ကရင်နီပြည်အတွင်းက တော်လှန်ရေးတပ်တွေ စိုးမိုးနယ်မြေတစ်နေရာမှာ တော်လှန်ရေးပူးပေါင်းအဖွဲ့နဲ့ အရပ်ဘက်အုပ်ချုပ်ရေးအဖွဲ့တို့ ပူးပေါင်းပြီး ညကင်းလှည့်ကာ ရှောင်တခင် စစ်ဆေးမှုတွေ ပြုလုပ်ခဲ့တယ်လို့ Unity Generation Z PDF 1101 (UGZ-PDF-1101) က ထုတ်ပြန်ထားပါတယ်။

အောက်တိုဘာလ (၂၇) ရက်က UGZ-PDF-1101 အပါအဝင် ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF)၊ ကရင်နီပြည်နယ်ရဲတပ်ဖွဲ့ (KSP) နဲ့ အရပ်ဘက်အုပ်ချုပ်ရေးအဖွဲ့တို့ ပူးပေါင်းကာ ပြည်သူ့လုံခြုံရေးအတွက် စိုးမိုးနယ်မြေတစ်နေရာမှာ ညကင်းလှည့်ပြီး ရှောင်တခင်စစ်ဆေးမှု ပြုလုပ်ခဲ့တာပါ။

အဲ့ဒီလိုကင်းလှည့်ချိန်အတွင်း စည်းကမ်းမလိုက်နာသူတစ်ချို့ကို တွေ့ရှိခဲ့ပြီး ထုတ်ပြန်ထားတဲ့ စည်းမျဥ်းစည်းကမ်းတွေကို ထပ်ဆင့်ရှင်းပြကာ ဖမ်းဆီးထိန်းသိမ်းဖို့ မလိုတဲ့အခြေအနေဖြစ်တာကြောင့် သတိပေးခြင်းတို့ကို လုပ်ဆောင်ခဲ့တယ်လို့ UGZ-PDF-1101 က ဆိုပါတယ်။

အရပ်ဘက်အုပ်ချုပ်ရေးအဖွဲ့အစည်းတွေနဲ့ ကရင်နီတပ်ပေါင်းစုက ထုတ်ပြန်ထားတဲ့ စည်းမျဉ်းစည်းကမ်းတွေ လိုက်နာဆောင်ရွက်ပူးပေါင်းမှုမရှိရင် ထိရောက်စွာ အရေးယူသွားမယ်လို့လည်း UGZ-PDF-1101 က ထုတ်ပြန်ထားပါတယ်။

0 Shares:
You May Also Like
Read More

“ပြည်သူမှပြည်သူသို့” အစီအစဉ်နဲ့ ရေဘေးသင့်ပြည်သူတွေကို ကူညီထောက်ပံ့ခဲ့တဲ့ တော်ဝင်ဒေါင်းစစ်ကြောင်း (ဓာတ်ပုံသတင်း)

ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ တောင်ဝင်ဒေါင်းတပ်ရင်းရဲ့ ဆရာဝန် ဒေါက်တာချင်းက ဦးဆောင်ပြီး “ပြည်သူမှပြည်သူသို့” အစီအစဉ်အဖြစ် ပြည်တွင်းပြည်ပအလှူရှင်တွေ ပေးပို့လှူဒါန်းထားတဲ့ အလှူငွေနဲ့ ရိက္ခာပစ္စည်းတွေကို တပ်ရင်းစစ်ကြောင်းစိုးမိုးနယ်မြေအတွင်းရှိ ရေဘေးသင့်ပြည်သူတွေဆီ ပြန်လည်မျှဝေ‌ပေးခဲ့တယ်လို့ သိရပါတယ်။
Read More

ပုပ္ပါးတောင် ဆက်သွယ်ရေးစခန်းကို တော်လှန်ရေးတပ်ဖွဲ့တွေ တိုက်ခိုက်ပြီးနောက် အကြမ်းဖက်စစ်တပ်က တောင်တက်ခွင့် ပိတ်ပင်

