ပဲခူးတိုင်း၊ ရွှေတောင်မြို့နယ်မှာ စစ်ကောင်စီရဲ့ သန်းခါင်စာရင်းကောက်ယူနေမှုကို အားတက်သရော ပါဝင်နေတဲ့ ထွေအုပ်စာရေးဖြစ်သူကို ပစ်ခတ်ရှင်းလင်းခဲ့တယ်လို့ 3601 PPDF တပ်ရင်းထံက သိရပါတယ်။

မနေ့က အောက်တိုဘာ ၂၈ ရက် မနက် ၈ နာရီဝန်းကျင်အချိန်မှာ မမဲကြီးရွာဘက်ကို စစ်မှုထမ်းစာရင်းလာယူတဲ့ အဆိုပါ ထွေအုပ်စာရေး အေးမင်းနိုင်ဆိုသူကို ၃၆၀၁-PPDFတပ်ရင်း တပ်ခွဲ() က ပစ်ခတ်ခဲ့ရာနားထင်နဲ့ ရင်အုံထိမှန်ပြီး နေရာမှာတင် သေဆုံးသွားတယ်လို့ သိရပါတယ်။

ရှင်းလင်းခံလိုက်ရသူ (ဓာတ်ပုံ Paungde People Defense Force-PPDF)

ဖြစ်စဉ်ဖြစ်ပြီးတော့ အခင်းနေရာကို အင်အား ၃၀ လောက်နဲ့ ပိတ်ဆို့စစ်ဆေးတာတွေလုပ်တယ်။ အလောင်းကတော့ နောက်တော့ စခတွေ လာကောက်သွားတာပဲလို့ ၃၆၀၁-PPDF တပ်ရင်းစစ်ထောက်လှမ်းရေးနဲ့ သတင်းပြန်ကြားတာဝန်ခံက မောင်းကို ပြောပါတယ်။

ထွေအုပ်စာရေး အေးမင်းနိုင်ဟာ အကြမ်းဖက်စစ်ကောင်စီအတွက် စစ်မှုထမ်းစုဆောင်းရာမှာ အားတက်သရော လုပ်ဆောင်ပေးနေတာအပြင် “PDF ကိုဂရုမစိုက်လို့ တစ်ယောက်ထဲ သွားလာနေတာကွ” ဆိုပြီးကြွေးကြော်ထားသူလည်း ဖြစ်တယ်လို့ သိရပါတယ်။

စစ်အုပ်စု၏ လက်ကိုင်တုတ်အဖွဲ့ဝင်များ (ဓာတ်ပုံ Paungde People Defense Force-PPDF)

ပစ်ခတ်ရှင်းလင်းပြီးနောက် သူ့ဆီက အကြမ်းဖက်စစ်ကောင်စီဗိုလ်မှူး၊ ဗိုလ်ကြီးတွေနဲ့ ဆက်သွယ်ထားတဲ့ လက်ကိုင်ဖုန်းတစ်လုံး၊ ငွေသားငါးသောင်း၊ စစ်မှုထမ်းစာရင်း စုဆောင်းထားတဲ့ စာရွက်စာတမ်းတွေနဲ့ ပျူစောထီးဖွဲ့စည်းထားမှု စာရွက်စာတမ်းတွေကိုလည်း သိမ်းဆည်းရရှိခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။

0 Shares:
You May Also Like
Read More

လက်ပံတန်းမှာ စစ်ကောင်စီလက်ကိုင်တုတ် အုပ်ချုပ်ရေးမှူးကို ပစ်ခတ်ရှင်းလင်း

ပဲခူးတိုင်း၊ သာယာဝတီခရိုင်၊ လက်ပံတန်းမြို့နယ်၊ မြေစီးကျေးရွာ အုပ်ချုပ်ရေးမှူးဖြစ်သူ ချစ်လင်းကို ပစ်ခတ်ရှင်းလင်းခဲ့တယ်လို့ ရွှေတန်းမြေ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က သတင်းထုတ်ပြန်ပါတယ်။
Read More

