မကွေးတိုင်း၊ သရက်ခရိုင်၊ မင်းတုန်းမြို့နယ်၊ ပုသိမ်မုံရွာလမ်းပိုင်းမှာ စစ်အုပ်စု ကင်းပုန်းနဲ့ တော်လှန်ရေးတပ်ဖွဲ့ဝင်တွေ ထိတွေ့မှုဖြစ်ပြီး စစ်ကောင်စီဘက်က ၂ ယောက်သေကာ ၄ ယောက် ဒဏ်ရာရသွားတယ်လို့ သရက်ခရိုင် အမှတ် ၄ တပ်ရင်း၊ သတင်းနှင့်ပြန်ကြားရေးတာဝန်ခံ ကိုမြတ်က မောင်းကို ပြောပါတယ်။

မင်းတုန်းမြို့နယ်၊ ပုသိမ်မုံရွာ လမ်းပိုင်းပေါ်က မဲဇလီကျေးရွာအနီး ကင်းပုန်းဝပ်နေတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို အောက်တိုဘာ ၂၉ ရက်၊ မနေ့က ညနေပိုင်းမှာ  သရက်ခရိုင်အမှတ်၄ တပ်ရင်း တပ်ခွဲ () အဖွဲ့ဝင်တွေက လက်ဦးမှုရယူပြီး သွားရောက်တိုက်ခိုက်ခဲ့တာလို့ သိရပါတယ်။

မနေ့က မဲဇလီရွာမှာ သူတို့ထဲက အဖွဲ့ဝင်တချို့ အရက်သောက်နေတယ်။ တချို့ကျ လမ်းပိုင်းမှာ ကင်းပုန်းဝပ်နေတယ်ပေါ့။ အဲ့သတင်းကိုရရချင်း တိုက်ဖို့သွားခဲ့ပါတယ်။ ဟိုရောက်တော့ ရွာထဲက အဖွဲ့တွေပါရောက်နေပြီး ပြန်ဖို့လုပ်နေပါပြီ။ အဲ့မှာ ကျနော်တို့နဲ့ ၁၅ မိနစ်လောက် ထိတွေ့မှု ဖြစ်ပါတယ်။ သူတို့ဘက်ကလည်း ၄၀ မမတွေ၊ လက်နက်ငယ်တွေနဲ့ ပြန်ထောက်ပေမယ့် ရဲဘော်တွေ အထိအခိုက်မရှိ ပြန်ဆုတ်နိုင်ခဲ့ပါတယ်လို့ သရက်ခရိုင် အမှတ် ၄ တပ်ရင်း၊ သတင်းနှင့်ပြန်ကြားရေးတာဝန်ခံ ကိုမြတ်က ပြောပါတယ်။

သရက်ခရိုင် အမှတ် ၄ တပ်ရင်း၏ တော်လှန်ရေးရဲဘော်များ (ဓာတ်ပုံ သရက်ခရိုင် အမှတ် ၄ တပ်ရင်း)

သူကပဲဆက်လက်ပြီးကျနော်တို့ ဒေသမှာ ပုသိမ်မုံရွာလမ်းပိုင်းက စစ်ကောင်စီအတွက် အရေးပါပါတယ်။ ကပစကိုသွားလို့ရသလို ရခိုင်၊ ပဲခူး၊ ဧရာဝတီ လမ်းကြောင်းတွေရှိနေလို့ ပါလို့ပြောပါတယ်။

နှစ်ဖက်ပစ်ခတ်မှုပြီးတဲ့နောက် ထိခိုက်သေဆုံးသူတွေကို ပုသိမ်မုံရွာလမ်းပိုင်းပေါ်မှာရှိတဲ့ ပဲခူးတိုင်းအတွင်းက ဥသျှစ်ပင်မြို့ဆီ ဖောကားနဲ့ ပြန်လည်သယ်ဆောင်သွားတယ်လို့ သိရပါတယ်။

ထိတွေ့တိုက်ပွဲဖြစ်ရာ နေရာ (ဓာတ်ပုံ သရက်ခရိုင် အမှတ် ၄ တပ်ရင်း)

ပြီးခဲ့တဲ့ အောက်တိုဘာ ၂၁ရက်နေ့ကလည်း စစ်ကောင်စီအတွက် အရေးပါတဲ့ အမှတ် ၁၂ ကာကွယ်ရေးပစ္စည်းစက်ရုံ (ကပစ ၁၂ )ရှိရာ သရက်ကမ္မမင်းတုန်းလမ်းပိုင်းမှာ တော်လှန်ရေးတပ်တွေနဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ ထိတွေ့တိုက်ပွဲဖြစ်ပြီး စစ်ကောင်စီဘက်က ၈ယောက်သေတယ်လို့ ကိုမြတ်က ပြောပါတယ်။

လက်ရှိအခြေအနေကတော့ ကျနော်တို့ရဲ့ ပြင်ဆင်လှုပ်ရှားမှုတွေရှိသလို စစ်ကောင်စီကလည်း ပိတ်ဆို့ဖြတ်တောက်မှုတွေအပြင် လုံခြုံရေးတင်းကြပ်တာတွေရှိပါတယ်။ အခုလို ထိတွေ့တိုက်ပွဲတွေကတော့ ဖြစ်လာနိုင်တဲ့အခြေအနေတွေရှိနေဆဲပါပဲ။လို့ သရက်ခရိုင် အမှတ် ၄ တပ်ရင်း၊ သတင်းနှင့်ပြန်ကြားရေးတာဝန်ခံ ကိုမြတ်က မောင်းကို ပြောပါတယ်။

