မသင့်လျော်တဲ့ အပြုအမူတွေနဲ့ စည်းမျဉ်းစည်းကမ်းတွေကို ဖောက်ဖျက်ကျူးလွန်မှုတွေကြောင့် အလှမယ် သဲစုငြိမ်း ရရှိသွားတဲ့ Miss Grand International 2024 ရဲ့ တတိယဆု (2nd Runner-Up) ဆုကို ပြန်ရုပ်သိမ်းလိုက်တယ်လို့ Miss Grand International – MGI က အောက်တိုဘာလ ၂၈ ရက် ဒီနေ့မှာ တရားဝင် ကြေညာလိုက်ပါတယ်။

MGI ကြေညာချက် မထုတ်ပြန်ခင် မနေ့က အလှမယ် သဲစုငြိမ်းမှာ Miss Grand International Organization က နုတ်ထွက်ခဲ့တယ်လို့ သူ့ရဲ့ လူမှုကွန်ရက်မှာ Live လွှင့်ပြီး ပြောဆိုခဲ့တယ်လို့ သိရပါတယ်။

၁၂ ကြိမ်မြောက် Miss Grand International ပြိုင်ပွဲကို ထိုင်းနိုင်ငံ ဘန်ကောက်မြို့မှာ အောက်တိုဘာ ၂၅ ရက်က ကျင်းပခဲ့ရာ စစ်ဖြစ်ပွားနေတဲ့ မြန်မာနိုင်ငံကို ကိုယ်စားပြု ဝင်ပြိုင်တဲ့ အလှမယ် သဲစုငြိမ်းက Miss Grand International Myanmar – 2nd runner up ဆုကို ရရှိခဲ့ပြီး အိန္ဒိယအလှမယ် Rachel Gupta မှာ သရဖူဆွတ်ခူးခဲ့ကာ ဖိလစ်ပိုင်နိုင်ငံသူ Christine Julian Opiaza Philippines က 1st Runner-up ဆုရရှိခဲ့တာပါ။

MGI ၏ ထုတ်ပြန်ချက်

အလှမယ် သဲစုငြိမ်း တတိယဆု ရရှိခဲ့တဲ့အပေါ် သူ့ကိုထောက်ပံ့တဲ့အဖွဲ့နဲ့ ပရိသတ်တွေက အသက် ၂၀ အရွယ် အိန္ဒိယအလှမယ်ကို ဝေဖန်တိုက်ခိုက် ပြောဆိုမှုတွေပါ ရှိခဲ့ပြီး Miss Grand Myanmar ရဲ့ National ဒါရိုက်တာဖြစ်သူ ထူးအံ့လွင်ကလည်း ငွေကုန်ကြေးကျများခဲ့ပေမယ့် ရလာတဲ့ ရလဒ်ကို လက်မခံနိုင်တဲ့အတွက် မြန်မာအလှမယ် သဲစုငြိမ်း ရရှိခဲ့တဲ့ သရဖူကို ပြန်အပ်မယ်လို့ လူသိရှင်ကြား ပြောထားပါတယ်။

ဒါ့အပြင် ပြိုင်ပွဲအပြီး ဒါရိုက်တာ ထူးအံ့လွင်ရဲ့ သရဖူနဲ့ စလွယ်ကို အလျင်အမြန် ဆွဲချွတ်လိုက်တဲ့ ဗီဒီယိုလည်း ပေါ်ထွက်ခဲ့ပြီးနောက် အလှမယ် သဲစုငြိမ်း ရရှိသွားတဲ့ 2nd Runner-Up ကို ပြန်ရုပ်သိမ်းလိုက်တယ်လို့ MGI က ကြေညာချက် ထုတ်ပြန်လာတာပါ။

အလှမယ်သဲစုငြိမ်းဟာ ပြိုင်ပွဲဆောင်ပုဒ်ဖြစ်တဲ့ “Stop The War and Violence” နဲ့ ကွဲလွဲကာ စစ်ဘေးသင့်မြန်မာပြည်အတွက် လျစ်လျူရှုနှုတ်ဆိတ်ခဲ့တဲ့အပေါ် ဝေဖန်ရှုတ်ချမှုတွေလည်း ရှိခဲ့ပြီး မြန်မာစစ်တပ်က အာဏာသိမ်းပြီးနောက် ၂၀၂၁ ခုနှစ်က နိုင်ငံတကာပြိုင်ပွဲမှာ သွားရောက်ယှဉ်ပြိုင်ခဲ့တဲ့ Miss Universe Myanmar သူဇာဝင့်လွင်နဲ့ Miss Grand Myanmar ဟန်လေးတို့ကသာ နိုင်ငံရဲ့ အခြေအနေကို ဖွင့်ဟထုတ်ပြောခဲ့တာဖြစ်ပါတယ်။

အဲ့လိုဖွင့်ဟထုတ်ပြောခဲ့တာကြောင့် Miss Universe Myanmar သူဇာဝင့်လွင်နဲ့ Miss Grand Myanmar ဟန်လေးတို့ဟာ ပြိုင်ပွဲပြီးချိန်ကတည်းက မြန်မာနိုင်ငံကို မပြန်နိုင်ဘဲ လက်ရှိအချိန်အထိ ပြည်ပနိုင်ငံတွေမှာ ခိုလှုံနေထိုင်နေရတာဖြစ်ပါတယ်။

