၁၀၂၇ စစ်ဆင်ရေး  တစ်နှစ်ပြည့်မြောက်ချိန်မှာ စစ်ကောင်စီရဲ့ လေကြောင်းနဲ့ လက်နက်ကြီး တိုက်ခိုက်မှုတွေကြောင့် ရှမ်းပြည်နယ်မြောက်ပိုင်းမှာ သေဆုံးသူနဲ့ ဒဏ်ရာရသူ စုစုပေါင်း ၁၀၀၀ ကျော်အထိ ရှိခဲ့တယ်လို့ လူ့အခွင့်အရေးဆိုင်ရာ လှုပ်ရှားမှုကွန်ရက် (HRAN)က ထုတ်ပြန်ပါတယ်။

ရှမ်းပြည်နယ်မြောက်ပိုင်းမြို့နယ်တွေမှာ စစ်ကောင်စီက လေကြောင်းနဲ့ လက်နက်ကြီးပစ်ခတ်တိုက်ခိုက်တာကြောင့် သေဆုံးသူ ၃၃၉ ယောက်နဲ့ ဒဏ်ရာရသူ ၆၇၂ ယောက်ရှိခဲ့ပြီး စုစုပေါင်း ပြည်သူ ၁ဝ၁၁ ယောက် သေဆုံးတာနဲ့ ဒဏ်ရာရတာတွေဖြစ်ခဲ့တယ်လို့ လူ့အခွင့်အရေးဆိုင်ရာလှုပ်ရှားမှုကွန်ရက်(HRAN)က မနေ့က အောက်တိုဘာ ၂၇ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။

ဒါဟာ ၁၀၂၇ စစ်ဆင်ရေးကာလအတွင်း ရှမ်းမြောက်ဒေသတစ်ခွင်မှာ စစ်ကောင်စီကြောင့် အရပ်သားပြည်သူသေဆုံးမှုကို စာရင်းပြုစုထားခြင်း ဖြစ်ပါတယ်။

တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA)၊ ကိုးကန့်တပ်မတော် (MNDAA) နဲ့ အာရက္ခတပ်တော် (AA) တို့ပူးပေါင်းထားတဲ့ မြောက်ပိုင်းညီနောင်မဟာမိတ်အဖွဲ့ရဲ့  ၂၀၂၃ အောက်တိုဘာ ၂၇ ရက်နေ့မှာ စတင်ခဲ့တဲ့၁၀၂၇ စစ်ဆင်ရေးဟာ မနေ့က အောက်တိုဘာ ၂၇ ရက်နေ့မှာ တစ်နှစ်ပြည့်ခဲ့ပြီဖြစ်ပါတယ်။

လက်ရှိအချိန်အထိရှမ်းမြောက်ဒေသကမြို့တွေအများစုကိုညီနောင်မဟာမိတ်တပ်ဖွဲ့တွေကသိမ်းပိုက်ထိန်းချုပ်ထားပြီးစစ်ကောင်စီကနေ့စဉ်ရက်ဆက်ဆိုသလိုလေကြောင်းကနေဗုံးကြဲတိုက်ခိုက်မှုတွေပြုလုပ်လျက်ရှိနေပါတယ်။

တစ်နှစ်တာအတွင်း ရှမ်းပြည်နယ်မြောက်ပိုင်းက ပြည်သူတွေရဲ့နေအိမ်၊ စာသင်ကျောင်း၊ ဆေးရုံ၊ ဆေးခန်းနဲ့ ဘာသာရေးအဆောက်အဦးတွေအပါအဝင် အဆောက်အအုံ စုစုပေါင်း တစ်ထောင့်ကိုးရာကျော် (၁၉၀၉) ပျက်ဆီးဆုံးရှုံးခဲ့တယ်လို့လည်း ဖော်ပြထားပါတယ်။

ဒါ့အပြင် စစ်ကောင်စီကို လက်နက်နဲ့ လေယာဉ်ရောင်းချနေတာတွေကိုလည်း နိုင်ငံတကာက အမြန်ဆုံး ပိတ်ဆို့အရေးယူမှုတွေ ပြုလုပ်ပေးဖို့ တိုက်တွန်းတောင်းဆိုလိုက်ပါတယ်။

HRAN အစီရင်ခံစာ မျက်နှာဖုံး
0 Shares:
You May Also Like
Read More

AA ထိန်းချုပ်နယ်မြေများအား စစ်အုပ်စု အပြင်းအထန် ထိုးစစ်ဆင်လာသဖြင့် စစ်ရေးအထူးသတိထားကြရန် AA ထုတ်ပြန်… ကျောက်ဖြူအပါ ပင်လယ်ကမ်းစပ်မြို့များတွင် စစ်အုပ်စု ထိုးစစ်အတွင်း စစ်အုပ်စုမှ ထိခိုက်သေဆုံးမှု များပြားဟု ဆို…

