ပဲခူးတိုင်း ၊ တောင်ငူခရိုင်၊ ရေတာရှည်မြို့နယ်မှာ အကြမ်းဖက်စစ်တပ်ရဲ့ ဂျမ်မာတွေကို သွားရောက်ဖျက်ဆီးရင်း စစ်ကောင်စီတပ်တွေနဲ့ ထိတွေ့တိုက်ပွဲဖြစ်ခဲ့တယ်လို့ ရေတာရှည်မြို့နယ်အခြေစိုက် ပုဝါနီစစ်ကြောင်းဆီက သိရပါတယ်။
အောက်တိုဘာ ၂၄ ရက် ညဥ့်နက်ပိုင်းက ရေတာရှည်မြို့နယ်၊ စစ်တောင်းမြစ်အနောက်ဘက်ကမ်း၊ ဒိုးတန်းကျေးရွာထဲ ရှိနေတဲ့ စစ်ကောင်စီတပ်တွေရဲ့ ဒရုန်းဖျက် ဂျမ်မာတွေကို တော်လှန်ရေးတပ်တွေက သွားရောက်ဖျက်ဆီးဖို့ ကြိုးစားရင်း စစ်ကောင်စီ ရှေ့ကင်းပွိုင့်တွေနဲ့ ထိတွေ့မှုဖြစ်ခဲ့တာလို့သိရပါတယ်။
နှစ်ဖက်ထိတွေ့မှုအတွင်း စစ်ကောင်စီက ၁ယောက်သေကာ ၁ ယောက်ထိခိုက်ဒဏ်ရာရပြီး ဂျမ်မာတွေကို ဖျက်ဆီးနိုင်ခဲ့တယ်လို့ ပုဝါနီစစ်ကြောင်းက ပြောပါတယ်။
စစ်ကောင်စီတပ်ဘက်က တိုက်ပွဲဖြစ်ရာ ဒိုးတန်းရွာလယ်ပိုင်းကနေ သူတို့တပ်စွဲရာ ကျေးရွာဘုန်းကြီးကျောင်းဘက်ကိုပြန်လည်ဆုတ်ခွာသွားကြပြီး လက်နက်ကြီး၊လက်နက်ငယ်တွေနဲ့ ရမ်းသမ်းပစ်ခတ်ခဲ့တယ်လို့ သိရပါတယ်။
ဒီလိုမျိုး ရမ်းသမ်းပစ်ခတ်မှုတွေကြောင့် ဒိုးတန်းကျေးရွာအတွင်းက အပြစ်မဲ့ ပြည်သူ ၁ ယောက် ‌ဦးခေါင်းထိမှန်သေဆုံးကာ ၂ ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။
ပြီးခဲ့တဲ့ အောက်တိုဘာ ၁၉ ရက်ကလည်း ဒိုးနွယ်ရွာမှာ အင်အား ၅၀ ပါအကြမ်းဖက်စစ်ကြောင်းနဲ့ ပုဝါနီစစ်ကြောင်းထိတွေ့မှုဖြစ်ခဲ့ပြီး နှစ်ဖက်ထိခိုက်မှုရှိခဲ့တယ်လို့ သိရပါတယ်။
0 Shares:
You May Also Like
Read More

ကြံ့ခိုင်ရေးကိုသာ အနိုင်ပေးမည်ဆိုသည်ကို သိလျက်နှင့် ဝင်ပြိုင်ခဲ့သူများ ကြံ့ခိုင်ရေးပါတီ အနိုင်ရနေတာကြောင့် ဝေဖန်ပြစ်တင်နေကြ

အာဏာသိမ်းစစ်ကော်မရှင်က သူတို့စိတ်တိုင်းကျ ရေးဆွဲထားတဲ့ ရွေးကောက်ပွဲပုံစံသစ်နဲ့ ကျင်းပခဲ့တဲ့ အတုအယောင် ရွေးကောက်ပွဲ အပိုင်း (၁) မဲရလဒ်တွေ ထွက်ပေါ်လာချိန်မှာ စစ်တပ် လက်ဝေခံဖြစ်တဲ့ ကြံ့ခိုင်ရေးပါတီ (USDP) သာ အနိုင်ရနေတာကြောင့် ဝင်ရောက်ယှဉ်ပြိုင်ခဲ့တဲ့ နိုင်ငံရေးပါတီတွေနဲ့ ကိုယ်စားလှယ်တွေအကြားမှာ “တရားမျှတမရှိဘူး” ဆိုတဲ့ ဝေဖန်သံတွေ ပြင်းထန်စွာ ထွက်ပေါ်လာနေပါတယ်။
Read More

