TNLA ထိန်းချုပ်ထားတဲ့  ရှမ်းမြောက်က နမ့်ခမ်းမြို့ကို ဒီနေ့ အောက်တိုဘာ ၂၇ ရက် မနက် ၇နာရီခွဲလောက်မှာ လေကြောင်းကနေ ၃ကြိမ်တိုင်တိုင် ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ TNLA က အသိပေးထုတ်ပြန်ပါတယ်။

ရှမ်းပြည်နယ်မြောက်ပိုင်းရှိ ပလောင် (တအာင်း) အမျိုးသား လွတ်မြောက် ရေးတပ်မတော် (TNLA) ထိန်းချုပ်ထားတဲ့နမ့်ခမ်းမြို့ကို ယနေ့ နံနက် ၇ နာရီ ၃၅ မိနစ်မှ ၈ နာရီ ၁၄ မိနစ်အတွင်း လေကြောင်းဖြင့် ၃ ကြိမ် ဗုံးကြဲခဲ့ကြောင်း TNLA ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

တိုက်ခိုက်ခံရတဲ့နေရာနဲ့ ထိခိုက်ဒဏ်ရာရရှိမှု အခြေအနေကိုတော့ TNLA ရဲ့ထုတ်ပြန်ချက်မှာ ဖော်ပြထားခြင်း မရှိပါဘူး။

(ဓာတ်ပုံ The Ta’ang Post)

ပြီးခဲ့တဲ့စက်တင်ဘာ ၆ ရက်မနက်ပိုင်းတွင်လည်း နမ့်ခမ်းမြို့ကို စစ်ကောင်စီက ဗုံးကြဲတိုက်ခိုက်ခဲ့သောကြောင့် နမ့်ခမ်းမြို့ ညစျေးအနီးရှိ ပြည်သူများ၏ နေအိမ်များပေါ်နှင့် ကျားဖြူခန်းမအနီးကျရောက်ပြီး ကိုယ်ဝန်ဆောင် အမျိုးသမီး၊ ကလေးငယ်အပါအဝင် ပြည်သူ ၁၁ ဦး သေဆုံးကာ ၁၁ ဦး ဒဏ်ရာရရှိခဲ့ကြောင်း TNLA က ထုတ်ပြန်ထားပါတယ်။

ဒီနေ့ဟာ  ၁၀၂၇ စစ်ဆင်ရေးစတင်မှု ၁ နှစ်ပြည့်မြောက်တဲ့ နေ့လည်းဖြစ်ပြီး စစ်ကောင်စီက နမ့်ခမ်းမြို့အပါအဝင် လောက်ကိုင်မြို့ကိုလည်း မနေ့က ညပိုင်းလောက်မှာ ဗုံးကြဲတိုက်ခိုက်ခဲ့ပါသေးတယ်။

၁၀၂၇ စစ်ဆင်ရေး တစ်နှစ်ပြည်မြောက်ချိန်မှာ စစ်ကောင်စီက ရှမ်းမြောက်ဒေသကို လေကြောင်းတိုက်ခိုက်မှုတွေ အရှိန်မြှင့်မယ်လို့လည်း သတင်းတွေ ထွက်ပေါ်နေပါတယ်။

(ဓာတ်ပုံ The Ta’ang Post)
0 Shares:
You May Also Like
Read More

တော်လှန်ရေးတပ်များ ထိန်းချုပ်ထားပြီဖြစ်သည့် မင်းတပ်မြို့မှာ ပြန်လည်နေထိုင်မယ့် ပြည်သူများ ဘေးအန္တရာယ်ကင်းစေရန် ခွေးနှင့်ကြောင်များကို ကာကွယ်ဆေးထိုးပေး

ချင်းပြည်နယ်၊ မင်းတပ်မြို့ကို တော်လှန်ရေးတပ်တွေ အလုံးစုံထိန်းချုပ်ပြီးတဲ့နောက် ပြန်လည်နေထိုင်ကြမယ့် ပြည်သူတွေ ဘေးအန္တရာယ်ကင်းစေဖို့ ခွေးနဲ့ ကြောင်တွေကို မင်းတပ်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ကာကွယ်ဆေးထိုးနှံပေးခဲ့တယ်လို့ ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