အာရက္ခတပ်တော် AA ရဲ့ ထိန်းချုပ်နယ်မြေတွေမှာ အကြမ်းဖက်စစ်အုပ်စုက ရေကြောင်း၊ လေကြောင်း တိုက်ခိုက်မှုတွေ ပြုလုပ်လာတာကြောင့် စစ်ရေးအန္တရာယ် သတိထားဖို့ AA က အောက်တိုဘာ ၁၀ ရက် မနေ့က ညပိုင်းမှာ ထုတ်ပြန်ပါတယ်။
Read More

ငါန်းဇွန်မြို့နယ်ထဲ တိုက်ပွဲ ၁၀ ရက်ကျော်လာပြီဟု ဆို

မန္တလေးတိုင်း၊ ငါန်းဇွန်မြို့နယ်က ကျေးရွာတွေမှာ မဲလက်မှတ်သွားရောင်းရာကနေ စစ်ကောင်စီစစ်ကြောင်းနဲ့ ထိပ်တိုက်တိုးပြီး တိုက်ပွဲဖြစ်ပွားနေတာ ၁၀ ရက်ကျော်လာနေပြီလို့ မြောင်မြို့နယ် ပြည်သူ့ကာကွယ်ရေးနှင့် လုံခြုံရေးအဖွဲ့ CDSOM တပ်ဖွဲ့ထံက သိရပါတယ်။
Read More

စစ်ကောင်စီလက်အောက်ခံ BGF တပ် အခြေခံစစ်ပညာသင်တန်း ပြုလုပ်

အကြမ်းဖက်စစ်ကောင်စီ လက်အောက်ခံ ကရင်အမျိုးသားတပ်မတော် (KNA) လို့ နာမည်ပြောင်းထားတဲ့ ကရင်နယ်ခြားစောင့်တပ် (BGF) က အမှတ်စဉ် (၁၅) အခြေခံစစ်ပညာသင်တန်းဖွင့်ပွဲကို ဖေဖော်ဝါရီ ၂၅ ရက် မနေ့က BGF ထိန်းချုပ်နယ်မြေ ရွှေကုက္ကိုလ်မြို့သစ်မှာ ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။
Read More

သပိတ်ကျင်းမြို့နယ်၊ ရေထွက်ရွာကို စစ်တပ်က လေယာဉ်ဖြင့် ထပ်မံဗုံးကြဲရာ ကလေးများ အပါအဝင် ပြည်သူ ၁၃ ဦး ထပ်မံသေဆုံး၊ သပိတ်ကျင်းမြို့နယ်မှာ ၂ရက်ဆက် စစ်ကောင်စီ လေကြောင်းတိုက်ခိုက်မှုကြောင့် သေဆုံးသူ ၂၆ ဦး ရှိလာ…

မန္တလေးတိုင်း၊ သပိတ်ကျင်းမြို့နယ်၊ ရေထွက်ရွာကို အကြမ်းဖက်စစ်တပ်က လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်မှုကြောင့် အသက် ၅ နှစ်အောက် ကလေးငယ် ၂ ယောက် အပါအဝင် ပြည်သူ ၁၃ ယောက် သေဆုံးပြီး ထိခိုက် ဒဏ်ရာရသူ ၂၀ ကျော်ရှိတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
Read More

မယ်သမီခီး(ထီးခီး)ကျေးရွာအတွင်း အကြမ်းဖက်စစ်တပ် လေကြောင်းဗုံးကြဲမှုကြောင့် ပြည်သူ‌ပိုင် နေအိမ်နှင့် အဆောက်အအုံအချို့ ထိခိုက်ပျက်စီး၊ ဒေသခံ ၃၅၀ ကျော် တိမ်းရှောင်နေရဟု KNU ပြော

တနင်္သာရီတိုင်း၊ ထားဝယ်မြို့နယ်၊ မယ်သမီခီး(ထီးခီး)ကျေးရွာအတွင်း အကြမ်းဖက်စစ်တပ်ရဲ့ လေကြောင်း ဗုံးကြဲမှုကြောင့် ပြည်သူ‌ပိုင် နေအိမ်နဲ့ အဆောက်အအုံတချို့ ထိခိုက်ပျက်စီးခဲ့တယ်လို့ KNU - မြိတ်ထားဝယ်ခရိုင်က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

ပြည်သူတွေဟာ သဘာ၀ဘေးအန္တရာယ်နှင့်အတူ လူလုပ်ကပ်ဘေး စစ်အာဏာရှင်စနစ်ဆိုးကို ကြုံတွေ့နေရဟု NUG ယာယီသမ္မတ ပြော

မြန်မာပြည်သူတွေဟာ သဘာ၀ဘေးအန္တရာယ်နဲ့အတူ လူလုပ်ကပ်ဘေးဖြစ်တဲ့ စစ်အာဏာရှင်စနစ်ဆိုးကို ကြုံတွေ့နေရတယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ရဲ့ ယာယီသမ္မတ ဒူဝါလရှီးလက ပြောကြားလိုက်ပါတယ်။