ပုလောမြို့နယ်တွင် စစ်မှုထမ်း တပ်သားသစ် ၇ ဦး K.N.L.A ထံ အလင်းဝင်

တနင်္သာရီတိုင်း၊ ပုလောမြို့နယ်မှာ အကြမ်းဖက်စစ်တပ်အတွက် စစ်မှုထမ်းနေရတဲ့ တပ်သားသစ် (၇) ယောက် အလင်းဝင်ခိုလှုံလာတယ်လို့ ကရင်အမျိုးသားအစည်းအရုံး၊ မြိတ်ထားဝယ်ခရိုင်က ထုတ်ပြန်ထားပါတယ်။
Read More

တောင်ပိုင်းစစ်ဒေသမှာ တစ်ပတ်အတွင်း စစ်ကောင်စီနဲ့ ထိတွေ့တိုက်ပွဲ အကြိမ် ၄၀ ကျော်ဖြစ်ပွါးပြီး စစ်ကောင်စီတပ်သား ၆၁ ယောက် သေ

တောင်ပိုင်းစစ်ဒေသမှာ တစ်ပတ်တာအတွင်း စစ်ကောင်စီနဲ့ တိုက်ခိုက်မှု အကြိမ် ၄၀ ကျော် ဖြစ်ပွါးခဲ့ကြောင်း တောင်းပိုင်းစစ်ဒေသနယ်မြေက အသိပေးထုတ်ပြန်ပါတယ်။
Read More

နောင်ချိုတောင်ခမ်းက လက်ကျန်တပ်ရင်း (၂) ခုကို TNLA ကဆက်လက်ထိုးစစ်ဆင်နေ

ရှမ်းပြည်နယ်မြောက်ပိုင်း၊ နောင်ချိုမြို့နယ်၊ တောင်ခမ်း ဒေသအနီး စစ်ကောင်စီ​ရဲ့ လက်ကျန်တပ်ရင်းနှစ်ခုကို ထိုးစစ်ဆင်တိုက်ခိုက်လျက်ရှိရာ နှစ်ဖက်ပြင်းထန်တဲ့တိုက်ပွဲတွေဖြစ်ပွါးလျက်ရှိတယ်လို့ TNLA က အသိပေး ထုတ်ပြန်ပါတယ်။
Read More

နတ်သံကွင်း၊ ကွင်းချောင်းဝဗျူဟာရှိ အကြမ်းဖက်စစ်တပ်မှ ပြည်သူ့စစ် (၈) ဦး လက်နက်မဲ့ အလင်းဝင်

ပဲခူးတိုင်းအခြေစိုက် အကြမ်းဖက်စစ်တပ်ရဲ့ နတ်သံကွင်း၊ ကွင်းချောင်းဝဗျူဟာမှာ တာဝန်ကျနေတဲ့ စစ်မှုထမ်းသင်တန်းဆင်း ပြည်သူ့စစ် (၈) ယောက် လက်နက်မဲ့ အလင်းဝင်လာတယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ အမှတ်(၂) စစ်ဆင်ရေးနယ်မြေ၊ ဗျူဟာ(၂၅)ကွပ်ကဲမှုအောက်ရှိ ပဲခူးခရိုင် တပ်ရင်း ၂ က မနေ့ ညပိုင်းမှာ ထုတ်ပြန်ပါတယ်။
Read More

စစ်ကိုင်းမှာ ပျူစောထီးအဖွဲ့ဝင်တစ်ယောက်ရှင်းလင်းခံရပြီးနောက် စစ်တပ်က လူငယ် ၄ ယောက်ကို ပေါ်တာဆွဲ ဖမ်းဆီးသွား

စစ်ကိုင်းနဲ့ မန္တလေးက ဓားပြမှုတွေမှာ ပါဝင်ခဲ့တဲ့ ပျူစောထီးအဖွဲ့ဝင် မင်းသူ စားသောက်ဆိုင်အတွင်းပစ်ခတ်ရှင်းလင်းခံရပြီးတဲ့နောက် အရပ်သားလူငယ် ၄ ယောက်ကို စစ်ကောင်စီ ဖမ်းဆီးခေါ်ဆောင်သွားတယ်လို့ ရတနာပုံတပ်ဦးအဖွဲ့ တာဝန်ရှိသူ ၁ ယောက်က မောင်းသတင်းဌာနကို ပြောပါတယ်။