြောင့် MNDAA ထိန်းချုပ်ထားတဲ့ မြို့ရွာတွေမှာ လူနေအိမ် အဆောက်အအုံတွေ၊ စာသင်ကျောင်း၊ ဈေး၊ ဆေးရုံ၊ လျှပ်စစ်ဓာတ်အားပေးစက်ရုံ၊ လမ်းတွေ၊ ပြည်သူလူစုဝေးရာ နေရာတွေနဲ့ အများသုံးအခြေခံအဆောက်အအုံတွေ ဖျက်ဆီးခံခဲ့ရတယ်လို့လည်း ဆိုပါတယ်။

လေကြောင်းက ဗုံးကြဲတိုက်ခိုက်မှုတွေထဲမှာ ဒေသတွင်း ဘာသာရေး အဆောက်အအုံတွေကို အဓိကပစ်မှတ်ထား တိုက်ခိုက်ခံလာရတယ်လို့လည်း ဆိုပါတယ်။

ထင်ရှားတဲ့ ဖြစ်ရပ်တွေအနေနဲ့  ရည်ရွယ်ချက်ရှိရှိ လားရှိုးမြို့က တရုတ်ရိုးရာဘုံကျောင်းနဲ့ ဘာသာရေးအဆောက်အအုံတွေကို ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့လည်း သိရပါတယ်။

အကြမ်းဖက်စစ်အုပ်စု ဗုံးကြဲဖျက်ဆီးခံရသည့် လာရှိုးမြို့က တရုတ်ဘုံကျောင်း (ဓာတ်ပုံ 果敢资讯网)
0 Shares:
You May Also Like
Read More

ဖားကန့်တွင် KIA/KPDF နှင့် SNA စစ်ကော်မရှင် ပူးပေါင်းတပ်တို့ ထိတွေ့တိုက်ပွဲဖြစ်ပြီး ၂ဖက် ထိခိုက်မှုရှိ၊ SNA ဘက်မှ စနိုက်ပါသမားနှင့် တပ်သား ၁ဦးကို မူးယစ်ဆေးများနှင့် ဖမ်းဆီးရမိ

ကချင်ပြည်နယ်၊ ဖားကန့်မှာ KIA/KPDF တပ်တွေနဲ့ SNA စစ်ကော်မရှင် ပူးပေါင်းတပ်တို့ တိုက်ပွဲဖြစ်ပွားပြီး ၂ ဖက် အပြန်အလှန် ထိခိုက်မှုတွေရှိတယ်လို့ နယ်မြေခံတွေဆီက သိရပါတယ်။
Read More

မြင်းခြံမှာ စစ်အုပ်စုကားတန်း ကြားဖြတ်တိုက်ခိုက်ခံရပြီး စစ်သားနဲ့ ပျူ ၂၀ ကျော် သေဆုံး၊ သေနတ် ၁၀ လက်နဲ့ ဆက်စပ်ပစ္စည်းများ သိမ်းဆည်းရရှိ

မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်မှာ စစ်အုပ်စုကားတန်းကို ကြားဖြတ်တိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်သားနဲ့ ပျူစောထီး ၂၀ ကျော် မျက်မြင်သေဆုံးပြီး သေနတ်၁၀လက်နဲ့ ခဲယမ်းတွေ သိမ်းဆည်းရရှိခဲ့တယ်လို့ မြင်းခြံခရိုင် တပ်ရင်း (၇) Zero ပြောက်ကျားတပ်ဖွဲ့ 2IC ကိုဗညား က မောင်းကိုပြောပါတယ်။
Read More

ဒီပဲယင်းမြို့နယ်တွင် မြို့နယ် ပအဖ ဦးဆောင်မှုဖြင့် ပျက်စီးနေသည့် ဆက်သွယ်ရေးလမ်းမကြီး ပြန်လည်ပြုပြင်နေ (ဓာတ်ပုံသတင်း)

စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ်အတွင်းရှိ အများပြည်သူများသွားလာအသုံးပြုနေတဲ့ ဒေသတွင်းအဓိက ဆက်သွယ်ရေးလမ်းမကြီး ဆိုးရွားစွာပျက်စီးနေတာကြောင့် ပြန်လည် ပြုပြင်ပေးခဲ့တယ်လို့ မြို့နယ် ပအဖ က ထုတ်ပြန်ပါတယ်။
Read More

မုံရွာတွင် ရိက္ခာပို့ အကြမ်းဖက်စစ်ကြောင်းနှင့် တော်လှန်ရေးတပ်များ ၁ နာရီကြာတိုက်ပွဲ ဖြစ်ပွား

စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်မှာ ရွှေဂူနီဘုရားဝန်းအတွင်းက စစ်အုပ်စုတွေဆီ ရိက္ခာလာပိုတဲ့ အကြမ်းဖက်စစ်ကြောင်းနဲ့ မုံရွာအခြေစိုက်တော်လှန်​ရေးတပ်တွေ ကျောက္ကာလမ်းပိုင်းအတွင်း ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ မုံရွာမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(ပကဖ) ဆီက သိရပါတယ်။
Read More

မိတ္ထီလာတွင် တညတည်း လူငယ် ၂၀ ကျော် ပေါ်တာဆွဲခံရ

မန္တလေးတိုင်း၊ မိတ္ထီလာမြို့မှာ တညအတွင်း စစ်တပ်က လူငယ် အယောက် ၂၀ ကျော်ကို ပေါ်တာဆွဲ ဖမ်းဆီးခဲ့တယ်လို့ မတ္ထီလာမြို့ရဲ့ တပ်တွင်းသတင်းရင်းမြစ်က မောင်းကို ပြောပါတယ်။
Read More

ဆီဆိုင်မြို့နယ်တွင် စစ်ကော်မရှင်လက်အောက်ခံ ခရိုနီ နေဝင်းထွန်း ဦးဆောင်သည့် PNO ပြည်သူ့စစ် မီးရှို့ဖျက်ဆီး

ရှမ်းပြည်နယ်တောင်ပိုင်း၊ ဆီဆိုင်မြို့နယ်၊ နောင်ထော်ယန်းပိုင်းကျေးရွာကို စစ်ကောင်မရှင်လက်အောက်ခံ ခရိုနီနေဝင်းထွန်းဦးဆောင်တဲ့ PNO ပြည်သူ့စစ်က  မီးရှို့ဖျက်ဆီးခဲ့တယ်လို့ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် PNLA က ဒီနေ့မှာ ရုပ်သံမှတ်တမ်းနဲ့ ထုတ်ပြန်ထားပါတယ်။