စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်အတွင်းက သီလုံးပျူစခန်း၊ ပန်ရံပျူစခန်းနဲ့ မြင်းချင်းပျူစခန်းတွေကို ဒရုန်းနဲ့ ဗုံးသီး ကြဲချတိုက်ခိုက်ခဲ့တယ်လို့ Shwebo Crocodile တပ်ဖွဲ့ထံက သိရပါတယ်။

အောက်တိုဘာ၂၃ရက်မနက်ပိုင်းကသီလုံးပျူစခန်းအတွင်းမင်္ဂလာဆောင်ကျင်းပနေတဲ့ပျူစောထီးတွေကိုဒရုန်းနဲ့ဗုံးသီး၃လုံး၊အောက်တိုဘာ၂၄ရက်ကသီလုံးအထိုင်ကင်းစခန်းကိုဗုံးသီး၂လုံး၊ပန်ရံပျူဂိတ်စခန်းကိုဒရုန်းနဲ့ဗုံးသီး၁လုံးကြဲချတိုက်ခိုက်ခဲ့တယ်လို့သိရပါတယ်။

ဒါ့အပြင်အောက်တိုဘာ၂၅ရက်ညပိုင်းကမြင်းချင်းဘုန်းကြီးကျောင်းအတွင်းကင်းယူနေတဲ့ပျူစောထီးတွေကိုဒရုန်းနဲ့ဗုံးသီး၂လုံးကြဲချတိုက်ခိုက်ခဲ့ရာပျူစောထီး၂ယောက်သေပြီးထိခိုက်ဒဏ်ရာရရှိသူတွေလည်းရှိတယ်လို့သိရပါတယ်။

အောက်တိုဘာ ၂၆ ရက် ညပိုင်းကလည်း သီလုံးပျူစောထီးတွေကို ဒရုန်းနဲ့ ဗုံးသီး ၃ လုံး ထပ်မံကြဲချတိုက်ခိုက်တယ်လို့ သိရပါတယ်။

အဲဒီတိုက်ခိုက်မှုတွေကို Shwebo Crocodile M.S.N ပြည်သူ့ကာကွယ်ရေး Drone တပ်ဖွဲ့(ဝလ) ရွှေဘိုမြို့နယ် ပြည်သူ့လုံခြုံရေးတပ်ဖွဲ့ ၊ Shwebo Western Revolution Group ၊စွန်ရဲရွှေဘို ဒေသခံအဖွဲ့( LDF) ဒေါင်းစစ်သည် ပြည်သူ့ကာကွယ်ရေးအဖွဲ့ ၊ ရွှေဘိုသားပြည်သူ့ကာကွယ်ရေးအဖွဲ့ ၊ Shwebo FederalArmy HG FIGHTRS Zay Yar Thwed Yaung Ni Fire dragon Force Eye For Eye ၊ မြင်းဖြူရှင် အဖွဲ့ ၊ Bo Ba Taw ၊ မဟာမိတ်ဖြစ်သော ဗိုလ်လင်း‌ရောင် ( ဒပယ ) ၊ ဇာမဏီဒေါင်း ၊ ရှင်းရှင်း ပြည်သူ့ကာကွယ်ရေးအဖွဲ့နဲ့ တပ်ပေါင်းစု ညီအကိုအဖွဲ့တွေက ပူးပေါင်းလုပ်ဆောင်ခဲ့ကြတာဖြစ်တယ်လို့ သိရပါတယ်။

0 Shares:
You May Also Like
Read More

TNLA ဦးဆောင်တဲ့ ကျောက်ကြီးတိုက်ပွဲမှာ ပါဝင်တိုက်ခိုက်ခဲ့တဲ့ ပကဖမိုးကုတ်ရဲဘော်တွေ တိုက်ပွဲဝင်မှတ်တမ်း (ရုပ်/သံ)

TNLA ဦးဆောင်ပြီး မိုးကုတ်ဗျူဟာ PDFတပ်ရင်း၊ 513 PDFတပ်ရင်းတွေနဲ့အတူ ၇ မိုင် ကျောက်ကြီးတိုက်ပွဲမှာ ပါဝင်တိုက်ခိုက်နေတဲ့ ပ.က.ဖ မိုးကုတ်ရဲဘော်များတွေရဲ့ တိုက်ပွဲဝင် မှတ်တမ်းပုံရိပ်တွေကို မိုးကုတ်မြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ မှ ထုတ်ပြန်လိုက်ပါတယ်။
Read More

