တနင်္သာရီတိုင်း၊ လောင်းလုံးမြို့နယ်အတွင်း  အောက်တိုဘာလ (၁၂) ရက်ကစလို့ စစ်ကြောင်းထိုး ၀င်ရောက်လာတဲ့ အကြမ်းဖက်စစ်ကောင်စီတပ်ကို ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့တွေ တိုက်ခိုက်ချေမှုန်းရာ စစ်ကောင်စီတပ်က ၁၂ ယောက်ထက်မနည်း သေပြီး ၁၀ ယောက်နဲ့အထက် ဒဏ်ရာရခဲ့တယ်လို့ လောင်းလုံးမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (ပကဖ) က ထုတ်ပြန်ထားပါတယ်။

(ဓာတ်ပုံ လောင်းလုံးမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့-ပကဖ)

လောင်းလုံးမြို့နယ်၊ ညင်းမော်ကျေးရွာဘုန်းကြီးကျောင်းမှာ တပ်စွဲဖို့ ရောက်ရှိလာတဲ့ အကြမ်းဖက် စစ်ကောင်စီတပ်ကို အောက်တိုဘာလ (၁၃)ရက်က ရင်းဘုတ်ရွာအနီးမှာ တစ်ကြိမ်၊ အောက်တိုဘာ (၁၄) ရက်က ဂေါ့အင်းရွာ အနီးမှာ တစ်ကြိမ်၊ အောက်တိုဘာ(၁၆)ရက်က အောက်ရေဖြူရွာအနီး တစ်ကြိမ် နှစ်ဖက်အပြန်အလှန် တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။

အဲ့ဒီတိုက်ပွဲတွေမှာ ဒရုန်းစစ်ဆင်ရေးတွေ တစ်ပတ်ခန့်အထိ တောက်လျှောက် ဖြစ်ပွားခဲ့သလို စစ်ကောင်စီတပ်က အရာရှိတစ်ယောက် အပါအ၀င် တပ်သား အနည်းဆုံး (၁ဝ) ယောက်နဲ့ အထက် ဒဏ်ရာရရှိခဲ့ပြီး အနည်းဆုံး(၁၃) ယောက် သေဆုံးနိုင်တယ်လို့ လောင်းလုံး ပကဖ က ဆိုပါတယ်။

အဲ့ဒီတိုက်ခိုက်မှုကို လောင်းလုံးမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(ပကဖ) ၊ ပြည်သူ့ကာကွယ်ရေးတပ်မတော် ထားဝယ်ခရိုင် အမှတ် ()တပ်ရင်း၊ နွေဦးပြောက်ကျားတပ်ဖွဲ့၊ ထားဝယ်ခရိုင် အမှတ်()တပ်ရင်း ပင်လယ်ကြယ်တပ်ခွဲ၊ ကျောင်းသားတော်လှန်ရေးတပ်ဖွဲ့၊ ထားဝယ်ခရိုင် ဒရုန်းစစ်ဆင်ရေးအဖွဲ့တွေ ပူးပေါင်းတိုက်ခိုက်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

လောင်းလုံးမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့-ပကဖ ၏ ထုတ်ပြန်ချက်
0 Shares:
You May Also Like
Read More

အာဏာသိမ်းပြီးနောက်ပိုင်း အကြမ်းဖက်ခေါင်းဆောင် မင်းအောင်လှိုင် ပထမဆုံးအကြိမ်အဖြစ် ဘန်ကောက်သို့ လာရောက်မည်ဟု ဆို

အာဏာသိမ်း အကြမ်းဖက်စစ်ခေါင်းဆောင် မင်းအောင်လှိုင်ဟာ ၂၀၂၁ ခုနှစ် အာဏာသိမ်းပြီးတဲ့နောက်ပိုင်း ပထမဆုံးအကြိမ်အဖြစ် ထိုင်းနိုင်ငံ ဘန်ကောက်မြို့ကို ဧပြီလထဲမှာ လာရောက်ဖို့ ရှိနေတယ်လို့ သိရပါတယ်။
Read More

