မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) က WY မူးယစ်ဆေးပြားရောင်းဝယ်ရင်း တော်လှန်ရေးသတင်းထောက်လှမ်းနေတဲ့ အကြမ်းဖက်စစ်ကောင်စီလက်အောက်ခံ ရဲသတင်းပေးကို ဖမ်းဆီးလိုက်တယ်လို့ အဆိုပါတပ်ဖွဲ့က ဒီနေ့ရက်စွဲနဲ့ ထုတ်ပြန်ထားပါတယ်။
ကျိုက်ထိုမြို့နယ်က အကြမ်းဖက်စစ်ကောင်စီရဲ့ တောင်စွန်းနယ်ထိန်း ဇော်မင်းထွန်းရဲ့ ခိုင်းစေမှုနဲ့အတူ တော်လှန်ရေးအင်အားစုတွေရဲ့ သတင်းကို လိုက်လံထောက်လှမ်းနေတဲ့ ရဲသတင်းပေး WY ဆေးပြား ရောင်းချသူကို အောက်တိုဘာ ၂၂ ရက် ညနေပိုင်းမှာ ဖမ်းဆီးလိုက်တယ်လို့ ဆိုပါတယ်။
ကျိုက်ထိုမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပ.က.ဖ – ကျိုက်ထို) အနေနဲ့ ဖမ်းဆီးရမိတဲ့ အကြမ်းဖက်စစ်ကောင်စီရဲ့ ရဲသတင်းပေး ကျူးလွန်ခဲ့တဲ့ပြစ်မှုတွေကို စစ်ဆေးဖော်ထုတ်ပြီး ကြားကာလ စစ်သုံ့ပန်းဥပဒေတွေနဲ့အညီ အရေးယူဆောင်ရွက်ခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။
0 Shares:
You May Also Like
Read More

ဂန့်ဂေါမြို့နယ်မှာ ကာကွယ်ရေးတပ်ဖွဲ့များ ဖမ်းဆီးထိန်းသိမ်းထားသည့် အချုပ်သားတစ်ဦး ထွက်ပြေးလွတ်မြောက်သွား…

မကွေးတိုင်း ၊ ဂန့်ဂေါမြို့နယ်ရှိ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေ ဖမ်းဆီးထိန်းသိမ်းထားတဲ့ အချုပ်သားတစ်ယောက် ထွက်ပြေးလွတ်မြောက်သွားတယ်လို့ Gan Gaw New Media မှ တာဝန်ရှိသူက မောင်းသတင်းဌာနကို ပြောပါတယ်။
Read More

ချီဗွေစခန်းသိမ်းတိုက်ပွဲမှ လက်နက်ခဲယမ်းများစွာ စစ်ကောင်စီထံက ရရှိ

KIA က ထိန်းချုပ်သိမ်းပိုက်လိုက်တဲ့ ချီဗွေစခန်းသိမ်းတိုက်ပွဲ အတွင်း စစ်ကောင်စီထံကနေလက်နက်ခဲယမ်းများစွာရရှိခဲ့တယ်လို့ ရှေ့တန်းရောက် ကချင် စစ်ရေးသတင်းအရင်းအမြစ်တွေမှာဖော်ပြလာပါတယ်။
Read More

ရန်ကုန်မှာ ဒီဇင်ဘာလအတွင်း လူ ၅၀၀ ကျော်ဖမ်းဆီးခံရ

ရန်ကုန်မှာ ဒီဇင်ဘာလ တစ်လအတွင်း စစ်ကောင်စီက လူဦးရေ ၅၀၀ ကျော်ကို အကြောင်းအမျိုးမျိုးပြ ဥပဒေမဲ့ ဖမ်းဆီးမှုတွေ ပြုလုပ်ခဲ့တယ်လို့ Rangoon Scout Network က ဖော်ပြပါတယ်။
Read More

စရဖတွေနဲ့ပေါင်းကာ ပြည်သူကိုနှိပ်စက်နေသူတွေ အရက်ဆိုင်မှာ ရှင်းလင်းခံရလို့ ၂ ယောက်သေပြီး ၁ ယောက်ဒဏ်ရာနဲ့ထွက်ပြေး

မန္တလေးတိုင်း၊ ညောင်ဦးမြို့နယ်မှာ အကြမ်းဖက် စရဖတွေနဲ့ ပေါင်းပြီး စစ်တပ်အတွက် အလုပ်လုပ်ပေးနေသူတွေ ပစ်ခတ်ရှင်းလင်းခံရပြီး ၂ ယောက်သေဆုံးကြောင်း 21 Bagan-People Defense Force ထံက သိရပါတယ်။
Read More

နတ်မောက်မြို့နယ်ထဲ စစ်ကြောင်းထိုးလာသည့် စစ်အုပ်စု တိုက်ခိုက်ခံရပြီး ၁၀ ဦးထက်မနည်း သေ

မကွေးတိုင်း၊ နတ်မောက်မြို့နယ်ထဲကို စစ်ကြောင်းထိုးဝင်ရောက်လာတဲ့ အကြမ်းဖက်စစ်တပ်နဲ့ တော်လှန်ရေးတပ်ဖွဲ့တွေ အပြန်အလှန် ပစ်ခတ်တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်တပ်ဘက်က အထိနာခဲ့တယ်လို့ နတ်မောက်ဂဠုန် PDF ထံက သိရပါတယ်။
Read More

မိုးကုတ်မြို့ကို စစ်တပ် ပေါင် ၂၅၀ ဗုံး ၂ လုံး ထပ်မံကြဲချ၊ အိမ် ၅ လုံး ပျက်စီးကာ အမျိုးသမီး ၁ ဦး ဒဏ်ရာရ

မန္တလေးတိုင်း၊ မိုးကုတ်မြို့အရှေ့ပိုင်းကို အကြမ်းဖက်စစ်ကော်မရှင်က ဒီမနက်မှာ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် နေအိမ် ၅ လုံး ပျက်စီးပြီး အမျိုးသမီး ၁ ယောက် ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ တအာင်းတပ်မတော် TNLA က ထုတ်ပြန်ပါတယ်။