0 Shares:
You May Also Like
Read More

ကျောက်မဲခရိုင် အထူးတိုက်ခိုက်ရေးအဖွဲ့ထံ စစ်ကော်မရှင်တပ်သားတစ်ဦး လက်နက်မဲ့ အလင်းဝင်လာ

ရှမ်းပြည်နယ်မြောက်ပိုင်းမှာ တအာင်းတပ်မတော် TNLA နဲ့အတူ တိုက်ပွဲဝင်နေတဲ့ ကျောက်မဲခရိုင် အထူးတိုက်ခိုက်ရေးအဖွဲ့ထံကို စစ်ကော်မရှင်တပ်သား ၁ ယောက် အလင်းဝင်လာတယ်လို့ အဆိုပါအဖွဲ့က အောက်တိုဘာလ ၂၂ ရက် မနေ့က ထုတ်ပြန်ထားပါတယ်။
Read More

ရေဖြူမြို့နယ်က ကျေးရွာများကို စစ်ကြောင်းထိုးလာသည့် စစ်ကော်မရှင်တပ်သားများနှင့် တော်လှန်ရေးတပ်များ တိုက်ပွဲဖြစ်ပွား၊ စစ်သား ၁၇ ဦး သေဆုံးဟုဆို

တနင်္သာရီတိုင်း ရေဖြူမြို့နယ် ကော့လှိုင်ကျေးရွာအနီးကို စစ်ကြောင်းထိုးလာတဲ့ စစ်ကော်မရှင်တပ်သားတွေနဲ့ တော်လှန်ရေးပူးပေါင်းတပ်တွေ တိုက်ပွဲဖြစ်ပွားရာ စစ်သား ၁၇ ယောက် သေဆုံးခဲ့တယ်လို့ မွန်ပြည်တော်လှန်ရေးတပ် (MSRF) က သတင်းထုတ်ပြန်ထားပါတယ်။
Read More

ယောပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (YPDF) ကိုဖျက်သိမ်းပြီး ယောတပ်တော် (Yaw Army) နှင့် ပေါင်းစည်းကာ အာဏာရှင်ဖြုတ်ချရေး တိုက်ပွဲဝင်သွားမည်

ယောပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (YPDF) က ယောတပ်တော် (Yaw Army) နဲ့ပူးပေါင်းကာ စစ်အာဏာရှင်ကို တွန်းလှန်တိုက်ခိုက်သွားမယ်လို့ ယောတပ်တော် (Yaw Army) က မတ်လ ၃ရက်နေ့မှာ ထုတ်ပြန်လိုက်ပါတယ်။
Read More

သပိတ်ကျင်းမြို့နယ်နှင့် တိုက်နယ် (ပ.က.ဖ) ဦးဆောင်ပြီး လေကြောင်းဒဏ်သင့် ပြည်သူများကို ငွေကျပ် သိန်း (၂၃၀၀) ကျော် ထောက်ပံ့

မန္တလေးတိုင်း၊ ပြင်ဦးလွင်ခရိုင်၊ သပိတ်ကျင်းမြို့နယ်မှာ အကြမ်းဖက် စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုခံရတဲ့ ဒေသတွေက ​ပြည်သူတွေကို ငွေကျပ် သိန်း (၂၃၀၀) ကျော် ထောက်ပံ့ကူညီ​ပေးခဲ့တယ်လို့ သပိတ်ကျင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

ပုလောမှာ စစ်ကောင်စီတပ်က စစ်ကြောင်းထိုးရင်း အရပ်သား ၂ ယောက်ကို မီးရှို့ရှင်းလင်းကာ ၉၅ ယောက်ထက်မနည်း ဖမ်းဆီးခဲ့

တနင်္သာရီတိုင်း၊ ပုလောမြို့နယ်မှာ အကြမ်းဖက်စစ်ကောင်စီတပ်က စစ်ကြောင်းထိုးရင်း အရပ်သား ၂ ယောက်ကို မီးရှို့ရှင်းလင်းကာ ၉၅ ယောက်ထက်မနည်း ဖမ်းဆီးခဲ့ပြီး နေအိမ် ၄၀ ကျော် မီးရှို့ဖမ်းဆီးခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော် (ပုလော) ၊ မြိတ်ခရိုင်အမှတ်(၁)တပ်ရင်းက ထုတ်ပြန်ထားပါတယ်။
Read More

ပုလဲမြို့နယ်အတွင်း စစ်ကောင်စီ လေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သား ၄ ယောက် သေဆုံးပြီး ၆ ယောက် ပြင်းထန်ဒဏ်ရာရ

စစ်ကိုင်းတိုင်း၊ ယင်းမာပင်ခရိုင်၊ ပုလဲမြို့နယ်အတွင်း အကြမ်းဖက်စစ်ကောင်စီက တိုက်ပွဲမဖြစ်ပွားဘဲ လေကြောင်းတိုက်ခိုက်မှု ပြုလုပ်ခဲ့တာကြောင့် အရပ်သားပြည်သူ ၄ ယောက် သေဆုံးပြီး ၆ ယောက် ပြင်းထန်ဒဏ်ရာရခဲ့တယ်လို့ ပုလဲမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က မနေ့က ထုတ်ပြန်ထားပါတယ်။