(ဓာတ်ပုံ Miss Grand Myanmar ၏ Facebook စာမျက်နှာ)
0 Shares:
You May Also Like
Read More

နိုင်ငံရေးအကျဥ်းသားအားလုံး လွတ်မြောက်ရေးနှင့် ရွေးကောက်ပွဲအတု ဆန့်ကျင်ရေး လန်ဒန်မြို့ ပါလီမန်ရှေ့ မြန်မာ ၇၀၀ ခန့် ဆန္ဒပြ

လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် အပါအဝင် နိုင်ငံရေးအကျဥ်းသားအားလုံး လွတ်မြောက်ရေးအတွက် ဒေါ်အောင်ဆန်းစုကြည်ရဲ့ သားဖြစ်သူ ကိုထိန်လင်း ဦးဆောင်တဲ့ All in One Piece ကမ္ဘာလုံးဆိုင်ရာ လှုပ်ရှားမှုကို ဒီဇင်ဘာ ၁၃ ရက် မနေ့က လန်ဒန်မြို့မှာ ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။ 
Read More

စစ်အာဏာရှင်လက်အောက် အနှစ်သာရ ကင်းမဲ့နေတဲ့ မြန်မာသင်္ကြန် ယူနက်စကို စာရင်းဝင်ခဲ့ပြီ

မြန်မာ့ရိုးရာအတာသင်္ကြန်ဟာ မြန်မာပြည်သူပြည်သားတွေ အားလုံးမျှော်လင့်နေတဲ့ ယူနက်စကိုရဲ့ ကမ္ဘာ့ဒြပ်မဲ့ယဉ်ကျေးမှုစာရင်းဝင်အဖြစ် အသိအမှတ်ပြု စာရင်းဝင်ခဲ့ပါပြီ။
Read More

(AA နှင့်) ကင်းကင်းရှင်းရှင်း နေချင်ရင်တောင် နေလို့မရတော့ပါဘူး၊ ရခိုင်ကို လူသားစာနာ အကူအညီပေးရေးစင်္ကြံဖွင့်ဖို့ ကုလသမဂ္ဂ၏ တောင်းဆိုချက် ဘင်္ဂလားဒေ့ရှ် သဘောတူ

ဘင်္ဂလားဒေ့ရှ်ကတဆင့် မြန်မာပြည်ကို လူသားချင်းစာနာမှု အကူအညီပေးရေးစင်္ကြံဖွင့်ဖို့ ကုလသမဂ္ဂရဲ့ တောင်းဆိုချက်ကို ဘင်္ဂလားဒေ့ရှ်က သဘောတူညီခဲ့ကြောင်း တာဝန်ရှိသူတွေက ပြောပါတယ်။
Read More

မြန်မာနှင့် ကြားခံစစ်ပွဲမှာ ဝင်မပါဘူးဟု ဘင်္ဂလားဒေ့ရှ်ပြော၊ဘင်္ဂလားဒေ့ရှ်မှတဆင့် ရခိုင်ဒေသကို လူသားချင်းစာနာမှု အကူအညီပေးမယ့်ကိစ္စအပေါ် သဘောထားကွဲလွဲမှုများ ရှိနေ

ရခိုင်ပြည်နယ်ကို အရေးပေါ်ကယ်ဆယ်ရေး အကူအညီတွေပေးပို့မယ့် လူသားချင်းစာနာမှုစင်္ကြံနဲ့ ပတ်သက်လို့ အငြင်းပွားမှုတွေနဲ့ ကန့်ကွက်မှုတွေရှိနေတဲ့အကြား ဘင်္ဂလားဒေ့ရှ် အမျိုးသားလုံခြုံရေးအကြံပေး Khalilur Rahman က မြန်မာနဲ့ ဘယ်ကြားခံစစ်ပွဲမှာမှ ဝင်မပါဘူးလို့ ပြောကြားခဲ့ပါတယ်။
Read More

နောက်ရွေးကောက်ပွဲများလည်း လေ့လာစောင့်ကြည့်ဦးမည်ဟု ထိုင်း ‌ပြော 

ထိုင်းအနေနဲ့ အာဏာသိမ်းစစ်အုပ်စုက ပြုလုပ်တဲ့ ရွေးကောက်ပွဲ အပိုင်း ၃ ပိုင်းလုံးကို လေ့လာစောင့်ကြည့်သွားမယ်လို့ သိရပါတယ်။
Read More

ဒေါ်အောင်ဆန်းစုကြည်နှင့် ဖမ်းဆီးခံပြည်သူများကို ပြန်လွှတ်ပေးဖို့ ဗြိတိန်နိုင်ငံခြားရေးဝန်ကြီး တောင်းဆို

ဒေါ်အောင်ဆန်းစုကြည်နဲ့ မတရားဖမ်းဆီးခံထားရသူတွေအားလုံးကို ပြန်လွှတ်ပေးဖို့ ဗြိတိန်နိုင်ငံခြားရေးဝန်ကြီး David Lammy က တောင်းဆိုလိုက်ကြောင်း မြန်မာနိုင်ငံဆိုင်ရာ ဗြိတိန်သံရုံးက အသိပေးထုတ်ပြန်ပါတယ်။