ပဲခူးတိုင်း၊ နတ်တလင်းမြို့နယ်မှာ ဆိုင်ကယ်နဲ့ ကင်းလှည့်တဲ့ စစ်အုပ်စုတွေ မိုင်း ၂ ကြိမ် ဆွဲခံရပြီး ဗိုလ်အဆင့်ရှိသူ ၁ ယောက်အပါအဝင် ၂ ယောက် သေဆုံးခဲ့တယ်လို့ သာယာဝတီခရိုင်၊ တပ်ရင်း ၃၈၀၁၊ တပ်ခွဲ ၂ (Phoenix DF) အဖွဲ့က ပြောပါတယ်။

အောက်တိုဘာ ၂၈ ရက်၊ မနက်အစောပိုင်းက နတ်တလင်းမြို့နယ်၊ အိုးဘိုကုန်းကျေးရွာကနေ မကျီးပင်ကျေးရွာကိုထွက်လာတဲ့ စစ်အုပ်စု ဆိုင်ကယ် ၅ စီးကို မကျီးပင်ရွာအနီး ဘုရားတောင်ကုန်းနားအရောက်မှာ တော်လှန်ရေးတပ်ဖွဲ့ဝင်တွေက မိုင်းဆွဲတိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။

အဲ့ဒီနောက် အိုးဘိုကုန်းရွာဘက်ကနေ တပ်ကူထွက်လာတဲ့ စစ်အုပ်စုဆိုင်ကယ်တွေကိုလည်း ဘုရားတောင်ကုန်းနားမှာပဲ ထပ်မံမိုင်းဆွဲတိုက်ခိုက်ခဲ့တယ်လို့သိရပါတယ်။

မိုင်းဆွဲတိုက်ခိုက်အပြီး နတ်တလင်းမြို့ပေါ်ကနေ ရဲကား၁စီးနဲ့ လူနာတင်ကား ၂စီး အခင်းနေရာကိုရောက်လာပြီး ထိခိုက်သူတွေကို ပြန်လည်သယ်ဆောင်သွားတယ်လို့ သာယာဝတီခရိုင်၊ တပ်ရင်း ၃၈၀၁၊ တပ်ခွဲ ၂ (Phoenix DF) အဖွဲ့ကပြောပါတယ်။

ဒမငယ်က ထွက်တဲ့ကောင်တွေနဲ့ မကျီးပင်ရွာက ထွက်လာတဲ့ကောင်တွေ ပေါင်းပြီး အိုးဘိုကုန်းရွာထိပ်မှာ ဆုံကြပါတယ်။ အဲ့ဒီကနေ ဆိုင်ကယ်၅စီး လူ၁၀ယောက်ပါလာတဲ့ အဖွဲ့ကို  မကျီးပင်ရွာနားမှာ ပထမဆုံးမိုင်းဆွဲခဲ့ပါတယ်။  အဲ့ဒီနောက် အိုးဘိုကုန်းရွာမှာကျန်ခဲ့တဲ့ ၁၂စီးက ထပ်ပြီးထွက်လာလို့ အရင်နေရာအရောက်မှာပဲ ထပ်ပြီးမိုင်းဆွဲဲပါတယ်။ မိုင်းက ၄ကွင်းကို ၂ကွင်းစီခွဲခဲ့တာပါ။ သေတာကတော့၂ကောင်လို့သိရတယ်။ စခဗိုလ်နဲ့ ရဲသေတာပါ။ နောက်တစ်ယောက်ကတော့ ထိခိုက်ဒဏ်ရာပြင်းတယ်လို့ကြားပါတယ်။လို့ သာယာဝတီခရိုင်၊ တပ်ရင်း ၃၈၀၁၊ တပ်ခွဲ ၂ ( Phoenix DF) အဖွဲ့ သတင်းနှင့်ပြန်ကြားရေးတာဝန်ခံ ဂျူပီတာက မောင်းကို ပြောပါတယ်။

နတ်တလင်းမြို့နယ်မှာ ရပ်ရွာတွေထဲ ကင်းလှည့်လေ့ရှိတဲ့ အကြမ်းဖက်စစ်အုပ်စု ရဲ၊ စစ်သားနဲ့ ပျူစောထီးတွေရဲ့ လှည့်ကင်းဆိုင်ကယ်တွေ မကြာခဏဆိုသလို မိုင်းဆွဲတိုက်ခိုက်ခံရလေ့ရှိပြီး မိုင်းဆွဲပြီးပြီးချင်းမှာ အနီးနားက အရပ်သားတွေကို အပြစ်ရှာဖမ်းဆီးတာမျိုးတွေလည်းရှိတယ်လို့ ဒေသခံတွေက ပြောပါတယ်။

