မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂအထူးကိုယ်စားလှယ်ဟာ နေပြည်တော်ကို လာရောက်ပြီး စစ်ခေါင်းဆောင်နဲ့ တွေ့ဆုံခဲ့တယ်လို့ အောက်တိုဘာလ ၂၉ ရက်အင်္ဂါနေ့က ကုလသမဂ္ဂအစည်းအဝေးမှာ ပြောပါတယ်။

မြန်မာအထူးကိုယ်စားလှယ်အဖြစ် သြစတြေးလျ နိုင်ငံခြားရေးဝန်ကြီးဟောင်း Julie Bishop ကို ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ်က ပြီးခဲ့တဲ့ဧပြီလမှာ ခန့်အပ်ခဲ့တာပါ။

နေပြည်တော်ကို သွားပြီး စစ်ခေါင်းဆောင် မင်းအောင်လှိုင်နဲ့ တွေ့ပြီး ပြန်လာခဲ့ပါမယ်လို့ သူမရဲ့ထုတ်ပြန်ခြင်းမရှိတဲ့ ခရီးစဉ်အကြောင်း ပြောဆိုပါတယ်။

တွေ့ဆုံမှုနဲ့ ပတ်သက်ပြီး အသေးစိတ်မပြောဆိုထားတာကြောင့် ဘယ်အချိန်မှာ တွေ့ဆုံခဲ့တယ်ဆိုတာကို မသိရသေးပါဘူး။

မြန်မာပြည်မှာ စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း တိုက်ပွဲတွေကြောင့် ပြည်သူ ၃.၁ သန်းကျော် အိုးမဲ့အိမ်မဲ့ ဖြစ်ခဲ့ရပါတယ်။ လက်ရှိမြန်မာပြည်သူ ၁၈.၆ သန်းခန့်ဟာ လူသားချင်းစာနာမှု အကူအညီတွေ အပူတပြင်းလိုအပ်နေတယ်လို့ ကုလသမဂ္ဂက ခန့်မှန်းထားပါတယ်။

မြန်မာပြည်အကျပ်အတည်း ဖြေရှင်းဖို့ သက်ဆိုင်သူတွေအားလုံး အနိုင်အရှုံးပြတ်ရမယ်ဆိုတဲ့ အပေါင်းသုံညစိတ်ဓာတ် (zero-sum mentality) ကနေရှေ့ဆက်ဖို့လိုကြောင်း သူမက ပြောပါတယ်။

မြန်မာ့အရေး သက်ဆိုင်သူတွေအနေနဲ့ လက်ရှိ အပေါင်းသုညစိတ်ဓာတ်ကို ကျော်လွန်ပြီး ရှေ့ဆက်ရမှာ ဖြစ်တယ်။ နိုင်ငံတဝှမ်း လက်နက်ကိုင် ပဋိပက္ခတွေ ဆက်ဖြစ်နေချိန် ပြည်သူတွေရဲ့ လိုအပ်ချက်တွေကို ဖြေရှင်းရာမှာ တိုးတက်မှု အနည်းငယ် ရှိနိုင်ပါတယ်“။

ပြန်လည်သင့်မြတ်ရေး လမ်းကြောင်းကို သွားဖို့ဆိုရင် အကြမ်းဖက်မှုတွေ ရပ်တန့်ရမှာဖြစ်ပြီး တာဝန်ခံမှုရှိဖို့ လိုသလို ကုလသမဂ္ဂနဲ့ အကူအညီပေးရေးအဖွဲ့တွေကို ဝင်ရောက်ခွင့်ပြုဖို့လိုအပ်ကြောင်း သူမကဆိုပါတယ်။

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်းရဲ့ စာရင်းတွေအရ အာဏာသိမ်းပြီးကတည်းကနေ ၂၀၂၄ အောက်တိုဘာ ၃၀ ရက်နေ့အထိ စစ်အုပ်စုနဲ့ လက်ပါးစေတွေကြောင့် ဒီမိုကရေစီအရေးလှုပ်ရှားသူတွေနဲ့ ပြည်သူတွေ ၅၉၀၁ ယောက် သေဆုံးခဲ့ပါတယ်။ အာဏာသိမ်းမှုနဲ့ဆက်စပ်ပြီး လူပေါင်း ၂၇၆၁၀ ယောက် အဓမ္မ ဖမ်းဆီးထိန်းသိမ်းခံခဲ့ရပြီး ၁၆၉ ယောက် သေဒဏ် ချမှတ်ခံခဲ့ရပါတယ်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နဲ့ အမျိုးသားညီညွတ်ရေးအစိုးရတို့အပြင် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေနဲ့လည်း တွေ့ဆုံခဲ့ပြီး သက်ဆိုင်သူအားလုံးနဲ့ ဘက်မလိုက်ဘဲ ဆက်ဆံခဲ့တယ်လို့ Bishop ကပြောပါတယ်။

မတူညီတဲ့ မကြာခဏပဋိပက္ခဖြစ်နေတဲ့ အမြင်တွေကို နားလည်အောင်လုပ်ဖို့ ရည်ရွယ်တာပါ။ ဒါမှ (မြန်မာအရေး) သဘောတူညီချက်ရတဲ့ အဖြေတစ်ခုထွက်လာအောင် ကူညီဆောင်ရွက်ပေးနေတဲ့ ဒေသတွင်းနဲ့ နိုင်ငံတကာရဲ့ အားထုတ်မှုတွေကို ကျမ တာဝန်ယူထားတဲ့နေရာကနေ ပိုမိုပူးပေါင်းဆောင်ရွက်နိုင်အောင် အားပေးကူညီသွားနိုင်မှာပါ”။ 

