မကွေးတိုင်း အောင်လံမြို့နယ်မှာ အောက်တိုဘာ ၂၇ ရက်က အကြမ်းဖက်စစ်သား ၂၅ ယောက် လိုက်ပါစီးနင်းလာတဲ့ လိုက်ထရပ်ယာဉ်ကို ကြူဝပ်/ကျောက်ပုံကျေးရွာနဲ့ သံပုရာခုံကျေးရွာအကြားမှာ တော်လှန်ရေးအင်အားစုတွေက မိုင်းဆွဲပြီး လက်နက် ငယ်တွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ၇ ယောက်သေပြီး အများအပြား ထိခိုက်ဒဏ်ရာရရှိသွားတယ် လို့ သရက်ခရိုင် အမှတ်၁ တပ်ရင်းထံက သိရပါတယ်။

တိုက်ခိုက်ခံရတဲ့ အကြမ်းဖက်စစ်သားတွေဟာ အောက်တိုဘာ ၂၁ ရက်ကနေ ၂၆ ရက်အထိ ကရင်မစမ်းကျေးရွာမှာ တပ်စွဲပြီး နယ်မြေ ရှင်းလင်းရေးလုပ်ဆောင်တာ၊ အရပ်သားပြည်သူနေအိမ်ရှိ စားနပ်ရိက္ခာ၊ ငွေကြေးယူဆောင်တာတွေ လုပ်ဆောင်နေတဲ့ စစ်ကြောင်းဖြစ်ပြီး အောက်တိုဘာ ၂၆ ရက်က တလုတ်ပင်အထိုင်စခန်းကို နေထိုင်ကာ အောက်တိုဘာ ၂၇ ရက်မှ အောင်လံမြို့သို့ ပြန်လည်ဆုတ်ခွာလာတဲ့ စစ်ကြောင်းဖြစ်တယ်လို့ သိရပါတယ်။

အဲဒီတိုက်ခိုက်မှုကို သရက်ခရိုင် အမှတ် () တပ်ရင်း၊ နေပြည်တော်တပ်ရင်း (၉၀၂)၊ နေပြည် တော်တပ်ရင်း (၈၀၄)၊ မကွေးတောင်ပိုင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့နဲ့ အောင်လံ ပကဖတို့က ပူးပေါင်းလုပ်ဆောင်ခဲ့ကြတာဖြစ်တယ်လို့ သိရပါတယ်။

0 Shares:
You May Also Like
Read More

ရေတာရှည်မြို့နယ်အတွင်း အကြမ်းဖက်စစ်တပ်နဲ့ တော်လှန်ရေးတပ်တွေ တိုက်ပွဲဖြစ်ပွားပြီး စစ်သား ၅ ယောက်ထက်မနည်းသေကာ ပြည်သူ့ရဲ‌ဘော် ၁ ယောက် ဒဏ်ရာရ (ရုပ်/သံ)

ပဲခူးတိုင်း၊ ရေတာရှည်မြို့နယ်၊ ရွာသစ်ကျေးရွာအတွင်း အထိုင်ချတပ်စွဲထားတဲ့ အကြမ်းဖက်စစ်တပ်ကို စက်တင်ဘာ ၂၃ ရက်က တော်လှန်ရေးတပ်တွေ ဒရုန်းနဲ့ ဗုံးသီးကြဲချပြီး မြေပြင် ကနေ တစ်ပြိုင်နက် ထိုးစစ်ဆင်တိုက်ခိုက်ခဲ့တယ်လို့ ပုဝါနီစစ်ကြောင်းထံက သိရပါတယ်။
Read More

Hornet PDF ရဲဘော်တွေ ဘာတွေလုပ်နေလဲ (ရုပ်/သံ)

ပျားတူတပ်ရင်းက ရဲ‌ဘော်တွေ တော်လှန်ရေးမှာ ဘာတွေလုပ်နေလဲ၊ သူတို့ကြုံနေရတဲ့အခက်အခဲက ဘာတွေလဲဆိုတာ Hornet PDF က မှတ်တမ်းရုပ်သံနဲ့တကွ တင်ပြထားပါတယ်။
Read More