0 Shares:
You May Also Like
Read More

ပေါ်တာဆွဲနေသည့် စစ်ကော်မရှင်တပ်သားများ လက်နက်ကြီးငယ်များဖြင့် ပစ်ခတ်ခံရပြီး ရဲစခန်းထဲ ဝင်ပြေး

မကွေးတိုင်း၊ စလင်းမြို့နယ်နဲ့ ဆင်ဖြူကျွန်းမြို့ရှိ ပြည်သူတွေကို ပေါ်တာဆွဲ ဖမ်းဆီးနေတဲ့ စစ်ကော်မရှင်တပ်သားတွေကို လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးအဖွဲ့-စလင်း ထံက သိရပါတယ်။
Read More

ချင်းပြည်နယ်တောင်ပိုင်းတွင် စစ်ကောင်စီစစ်ကြောင်းနှင့် တော်လှန်ရေးတပ်များ တိုက်ပွဲပြင်းထန်နေ

တော်လှန်ရေးတပ်တွေ အများစု စိုးမိုးထားတဲ့ ချင်းပြည်နယ်တောင်ပိုင်းမှာ အကြမ်းဖက်စစ်ကောင်စီစစ်ကြောင်းနဲ့ တော်လှန်ရေးပူးပေါင်းတပ်တွေ တိုက်ပွဲပြင်းထန်နေတယ်လို့ စစ်ရေးသတင်းရင်းမြစ်တွေထံက သိရပါတယ်။
Read More

အင်အားပြင်း ငလျင်ကြောင့် သေဆုံးခဲ့ရသူ ၃၇၀၀ နီးပါး ရှိလာ

မတ်လ ၂၈ ရက်နေ့က လှုပ်ခတ်ခဲ့တဲ့ အင်အားပြင်းငလျင်ကြောင့် နိုင်ငံတစ်ဝန်း သေဆုံးသူ ၃၇၀၀ နီးပါးရှိသွားပြီလို့ မြန်မာနိုင်ငံမီးသတ်ဦးစီးဌာနက ထုတ်ပြန်ပါတယ်။
Read More

သရက်တွင် စစ်ကားများ တိုက်ခိုက်ခံရပြီးနောက် အနီးနား ကျေးရွာများကို စစ်အုပ်စု ရမ်းသမ်းပစ်ခတ်နေ

မကွေးတိုင်း၊ သရက်မြို့နယ်မှာ စစ်တပ်ဖောကားတွေ ပြောက်ကျားတိုက်ခိုက်ခံရပြီးနောက် အထိနာနေတဲ့ စစ်အုပ်စုက လက်နက်ကြီးရမ်းသမ်းပစ်ခတ်တာတွေ လုပ်ဆောင်နေရာ ကျေးရွာ ၄ရွာက အရပ်သား ၂ထောင်ကျော် ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ United States Of Burma Army-USBA တာဝန်ရှိသူ ကိုဗဟိန်းက မောင်းကိုပြောပါတယ်။
Read More

တောင်ယာပြန်လုပ်နေသည့် စစ်ရှောင်ပြည်သူများကို PNO ပြည်သူ့စစ် လက်နက်ကြီး ပစ်ခတ်မှုကြောင့် အမျိုးသမီး ၃ ဦး သေဆုံး

ရှမ်းပြည်နယ်၊ ဖယ်ခုံမြို့နယ်တွင် စစ်ရှောင်ပြည်သူတချို့ တောင်ယာပြန်လုပ်နေချိန် အကြမ်းဖက်စစ်တပ် လက်အောက်ခံ ပအိုဝ်းပြည်သူ့စစ် (PNO) တပ်ဖွဲ့က လက်နက်ကြီး ပစ်ခတ်ခဲ့တာကြောင့် အမျိုးသမီး ၃ ယောက် ထိမှန်သေဆုံးခဲ့တယ်လို့ Jobs For Kayah ထံက သိရပါတယ်။
Read More

ချီဗွေမြို့ကို KIA က အလုံးစုံ သိမ်းပိုက်ထိန်းချုပ်

ကချင်ပြည်နယ်၊ ချီဗွေမြို့ကို  KIA က အပြီးသတ်သိမ်းပိုက်လိုက်ပြီး စစ်ကောင်စီ လုံး၀ကင်းစင်သွားတဲ့နယ်မြေ ဖြစ်သွားကြောင်း ကချင်စစ်ရေးသတင်းအရင်းအမြစ် တချို့မှာ ဖော်ပြလာပါတယ်။ စက်တင်ဘာ ၂၉ရက်နေ့မှာ KIA နဲ့ ပူးပေါင်းတပ်ဖွဲ့တွေဟာ ချီဗွေမြို့က ဗျူဟာကုန်းအပါအဝင် တပ်စခန်း လေးခုကိုသိမ်းပိုက်နိုင်ခဲ့ပြီး မြို့ကို စတင်ထိန်းချုပ်လိုက်ပြီ ဖြစ်ပါတယ်။