မူရင်း – UN envoy says she met Myanmar army chief, calls for end to violence

0 Shares:
You May Also Like
Read More

ချွန်ပူရီမှာ မြန်မာလုပ်သား ၁၀၀ နီးပါး အုပ်စုဖွဲ့ ခိုက်ရန်ဖြစ်ပွား၊ နှစ်ဦးဒဏ်ရာပြင်းထန်ပြီး ထိုင်းရဲတပ်ဖွဲ့ လိုက်လံ စုံစမ်းနေ

ထိုင်းနိုင်ငံ၊ ချွန်ပူရီခရိုင်က မြန်မာအလုပ်သမား ၁၀၀ နီးပါးလောက်ဟာ လက်နက်ကိုယ်စီနဲ့ အုပ်စုဖွဲ့ ရုန်းရင်းဆန်ခတ် ခိုက်ရန် ဖြစ်ပွားခဲ့ကြရာ နှစ်ယောက် အပြင်း အထန်ဒဏ်ရာ ရရှိသွားပြီး ထိုင်းရဲတပ်ဖွဲ့က ပါဝင်သူတွေကို လိုက်လံရှာဖွေနေတယ်လို့ ထိုင်းသတင်းဌာနတွေမှာ ဖော်ပြထားပါတယ်။
Read More

မြန်မာအပါအဝင် အာရှရွှေ့ပြောင်းများကို တောင်ဆူဒန်နိုင်ငံဆီ ထရမ့်အစိုးရ ပြည်နှင်ဒဏ်ပေး

အမေရိကန်အစိုးရက မြန်မာနဲ့ ဗီယက်နမ်တို့လို နိုင်ငံတွေက ရွှေ့ပြောင်းတွေကို ပဋိပက္ခတွေ၊ မတည်ငြိမ်မှုတွေနဲ့ ရင်ဆိုင်နေရတဲ့ အရှေ့အာဖရိကနိုင်ငံ တောင်ဆူဒန်ဆီ ပြည်နှင်ဒဏ်ပေးခဲ့တယ်လို့ လူဝင်မှုကြီးကြပ်ရေးရှေ့နေတွေက ဖက်ဒရယ်တရားသူကြီးကို အင်္ဂါနေ့မှာ ပြောပါတယ်။
Read More

ထောင်ချီသည့် အမေရိကန်ပြည်သူများ သမ္မတထရမ့်ကို ထပ်မံဆန္ဒပြ

အမေရိကန်ပြည်ထောင်စုမြို့ပေါင်းများစွာက ထောင်နဲ့ချီတဲ့ အမေရိကန်ပြည်သူတွေဟာ ၄င်းတို့ရဲ့သမ္မတ ဒေါ်နယ်ထရမ့်ကို အလိုမရှိတော့ကြောင်း ဆန့်ကျင်ဆန္ဒပြခဲ့တယ်လို့ နိုင်ငံတကာသတင်းတွေမှာ ဖော်ပြနေကြပါတယ်။
Read More

မြန်မာနဲ့ တောင်တရုတ်ပင်လယ်အရေး မလေးရှားမှာ အာဆီယံဝန်ကြီးတွေ ဆွေးနွေး

မလေးရှားနိုင်ငံ၊ လန်ကာဝီမှာ ဇန်နဝါရီလ ၁၉ ရက် (ဒီနေ့) ကျင်းပတဲ့ အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ တံခါးပိတ်အစည်းအဝေးမှာ မြန်မာ့နိုင်ငံရေးအကျပ်အတည်းနဲ့ တောင်တရုတ်ပင်လယ်ပြင်အရေးတို့ကို ဆွေးနွေးခဲ့ကြပါတယ်။
Read More

အီဖယ်တာဝါမှ ထီးသပိတ်လှုပ်ရှားမှု (ဓာတ်ပုံသတင်း)

ပြင်သစ်နိုင်ငံ၊ ပါရီမြို့ကနေ ပေးပို့လာတဲ့ ၃၇ နှစ်မြောက် ၈၈၈၈ အထိမ်းအမှတ်အကြို ၈၈၈၈ ထီးသပိတ်လှုပ်ရှားမှု မှတ်တမ်းဓာတ်ပုံတွေကို ရန်ကုန်လူထုသပိတ်က ဒီနေ့မှာ ထုတ်ပြန်ဖော်ပြထားပါတယ်။
Read More

နယ်စပ်က မြန်မာဒုက္ခသည်များ၏ ကျန်းမာရေးအတွက် ဘတ် သန်း ၁၆၀ အသုံးပြုရန် ထိုင်းအစိုးရလျာထား

ထိုင်း-မြန်မာနယ်စပ်တလျှောက်က ဒုက္ခသည်စခန်း ၇ ခုမှာ နေထိုင်ကြတဲ့ မြန်မာဒုက္ခသည် ၇ သိန်းအတွက် ကျန်းမာရေးစောင့်ရှောက်မှု ပိုမိုရရှိစေရေး ထိုင်းအစိုးရရဲ့ ပြည်သူ့ကျန်းမာရေးဝန်ကြီးဌာနအနေနဲ့ ဘတ် သန်း ၁၆၀ ခွဲဝေချထားဖို့ စီစဉ်နေကြောင်း ဘန်ကောက်ပို့စ်မှာ ဖော်ပြပါတယ်။