ဖားကန့်မြို့နယ် ခွန်ဆာကုန်းသို့ စစ်ကောင်စီပစ်ခတ်တဲ့ လက်နက်ကြီးပေါက်ကွဲမှု မိသားစုလိုက်သေဆုံးမှုအပါအဝင် ၉ ယောက်ထက်မနည်းသေဆုံး (ရုပ်/သံ)

ကချင်ပြည်နယ် ဖားကန့်မြို့နယ် လုံးခင်းကျေးရွာ ခွန်ဆာကုန်းမှာ စစ်ကောင်စီပစ်ခတ်လိုက်တဲ့ လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲပြီး မိသားလိုက်သေဆုံးမှုအပါအဝင် ၉ယောက်ထက် မနည်းသေဆုံးခဲ့တယ်လို့ ဒေသခံသတင်းရင်းမြစ်များထံက သိရပါတယ်။
Read More

တရားမျှတမှုအတွက် ကမ္ဘာကြီးသို့သတင်းစကား

ဇူလိုင်လ ၁၇ ရက်နေ့ဟာ The World Day for International Justice Day (အပြည်ပြည်ဆိုင်ရာတရားမျှတမှုနေ့) ဖြစ်ပါတယ်။ စစ်အာဏာသိမ်းဖို့ ကြိုးပမ်းနေတဲ့ကာလတလျှောက် အကြမ်းဖက်စစ်အုပ်စုရဲ့ ရက်စက်မှုကြောင့် ပုံစံမျိုးစုံနဲ့ သေဆုံးခဲ့ရတဲ့ အပြစ်မဲ့ ကလေးငယ်တွေနဲ့ အရပ်သားတွေအတွက် တရားမျှတမှုပြန်ရနိုင်ဖို့ တောင်းဆိုသံတွေကို ကမ္ဘာကြီးက ကြားနိုင်ပါရဲ့လား။
Read More

လောင်းလုံးမြို့ စရဖ ရုံးကို RPG နှင့်ပစ်ခတ်တိုက်ခိုက်ခံရ၍ စစ်သား၂ ဦး သေဆုံး (ရုပ်/သံ)

စစ်ကောင်စီတပ် တပ်စွဲထားရာ လောင်းလုံးမြို့ပေါ်ရှိ စရဖရုံးကို တော်လှန်ရေးတပ်ဖွဲ့တွေက ဒီမနက် နံနက် ၁ဝနာရီခွဲလောက်မှာ သွားရောက်တိုက်ခိုက်ခဲ့တယ်လို့ ဒေါနချေမှုန်းရေးတပ်ခွဲ(၇)၊ Launglone Peninsula Force-LPF ကဒီကနေ့ ထုတ်ပြန်ပါတယ်။
Read More

အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် စစ်ဒေသ-၃ နေပြည်တော်တိုင်းစစ်ဌာနမှာ တပ်မှူးငယ်သင်တန်း အပတ်စဉ် (၁/၂၀၂၅) သင်တန်းကျင်းပ (ရုပ်/သံ)

အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် စစ်ဒေသ-၃ နေပြည်တော်တိုင်းစစ်ဌာန၊၊စစ်ဗျူဟာအမှတ်(၁၇)၊တပ်ရင်းအမှတ်(၈၀၄) ပျဥ်းမနားစစ်ကြောင်း၊ Royal Thunder Column ၊တပ်မှူးငယ်သင်တန်း အပတ်စဥ်(၁/၂၀၂၅) သင်တန်းမှတ်တမ်းပုံရိပ်တွေနဲ့ သင်တန်းဆင်းပွဲအခမ်းအနားကို နေပြည်တော် PDF မှ ထုတ်ပြန်လိုက်ပါတယ်။