ဂွမြို့ကို အလုံးစုံသိမ်းပိုက်ထိန်းချုပ်နိုင်ဖို့ လက်တစ်ကမ်းသာလိုတော့ဟု AA ထုတ်ပြန်

ဧရာ၀တီတိုင်းနဲ့ ထိစပ်နေတဲ့ ရခိုင်ပြည်နယ်က ဂွမြို့ ကို အာရက္ခတပ်တော် AA က လက်ရသိမ်းဆည်းနိုင်ဖို့ အနီးစပ်ဆုံးကို ရောက်ရှိနေပြီဖြစ်ကြောင်း AA က ဒီဇင်ဘာ ၂၁ ညပိုင်းမှာ ထုတ်ပြန်ပါတယ်။
Read More

ဝက်လက်မြို့နယ်၊ ရုံပင်ကုန်းကျေးရွာအနီး အကြမ်းဖက်စစ်တပ် ဗုံးကြဲတိုက်ခိုက်မှုကြောင့် ၄ ဦး သေဆုံးပြီး ၆ ဦးခန့် ဒဏ်ရာရ

စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်၊ ရုံပင်ကုန်းကျေးရွာအနီး အကြမ်းဖက်စစ်တပ်က ဂျက်ဖိုက်တာနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့ရာ အရပ်သားပြည်သူ ၄ ယောက် သေဆုံးပြီး ၆ ယောက်ခန့် ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ Wetlet Informational Network က ဒီနေ့ ညပိုင်းမှာ သတင်းထုတ်ပြန်ပါတယ်။
Read More

လားရှိုးက တရုတ်ကွမ်ရင် ဘုရားကျောင်းကို စစ်ကောင်စီ ရည်ရွယ်ချက်ရှိရှိ ဗုံးကြဲတိုက်ခိုက်

လာရှိုးက တရုတ်ဘာသာရေး ကွမ်ရင်ဘုရားကျောင်းကို စစ်ကောင်စီက တမင်ပစ်မှတ်ထား တိုက်ခိုက်ခြင်းဖြစ်တယ်လို့ MNDAA က အောက်တိုဘာ ၄ရက်၊ ဒီနေ့ နေ့လယ်ပိုင်းမှာ ထုတ်ပြန်ပါတယ်။
Read More

တော်လှန်ရေးတပ်ဖွဲ့အချင်းချင်း ယုံကြည်မှု၊ အမိန့်နာခံမှု၊ စုဖွဲ့မှု အားကောင်းကောင်းနဲ့ သိမ်းယူနိုင်ခဲ့တဲ့ ရေလာလေးစခန်း

မကွေးတိုင်း၊ ပခုက္ကူမြို့နယ်က အကြမ်းဖက်စစ်အုပ်စုတွေ ရှိနေတဲ့ ရေလာလေးစခန်းကို တော်လှန်ရေးတပ်ဖွဲ့တွေ စုပေါင်းကာ ဒီဇင်ဘာ ၁၁ ရက်နေ့က ဝင်ရောက် စီးနင်းတိုက်ခိုက် သိမ်းယူနိုင်ခဲ့ပါတယ်။
Read More

ကျောက်ကြီးမြို့နယ်၊ အုန်းပင်စုကျေးရွာ စစ်ကောင်စီတပ်စခန်းကို တိုက်ခိုက်ချေမှုန်း၊ စစ်သားအလောင်း ၈ လောင်းနှင့် လက်နက်ခဲယမ်းများ သိမ်းဆည်းရမိ

ပဲခူးတိုင်း၊ ကျောက်ကြီးမြို့နယ်၊ အုန်းပင်စုကျေးရွာ အထိုင်ချတပ်စွဲထားတဲ့ အင်အား (၃၀)ကျော်ရှိ စစ်ကောင်စီတပ်ကို တိုက်ခိုက်ချေမှုန်းရာ စစ်သား အလောင်း ၈ လောင်း မျက်မြင်တွေ့ရှိခဲ့ပြီး လက်နက်ခဲယမ်းတွေ သိမ်းဆည်းရမိခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ အထူးကွန်မန်ဒိုတပ်ရင်း (P29914) က ဒီနေ့ ထုတ်ပြန်ပါတယ်။