ပဲခူးတိုင်း မြို့နယ် ၄ ခုက ဖြစ်ပွားခဲ့တဲ့တိုက်ပွဲများအတွင် စစ်ကောင်စီတပ်သား ၁၇ ဦးသေဆုံးခဲ့တယ်လို့ တောင်ပိုင်းစစ်ဒေသ အသိပေးထုတ်ပြန်ပါတယ်။

တောင်ပိုင်းစစ်ဒေသ၊ အမှတ် ()စစ်ဒေသခွဲနယ်မြေတွင် ၃ ရက်အတွင်း စစ်ကောင်စီတပ်သား ၁၇ ဦး သေဆုံးအောင် တိုက်ခိုက်နိုင်ခဲ့ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်သူ့ကာကွယ်ရေးတပ်မတော် တောင်ပိုင်းစစ်ဒေသက ထုတ်ပြန်ပါတယ်။

ပဲခူးတိုင်းထဲကမြို့တွေဖြစ်တဲ့ကြို့ပင်ကောက်မြို့နယ်၊ ပဲနွယ်ကုန်းမြို့နယ်၊ ကျောက်ကြီးမြို့နယ်နှင့် တောင်ငူမြို့နယ်တို့၌ ပြီးခဲ့သည့် သုံးရက်အတွင်း ထိတွေ့တိုက်ပွဲတွေဖြစ်ပွါးခဲ့တာပါ။

တိုက်ပွဲတွေအတွင်း စစ်ကောင်စီတပ်သား ၁၇ဦးသေဆုံးပြီး ၆ဦး ဒဏ်ရာရရှိခဲ့ပါတယ်။

တိုက်ပွဲတွေအတွင်း ရေတာရှည်ပကဖက စစ်ကောင်စီထံကနေ လက်နက်တွေ သိမ်းဆည်း ရရှိမိခဲ့ကြောင်း သိရပါတယ်။

တိုက်ခိုက်မှုများကို ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ) နှင့် KNLA တပ်ရင်း() ဒရုန်းအဖွဲ့တို့ ပူးပေါင်းဆောင်ရွက်ခဲ့ခြင်းဖြစ်ပါတယ်။

0 Shares:
You May Also Like
Read More

စစ်ကိုင်း ပကဖ ရဲဘော်များ ရခိုင်စစ်မျက်နှာမှာ AA နှင့်အတူ တိုက်ပွဲဝင်ခဲ့၊ ပကဖ ရဲဘော် ၁၄ ဦးကျဆုံးပြီး ၄၇ ဦး ဒဏ်ရာရရှိခဲ့

ရခိုင်ပြည်နယ် စစ်မျက်နှာမှာ ရက္ခိုင့်တပ်တော် နဲ့ အတူ အမျိုးသားညီညွတ်ရေးအစိုးရ(NUG)၊ ကာကွယ်ရေးဝန်ကြီးဌာနလက်အောက်ရှိ စစ်ကိုင်းတိုင်း ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) တိုက်ခိုက်ရေးရဲဘော်တွေ တိုက်ပွဲဝင်ခဲ့တယ်လို့ ပကဖ အသံက ဒီနေ့မှာ သတင်းဖော်ပြထားပါတယ်။
Read More

သီပေါမြို့တွင် စစ်ကောင်စီတပ်မှ လေကြောင်းဖြင့် ဗုံးများ လာရောက်ကြဲချတိုက်ခိုက်ဟု TNLA ထုတ်ပြန်

ရှမ်းပြည်နယ်မြောက်ပိုင်း၊ သီပေါမြို့မှာ အကြမ်းဖက်စစ်ကောင်စီတပ်က လေကြောင်းနဲ့ ဗုံး (၃)လုံး လာရောက်ကြဲချတိုက်ခိုက်ခဲ့တယ်လို့ တအာင်းတပ်မတော် (TNLA) က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

ရွှေဘိုမြို့နယ်အတွင်း စစ်ကောင်စီတပ်စခန်း ၄ ခုကို ထိုးစစ်ဆင် တိုက်ခိုက်သိမ်းပိုက်၊ ခမရ-၁၂တပ်ရင်းမှ ဒုတပ်ရင်းမှူး ဗိုလ်မှူး ချမ်းလွင်မောင်ကို အရှင်ဖမ်းမိပြီး စစ်သား ၉ ဦး သေဆုံး 

စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်အတွင်းရှိ အကြမ်းဖက်စစ်ကောင်စီ တပ်စခန်းတွေဖြစ်တဲ့ ဟင်္သာကြီးကျေးရွာပျူစခန်း၊ ဘိုးနတ်တောင်စခန်း၊ တောင်လှဗျူဟာစခန်းနဲ့ ဘိုးထွန်းကျော်ဗျူဟာတို့ကို တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ပြီး ဒုတပ်ရင်းမှူး ဗိုလ်မှူး ချမ်းလွင်မောင်ကို အရှင်ဖမ်းမိကာ စစ်သား ၉ ယောက် သေဆုံးခဲ့တယ်လို့ တိုက်ပွဲဖော်ဆောင်ခဲ့တဲ့ တပ်ရင်းတွေက သတင်းထုတ်ပြန်ထားပါတယ်။
Read More

ကေတုမတီ လေတပ်ဝန်းအတွင်း ဆီလှောင်ကန်များရှိရာကို ရှော့တိုက်ဒုံး ၆ လုံးဖြင့် တိုက်ခိုက်ရာ ၆ လုံးစလုံး အောင်မြင်စွာ ပစ်ခတ်နိုင်ခဲ့

ပဲခူးတိုင်း၊ တောင်ငူမြို့နယ်က အကြမ်းဖက်စစ်အုပ်စုရဲ့ ကေတုမတီလေတပ်ဝန်းအတွင်းကို ရှော့တိုက်ဒုံးတွေနဲ့ သွားရောက်ပစ်ခတ်တိုက်ခိုက်မှုမှာ စစ်အုပ်စုထိခိုက်မှုတွေရှိနိုင်ကြောင်း Brave Warriors For Myanmar (BWM) တာဝန်ရှိသူက မောင်းကိုပြောပါတယ်။ ဒီဇင်ဘာလ၉ရက် မနေ့ညပိုင်းမှာ တောင်ငူ ကေတုမတီလေတပ်ဝန်းထဲမှာရှိတဲ့ ဆီလှောင်ကန်တွေရှိရာကို BWM နဲ့ မဟာမိတ်တွေက ရှော့တိုက်ဒုံးတွေနဲ့ ပစ်မှတ်ထား တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။
Read More

အာဏာသိမ်းကာလ ၄နှစ်ကျော်အတွင်း အကြမ်းဖက်စစ်တပ်စခန်းပေါင်း ၂၀၀ နီးပါးကို KNU သိမ်းပိုက်နိုင်ခဲ့

အကြမ်းဖက်စစ်တပ် အာဏာသိမ်းပြီးနောက်ပိုင်း ၄နှစ်ကျော်ကာလအတွင်း ကရင်အမျိုးသားအစည်းအရုံး KNU နဲ့ မဟာမိတ်တွေက ခရိုင် (၇) ခုအတွင်းရှိ စစ်အုပ်စုစခန်းပေါင်း ၂၀၀ နီးပါးကို တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့တယ်လို့ ဒီဇင်ဘာလ ၉ ရက် ဒီနေ့ထုတ်ပြန်တဲ့ ကရင်ငြိမ်းချမ်းရေးအထောက်အကူပြုကွန်ယက်(KPSN) ရဲ့ "အ ရှေ့ဘက်နယ်စပ်ကို ပြန်လည်သိမ်းပိုက်ခြင်း" အစီရင်ခံစာက ဆိုပါတယ်။
Read More

အောင်လံနှင့် ဆင်ပေါင်ဝဲတွင် စစ်အုပ်စုနှင့် တော်လှန်ရေးတပ်များ စစ်ရေးတင်းမာနေ၊ စစ်အုပ်စုဘက်မှ အယောက် ၇၀ ဝန်းကျင် ထိခိုက် သေဆုံးထား

မကွေးတိုင်း၊ အောင်လံခရိုင်အတွင်းက အောင်လံနဲ့ ဆင်ပေါင်ဝဲမြို့နယ်တွေမှာ စစ်ကြောင်းထိုးဝင်ရောက်နေတဲ့ အကြမ်းဖက်စစ်ကော်မရှင်တပ်နဲ့ တော်လှန်ရေးတပ်တွေကြား ထိတွေ့တိုက်ပွဲတွေရှိနေပြီး စစ်ကော်မရှင်ဘက်က အယောက် ၇၀ နီးပါး ထိခိုက်သေဆုံးထားကြောင်း အောင်လံမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (အောင်လံ ပ.က.ဖ) က သတင်းထုတ်ပြန်ပါတယ်။