စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်၊ ကာဘိုးကျေးရွာမှာ အင်အား ၅၀ နီးပါးနဲ့ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်စခန်းကို တော်လှန်ရေးရဲဘော်တွေကပြီးခဲ့တဲ့ရက်ပိုင်းမှာ ဝင်ရောက်တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

စစ်ကောင်စီတပ်သားတွေ ကင်းပုန်းဝပ်နေတဲ့ နေရာကို ဝင်ရောက်တိုက်ခိုက်မှုမှာ အကြမ်းဖက်စစ်သား ၃ယောက်ထက်မနည်း သေဆုံးခဲ့ပြီး သေနတ် ၃လက်နဲ့ ကျည်ဆံခဲယမ်းတချို့ကို သိမ်းဆည်းရရှိခဲ့ပါတယ်။ သေနတ် ၃လက်က ကာဘိုင်သေနတ် ၁ လက်၊ G-3 ၁ လက်နဲ့ MA-1 ၁ လက် ဖြစ်တယ်လို့ သိရပါတယ်။

စစ်ကောင်စီရဲ့ ဝါဒဖြန့် တယ်လီဂရမ် ချန်နယ်တွေမှာ ပြောဆိုနေမှုတွေအရ ဝင်ရောက်တိုက်ခိုက်ခဲ့တဲ့ ကန့်ဘလူမြို့နယ်၊ ကာဘိုးကျေးရွာဟာ စစ်ကောင်စီလက်အောက်ခံ စစ်ကိုင်းတိုင်းဝန်ကြီးချုပ်ရဲ့ ဇာတိဖြစ်တယ်လို့လည်း သိရပါတယ်။

ဒီတိုက်ခိုက်မှုကို ကန့်ဘလူခရိုင် တပ်ရင်း () နဲ့ မဟာမိတ် တော်လှန်ရေးတပ်ဖွဲ့တွေ ပူးပေါင်းဖော်ဆောင်ခဲ့ကြတယ်လို့ သိရပါတယ်။

0 Shares:
You May Also Like
Read More

ရန်ကုန်တိုင်း ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) ရဲ့ (၃) နှစ်ပြည့်အခမ်းအနား

ရန်ကုန်တိုင်း ပြည်သူ့ကာကွယ်ရေးအဖွဲ့ ( ပကဖ ) တည်ထောင်ခြင်း ( ၃ ) နှစ်ပြည့် အခမ်းအနားကို ရန်ကုန်တိုင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (၁)၊ တပ်ခွဲ ၁ နဲ့ တပ်ခွဲ ၂ က ရဲဘော်တွေဟာ ရှေ့တန်းစခန်း တစ်နေရာမှာ ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။
Read More

ပေါက်ခေါင်းမှာ စစ်ကောင်စီ စက်တပ်လေထီးဖြင့် ဗုံးကြဲ၊ မိသားစုဝင် ၃ ဦး ထိမှန်ကာ ၁ ဦး သေဆုံး

ပဲခူးတိုင်း၊ ပေါက်ခေါင်းမြို့နယ်၊ အိုင်စောက်ကျေးရွာမှာ စစ်ကောင်စီရဲ့လေကြောင်း တိုက်ခိုက်မှုကြောင့် ပြည်သူ ၁ယောက် သေဆုံးကာ ၂ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေထံက သိရပါတယ်။ 
Read More

ဟားခါးတွင် အရပ်သားဟန်ဆောင် သတင်းထောက်လှမ်းနေသည့် ရဲ ၂ ဦးကို ဖမ်းဆီးရမိ…

ချင်းပြည်နယ်၊ ဟားခါးမြို့မှာ အရပ်သားပြည်သူ ဟန်ဆောင်ပြီး သတင်းထောက်လှမ်းနေတဲ့ ရဲ ၂ ယောက်ကို ဖမ်းဆီးရမိခဲ့တယ်လို့ Chinland Defense Force - Hakha က မနေ့က ညပိုင်းမှာ ထုတ်ပြန်ပါတယ်။
Read More

မကွေးအကျဉ်းထောင်မှာ နိုင်ငံရေးအကျဉ်းသား ၃၅ ဦး တစ်လနီးပါး တိုက်ပိတ်ခံထားရ

မကွေးအကျဉ်းထောင်က ထောင်အာဏာပိုင်တွေဟာ နိုင်ငံရေးအကျဉ်းသား ၃၅ ယောက်ကို ရိုက်နှက်ပြီး  တစ်လ နီးပါးကြာ တိုက်ပိတ်ထားတယ်လို့ မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က ဒီနေ့ ဇန်နဝါရီ ၅ ရက်မှာ သတင်းထုတ်ပြန်ပါတယ်။ 
Read More

အမရပူရတွင် စစ်တပ်အလိုကျ ပြည်သူဆီက စစ်မှုထမ်းကြေး ကောက်ခံနေသည့် ရာအိမ်မှူး ရှင်းလင်းခံရ

မန္တလေးတိုင်း၊ အမရပူရမြို့နယ်က ရာအိမ်မှူး ဦးယုကြိုင် ဆိုသူဟာ စစ်ကော်မရှင်အလိုကျ ပြည်သူတွေဆီကနေ စစ်မှုထမ်းကြေးကောက်ခံပေးနေတာကြောင့် ကာကွယ်ရေးတပ်ဖွဲ့တွေက ပစ်ခတ်ရှင်းလင်းလိုက်တယ်လို့ အမရပူရမြို့နယ် ပလဖ ထံက သိရပါတယ်။
Read More

ရခိုင်ပြည်နယ်၊ မြို့နယ်အချို့မှာ ရက္ခိုင့်တပ်တော် AA က လုံခြုံရေးနဲ့ ယာဉ်အန္တရာယ် ကင်းရှင်းစေ‌ရေး ဆောင်ရွက်နေ

ရခိုင်ပြည်နယ်ရှိ ရက္ခိုင့်တပ်တော် AA သိမ်းပိုက်ထိန်းချုပ်ထားတဲ့ မြို့နယ်တချို့မှာ AA တပ်ဖွဲ့ဝင်တွေနဲ့ DLEPS တပ်ဖွဲ့ဝင်တွေက ခရီးသွားပြည်သူတွေ လုံခြုံရေးနဲ့ ယာဉ်အန္တရာယ် ကင်းရှင်းစေ‌ရေးအတွက် ကြိုးပမ်းဆောင်ရွက်နေတယ်လို့ ဒေသတွင်း သတင်းမီဒီယာတွေက ဖော်ပြထားပါတယ်။