မန္တလေးတိုင်း၊ ကျောက်ပန်းတောင်းမြို့နယ်၊ ပုပ္ပါးတောင်မကြီးပေါ်က စစ်ကောင်စီတပ်ရဲ့ ဆက်သွယ်ရေးစခန်း တိုက်ခိုက်ခံရပြီးနောက် အကြမ်းဖက်စစ်တပ်ဟာ ပုပ္ပါးတောင်ခြေကိုစစ်ကြောင်းထိုးဝင်ရောက်လာပြီး ပုပ္ပါးတောင်တက်ခွင့်ကို ပိတ်လိုက်ကြောင်း ဒေသခံတွေဆီကနေ သိရပါတယ်။
Read More

ငါ့သရောက်တိုက်ပွဲအတွင်း စစ်ကြောင်းမှူး စောစောစီးစီး သေကာ စစ်အုပ်စု ဖရိုဖရဲဖြစ်၊ သေဆုံးသူ အယောက် ၇၀ ကျော်ထဲမှာ ပုဂံညောင်ဦးမြို့ပေါ်မှ ပြည်သူ့စစ် အများအပြား​ပါဝင်

မန္တလေးတိုင်း၊ ညောင်ဦးမြို့နယ်၊ ငါ့သရောက်မြို့နယ်ခွဲအတွင်း အင်အားအလုံးအရင်းနဲ့ ဝင်ရောက်လာတဲ့ စစ်​အုပ်စုတွေကို စစ်ကြောင်းမှူး အပါအဝင် စစ်ကြောင်းတစ်ခုလုံးပြုတ်အောင် တော်လှန်ရေးတပ်တွေက စည်းစည်းလုံးလုံးနဲ့ ချေမှုန်းနိုင်ခဲ့တယ်လို့ သိရပါတယ်။ 
Read More

စစ်ကားနောက် ဆိုင်ကယ်မောင်းနှင်လာသည့် သားအမိ ၂ ယောက် ဗုံးထိမှန်ကာ သမီးဖြစ်သူ သေဆုံး

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်မှာ အကြမ်းဖက်စစ်တပ်ရဲ့ကားနောက်ကနေ ဆိုင်ကယ်မောင်းနှင်လာတဲ့ သားအမိ ၂ ယောက် ဗုံးထိမှန်ပြီး သမီးဖြစ်သူ သေဆုံးသွားတယ်လို့ နယ်ခံတွေဆီက သိရပါတယ်။
Read More

စျေးဝယ်ထွက်ပြီး ပြန်လာသည့် စစ်ကောင်စီတပ်သားများ စနိုက်ပါဖြင့် ပစ်ခံရပြီး ၃ ဦး သေ

မန္တလေးတိုင်း၊ မြင်းခြံခရိုင်၊ ငါန်းဇွန်မြို့နယ်မှာ စျေးဝယ်ပြန်လာတဲ့ စစ်အုပ်စုကို စနိုက်ပါနဲ့ ပစ်ခတ်တိုက်ခိုက်ရာ ၃ယောက်သေဆုံးခဲ့ကြောင်း Zero ပြောက်ကျား ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ -မြင်းခြံ တာဝန်ခံ ကိုသက်ကြီးက မောင်းကိုပြောပါတယ်။
Read More

ရေဦးမှာ မင်္ဂလာဆောင်ပွဲကို စစ်ကောင်စီ ဗုံးကြဲ၊ ဗုံးကျတဲ့နေရာလွဲတာကြောင့် ပြည်သူတွေ ထိခိုက်မှုမရှိ

စစ်ကိုင်းတိုင်း၊ ရေဦးမြို့နယ်မှာ တိုက်ပွဲ ဖြစ်ပွါးနေခြင်းမရှိဘဲ စစ်တပ်က ပေါင် ၁၀၀ ဗုံး (၂) ကြဲချကာ လေကြောင်းတိုက်ခိုက်မှု လုပ်ဆောင်ခဲ့တယ်လို့ ဒေသတွင်း သတင်းရင်းမြစ်တွေထံက သိရပါတယ်။