အင်းစိန်က စစ်ကောင်စီ လေတပ်အိမ်ထောင်သည်လိုင်းခန်း အစောင့်ကင်းဂိတ်ကို လက်ပစ်ဗုံးနဲ့ ပစ်ခတ်တိုက်ခိုက်…

ရန်ကုန်တိုင်း၊ အင်းစိန်မြို့နယ်က အကြမ်းဖက်စစ်ကောင်စီရဲ့ လေတပ်အိမ်ထောင်သည်လိုင်းခန်း အစောင့်ကင်းဂိတ်ကို လက်ပစ်ဗုံးနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ Operation Flame အဖွဲ့က ထုတ်ပြန်ပါတယ်။
Read More

စစ်ရှောင်ပြည်သူတွေ လုံခြုံရေးအတွက် ယောဒေသ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ကင်းလှည့်နေ

စစ်ဘေးကြောင့် ဘေးလွတ်ရာ အိုးအိမ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်နေရတဲ့ ပြည်သူတွေ ဘေးကင်းလုံခြုံရေးအတွက် ယောဒေသ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (YPDF) က ရဲဘော်တွေဟာ နယ်မြေလုံခြုံရေး ကင်းလှည့် စစ်ဆေးခြင်းတွေ လုပ်ဆောင်ခဲ့တယ်လို့ အဆိုပါတပ်ဖွဲ့က ထုတ်ပြန်ပါတယ်။
Read More

ကြို့ပင်ကောက်မြို့နယ် ရှိ ကျေးရွာ ၂ ရွာကို စစ်အုပ်စုလေကြောင်းတိုက်ခိုက်၊ ဒေသခံ ၁ ဦး သေဆုံး ပြီး ၂ ဦး ဒဏ်ရာရ

ကျားဖြန့်လုပ်ငန်းတွေ လုပ်ကိုင်နေတဲ့ KK Park စီမံကိန်းမှာ ကရင်အမျိုးသားအစည်းအရုံး (KNU) ခေါင်းဆောင်တွေလည်း ပါဝင်ပတ်သက်နေတယ်လို့ အကြမ်းဖက်စစ်တပ်ရဲ့ ပြောရေးဆိုခွင့်ရှိသူ ဇော်မင်းထွန်းက ပြောဆိုလာတဲ့အပေါ် KNU ဗဟိုအလုပ်အမှုဆောင် ပဒိုစောတောနီးက အခုလို စွပ်စွဲမှုတွေကို တုံ့ပြန်သွားမယ်လို့ မောင်းကိုပြောပါတယ်။
Read More

အတင်းအဓမ္မ စစ်မှုထမ်း ခေါ်ဆောင်ခံခဲ့ရသည့် တပ်သားတစ်ဦး MRG တပ်ဖွဲ့ထံ အလင်းဝင်

မကွေးတိုင်း၊ ရေစကြိုမြို့နယ် ခလရ ၂၅၇ တပ်ရင်းက စစ်မှုထမ်းတပ်သားတစ်ယောက် မြေလတ်ဒေသပြောက်ကျားတပ်ဖွဲ့ - MRG ထံ အလင်းဝင်လာတယ်လို့ အဆိုပါ တပ်ဖွဲ့ထံက သိရပါတယ်။
Read More

ရေစကြိုမြို့နယ် ရေလယ်ကျွန်း ကျေးရွာ ၅ ရွာကို အကြမ်းဖက်စစ်တပ် ပစ္စည်းတွေ ခိုးယူ၊ နေအိမ်တွေ မီးရှို့ဖျက်ဆီးခဲ့

မကွေးတိုင်း၊ ရေစကြိုမြို့နယ် ရေလယ်ကျွန်းဒေသက ကျေးရွာ ၅ရွာကို အကြမ်းဖက်စစ်တပ်က မီးရှို့ဖျက်ဆီးသွားတာကြောင့် လူနေအိမ် အလုံး၄၀ ထက်မနည်း ပျက်စီးဆုံးရှုံးသွားခဲ့ကြောင်း စစ်ဘေးရှောင်အရေး ကူညီပေးနေသူတွေဆီက သိရပါတယ်။