ရန်ကုန်-မော်လမြိုင်ကားလမ်းပေါ်မှာ ကျိုက်ထိုမြို့နယ် စုံစမ်းစစ်ဆေးရေးဦးစီးဌာနမှ စုံမှူးအပါအဝင် ၃ ယောက် တိုက်ခိုက်ခံရပြီး စုံမှူးဒဏ်ရာရကာ ဒုစုံမှူးနဲ့ လ/ထစုံမှူး သေဆုံး (ရုပ်/သံ)

မွန်ပြည်နယ် သထုံခရိုင် ရန်ကုန်-မော်လမြိုင်ကားလမ်းပေါ်မှာ ကျိုက်ထိုမြို့နယ်စုံစမ်းစစ်ဆေးရေးဦးစီးဌာနမှ စုံမှူးအပါအဝင် ၃ ယောက် တိုက်ခိုက်ခံရပြီး စုံမှူးဒဏ်ရာရကာ ဒုစုံမှူးနဲ့ လ/ထစုံမှူး သေဆုံးခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော် တပ်ရင်း - ၇၈၀၅၊ တပ်ခွဲ ၄ ၊ UGထံက သိရပါတယ်။
Read More

ချောင်းဦးမြို့ပေါ်ရှိ မဲရုံနှင့် အကြမ်းဖက်စစ်တပ် တပ်စွဲထားသည့် နေရာများကို ဒရုန်းဗုံးကြဲပြီး ၆၀ မမ လက်နက်ကြီးဖြင့် ပစ်ခတ်တိုက်ခိုက် (ရုပ်/သံ)

စစ်ကိုင်းတိုင်း ချောင်းဦးမြို့ပေါ်က မဲရုံနေရာနဲ့ အကြမ်းဖက် စစ်သားတွေ တပ်စွဲထားတဲ့နေရာ တွေကို ဒရုန်းနဲ့ ဗုံးသီးကြဲချပြီး ၆၀ မမ လက်နက်ကြီးနဲ့ ပစ်ခတ်တိုက်ခိုက် ခဲ့တယ်လို့ Thanlarwaddy Column - BLDF မှ သတင်းထုတ်ပြန် ထားပါတယ်။
Read More

စလင်းမြို့က ထွက်လာတဲ့ စစ်ကောင်စီတပ်သားတွေနဲ့ တော်လှန်ရေးတပ်တွေ တိုက်ပွဲဖြစ်ပွားပြီး စစ်သားအများအပြားထိခိုက်သေဆုံး (ရုပ်/သံ)

မကွေးတိုင်း မင်းဘူးခရိုင် စလင်းမြို့ ခလရ ၂၅၃၊ ၂၅၄နဲ့ ၂၅၅ က  အင်အား ၃၀၀ ခန့်နဲ့ ထွက်လာတဲ့ စစ်ကောင်စီတပ်သားတွေနဲ့ တော်လှန်ရေးတပ်‌တွေ တိုက်ပွဲဖြစ်ပွားပြီး စစ်သားအများအပြားထိခိုက် သေဆုံးခဲ့တယ်လို့ ဒေါင်းစစ်အောင် LPDF ထံက သိရပါတယ်။
Read More

PDF Zoland ရဲဘော် သင်တန်းသူ၊ သင်တန်းသားတွေရဲ့ တန်းမြင့်လေ့ကျင့်ရေးသင်တန်းပုံရိပ်တွေကို ထုတ်ပြန် (ရုပ်/သံ)

ခက်ခဲကြမ်းတမ်းတဲ့ တန်းမြင့်လေ့ကျင့်ရေးသင်တန်းကို တက်ရောက်သင်ကြားနေတဲ့ ရဲဘော် သင်တန်းသူ၊ သင်တန်းသားတွေရဲ့ လေ့ကျင့်ရေး ပုံရိပ်တွေကို PDF Zoland မှ ထုတ်ပြန်လိုက်ပါတယ်။
Read More

တောင်သာလမ်းပိုင်းတွင် စစ်တပ်ကို ဖြတ်တောက်တိုက်ခိုက်ရင်း ရဲဘော် ချစ်ကိုနှင့် ရဲဘော် ဝက်ကြီး ကျဆုံးခဲ့ (ရုပ်/သံ)

မန္တလေးတိုင်း၊ မလိုင်ကနေ တောင်သာလမ်းပိုင်းသို့ စစ်ကြောင်းထိုးလာတဲ့ စစ်ကော်မရှင်တပ်သားတွေကို ဖြတ်တောက်တိုက်ခိုက်ရင်း ရဲဘော် ချစ်ကိုနှင့် ရဲဘော် ဝက်ကြီး ကျဆုံးခဲ့ရတယ်လို့ Taung Tha People Defense Force က သတင်းထုတ်ပြန်ထားပါတယ်။