မလေးဝန်ကြီးချုပ်နဲ့ သက်ဆင်တွေ့ဆုံ၊ မြန်မာ့အကျပ်အတည်းနဲ့ ဒေသတွင်းအရေး ဆွေးနွေး

မလေးရှားဝန်ကြီးချုပ် အန်ဝါအီဘရာဟင်ဟာ ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင်နဲ့ တွေ့ဆုံခဲ့ပြီး မြန်မာ့အကျပ်အတည်း ဖြေရှင်းရေးအပါအဝင် ဒေသတွင်းကိစ္စရပ်တွေကို ဆွေးနွေးခဲ့ကြတယ်လို့ Bernama သတင်းက ဒီဇင်ဘာ ၂၇ ရက်မှာ ဖော်ပြပါတယ်။
Read More

ကန့်ဘလူတွင် ဝါသဝနှင့် စစ်ကောင်စီတပ်တွေ ကျေးရွာ ၂ရွာကို ဝင်ရောက်စီးနင်း ကလေးငယ်အပါ အရပ်သား၃ယောက်ကို သတ်ပြီး ၃၀နီးပါးကိုလည်း လူသားဒိုင်းလုပ် ဖမ်းဆီးထား

အာဏာသိမ်းစစ်တပ်က ကျင်းပမယ့် ရွေးကောက်ပွဲကို မဟာဗျူဟာ ၅ ရပ်နဲ့ တိုက်ဖျက်ဆောင်ရွက်သွားမယ်လို့ ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြုကော်မတီ (CRPH) က ဖေဖော်ဝါရီလ ၅ ရက်နေ့မှာ အသိပေးထုတ်ပြန်ပါတယ်။
Read More

မူးမြို့နယ်မှာ စစ်ကောင်စီတပ် လက်နက်ကြီးပစ်ခတ်မှုကြောင့် အရပ်သား ၂ ဦး ဒဏ်ရာရ

ပဲခူးတိုင်း၊ ညောင်လေးပင်ခရိုင်၊ မူးမြို့နယ်အတွင်း အကြမ်းဖက်စစ်ကောင်စီရဲ့ လက်နက်ကြီးပစ်ခတ်မှုကြောင့် အရပ်သားပြည်သူ ၂ ယောက် ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး (KNU)က ထုတ်ပြန်ထားပါတယ်။
Read More

ကျွန်းလှအပါ မြို့နယ် ၃ ခုက ရွာတွေကို စစ်ကြောင်းဝင်နေတဲ့ အကြမ်းဖက်စစ်အုပ်စုတွေ အရပ်သားပိုင်ပစ္စည်းတွေ ခိုးယူပြီး ကြီးပွားနေ

စစ်ကိုင်းတိုင်း၊ ကန့်ဘလူခရိုင်အတွင်းက ​ကျွန်းလှမြို့နယ်အပါအဝင် မြို့နယ်၃ခုက ကျေးရွာတွေမှာ စစ်ကြောင်းဝင်ရောက်နေတဲ့ အကြမ်းဖက်စစ်အုပ်စုတွေဟာ အရပ်သားပိုင် တန်ဖိုးကြီးပစ္စည်းတွေ ခိုးယူသယ်ဆောင်ရင်း ကြီးပွားနေကြကြောင်း ကျွန်းလှ- ကန့်ဘလူ တက်ကြွလှုပ်ရှားသူများအဖွဲ့က ပြောပါတယ်။
Read More

မယ်တော်ဆေးခန်းတည်ထောင်ခြင်း ၃၅ နှစ်ပြည့်အခမ်းအနား ကျင်းပ

ထိုင်း - မြန်မာနယ်စပ် မဲဆောက်မြို့ရှိ ကျောင်းသားဆေးခန်း (ခေါ်) မယ်ထော် ဆေးခန်းတည်ထောင်ခြင်း ၃၅ နှစ်ပြည့် အထိမ်းအမှတ်နဲ့ ဆေးခန်းစတင်တည်ထောင်ခဲ့သူ ဆရာမကြီး ဒေါက်တာစင်သီယာမောင်ရဲ့ ၆၅ နှစ်မြောက်မွေးနေ့ ကျင်းပပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။