မကွေးတိုင်း၊ ပေါက်မြို့နယ်မှာ PDF အယောင်ဆောင်ပြီး စစ်ရှောင်အရပ်သားတွေကို ဖမ်းဆီးခေါ်ဆောင်လာတဲ့ အကြမ်းဖက်စစ်ကြောင်းကို ကြားဖြတ်တိုက်ခိုက်ရာ စစ်ကောင်စီတပ်က ၁၀ ယောက် သေပြီး လက်နက်ခဲယမ်းတွေ သိမ်းဆည်းရရှိခဲ့တယ်လို့ ပေါက်မြို့နယ်၊ ပြည်သူ့ကာကွယ်ရေးအဖွဲ့ ထံက သိရပါတယ်။

အောက်တိုဘာ ၂၈ရက်၊ မနက်အစောပိုင်းက ပေါက်မြို့နယ်၊ ရန်ကင်းကျေးရွာမြောက်ဘက်မှာရှိတဲ့ ဒီးဒုတ်ကွင်း စစ်ဘေးရှောင်နေအိမ်တွေကို PDF ဝတ်စုံဝတ်ထားတဲ့ ပြည်သူ့စစ်တွေနဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက ဝင်ရောက်မီးရှို့ဖျက်ဆီးရင်း အရပ်သား၂ယောက်ကိုပါ ရက်ရက်စက်စက်သတ်ဖြတ်ခဲ့တယ်လို့ သိရပါတယ်။

ဒါ့အပြင် အကြမ်းဖက်စစ်တပ် ပစ်ခတ်မှုကြောင့် အရပ်သား ၄ ယောက် ထိခိုက်ဒဏ်ရာရထားပြီး ၁ ယောက်ကတော့ အထူးစိုးရိမ်နေရတယ်လို့လည်း ပေါက်မြို့နယ်၊ ပြည်သူ့ကာကွယ်ရေး အဖွဲ့က ပြောပါတယ်။

သိမ်းဆည်းရမိသည့် လက်နက်ခဲယမ်းများ (ဓာတ်ပုံ ပေါက်မြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့)

စစ်ကောင်စီတပ်က စစ်ရှောင်အရပ်သား ၁၇ယောက်နဲ့အတူ သံဃာတစ်ပါးကိုပါ လူဝတ်လဲခိုင်းကာ ဖမ်းဆီးခဲ့ပြီး ပြည်သူပိုင်ပစ္စည်းတွေ လုယက်သယ်ဆောင်သွားတယ်လို့ သိရပါတယ်။

ဒီလိုမျိုး အရပ်သားပိုင်ပစ္စည်းဥစ္စာတွေကို တင်ယူသယ်ဆောင်ရင်း ထွက်ခွာလာတဲ့ ပျူ၊ စစ်တပ်ပူးပေါင်းစစ်ကြောင်းနဲ့ ပြည်သူ့ကာကွယ်ရေးတပ်တွေ ထိတွေ့တိုက်ပွဲဖြစ်ခဲ့ပြီး စစ်ကောင်စီက နမခတက် Mi35 ရဟတ်ယာဥ်နဲ့ပါ လေကြောင်းတိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

စစ်ကောင်စီစစ်ကြောင်းကို ပေါက်ပကဖ ၊ ပခုက္ကူခရိုင်တပ်ရင်း ၅၊ ၁၂ ၊ ၁၈ စတဲ့အဖွဲ့တွေက ပူးပေါင်းကြားဖြတ်တိုက်ခိုက်ခဲ့တာဖြစ်ပြီး စစ်ကောင်စီဘက်က ထိခိုက်သေဆုံးမှုများခဲ့သလို MA3 G3 AK ၊ ကာဘိုင် စတဲ့ သေနတ်၁လက်စီနဲ့ ဆက်စပ်ပစ္စည်းတချို့ကို သိမ်းဆည်းရရှိခဲ့ပါတယ်။

ဒါ့အပြင် တိုက်ပွဲအတွင်း ပေါက်ပကဖ နဲ့ ပခုက္ကူတပ်ရင်း ၁၂က ရဲဘော်တွေ ကျဆုံးခဲ့တယ်လို့လည်း သိရပါတယ်။

အကြမ်းဖက်စစ်အုပ်အဖွဲ့ဝင်များ (ဓာတ်ပုံ ပေါက်မြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့)
အကြမ်းဖက်စစ်အုပ်အဖွဲ့ဝင်များ (ဓာတ်ပုံ ပေါက်မြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့)
0 Shares:
You May Also Like
Read More

ကော့ကရိတ်မြို့နယ်ရှိ ဘလယ်ဒို စစ်ကောင်စီတပ်စခန်းကို KNLA နှင့် တော်လှန်ရေး ပူးပေါင်းတပ်များ တိုက်ခိုက်သိမ်းပိုက်

ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်အတွင်းက စစ်ကောင်စီ ဘလယ်ဒိုတပ်စခန်းကို KNLA၊ KNDO နဲ့ PDF ပူးပေါင်းတပ်များက ဒီကနေ့ညနေမှာ တိုက်ခိုက်သိမ်းပိုက်လိုက်တယ်လို့ KNU ဗဟိုက ထုတ်ပြန်ပါတယ်။
Read More

“လူ့အခွင့်အရေးထွန်းကားစေ တရားမျှတလွတ်လပ်မြေ” စာတန်းပါ တီရှပ်နဲ့ မြင်ရတဲ့ တောင်ပိုင်းစစ်ဒေသက PDF အထူးတပ်ဖွဲ့ဝင်များ (ဓာတ်ပုံသတင်း)

အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာနလက်အောက်ခံ တောင်ပိုင်းစစ်ဒေသ အထူးတပ်ဖွဲ့ဝင်တွေက ဒီဇင်ဘာလ (၁၀)ရက်မှာ ကျရောက်မယ့် အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးနေ့ အထိမ်းအမှတ်အဖြစ် “လူ့အခွင့်အရေးထွန်းကားစေ တရားမျှတလွတ်လပ်မြေ” စာတန်းပါ တီရှပ်ကို ဝတ်ဆင်ကာ 16 Days of Activism မှာ ပါဝင်ခဲ့တယ်လို့ သိရပါတယ်။
Read More

နယ်မြေရှင်းလင်းရေးစစ်ကြောင်းမှ စစ်ကော်မရှင်တပ်သား ၁ ဦး လက်နက်နှင့် အလင်းဝင်

တနင်္သာရီတိုင်း၊ ထားဝယ်အခြေစိုက် တော်လှန်ရေးတပ်ဖွဲ့ဖြစ်တဲ့ ဓဝယ်အမျိုးသားလွတ်မြောက်ရေးတပ်တော် (DNLA) ထံ စစ်ကော်မရှင်တပ်သား ၁ ယောက် လက်နက်နဲ့ အလင်းဝင်လာတယ်လို့ ဒူရကစစ်ကြောင်းက ထုတ်ပြန်ထားပါတယ်။
Read More

ကျောက်ကြီးမှာ စစ်မှုထမ်း အဓမ္မစုဆောင်းခံခဲ့ရတဲ့ စစ်ကောင်စီတပ်သားသစ် ၂ ယောက် လက်နက်ခဲယမ်းတွေနဲ့ အလင်းဝင်

ပဲခူးတိုင်း၊ ကျောက်ကြီးမြို့နယ်မှာ စစ်မှုထမ်း အတင်းအဓမ္မစုဆောင်းခံခဲ့ရတဲ့ စစ်ကောင်စီတပ်သားသစ် ၂ ယောက် လက်နက်ခဲယမ်းတွေနဲ့ အလင်းဝင်လာတယ်လို့ ပဲခူးခရိုင်၊ အမှတ် (၂) တပ်ရင်း ၊ P2-3702 က ထုတ်ပြန်ထားပါတယ်။
Read More

ဖာပွန်ကနေ တပ်စခန်းစွန့် ထွက်ပြေးလာတဲ့ စစ်ကောင်စီတပ်ဖွဲ့၀င်တွေ ကြားဖြတ်တိုက်ခိုက်ခံရလို့ ၁၀ယောက်သေ

ဖာပွန်မြို့နယ်၊ မထောစခန်းကနေ ထွက်ပြေးလာတဲ့ စစ်တပ်စစ်ကြောင်းကို လိုက်လံတိုက်ခိုက်မှုမှာ စစ်သား ၁၀ ယောက် သေဆုံးပြီး လက်နက်ခဲယမ်းတွေ သိမ်းဆည်းရရှိမိခဲ့ကြောင်း KNU တပ်မဟာ ၅၊ မူတြော်သတင်းစဉ်က ထုတ်ပြန်ပါတယ်။
Read More

KNDF တပ်ရင်းအမှတ် (၅) မှ ရဲဘော် ၁ ဦး အကြမ်းဖက်စစ်ကြောင်းကို ခုခံတိုက်ခိုက်ရင်း ကျဆုံး

ကရင်နီအမျိုးသားကာကွယ်ရေးတပ် - KNDF တပ်ရင်းအမှတ် (၅) မှာ တာဝန်ထမ်းဆောင်နေတဲ့ ရဲဘော်ထူးနေခလေး ဟာ အကြမ်းဖက်စစ်ကြောင်းကို ခုခံတိုက်ခိုက်ရင်း ကျဆုံးခဲ့တယ်လို့ အဆိုပါတပ်ရင်းက ဒီနေ့ ညပိုင်းမှာ ထုတ်ပြန်ပါတယ်။