ကမ္ဘာကျော် လေကြောင်းကုမ္ပဏီကြီးဖြစ်တဲ့ Airbus အနေနဲ့ စစ်ကောင်စီကို လေယာဉ်တွေရောင်းချနေတဲ့ တရုတ်အစိုးရပိုင် AVIC နဲ့ ပူးပေါင်းနေမှုကို ရပ်တန်းက အမြန်ဆုံးရပ်ဖို့ မြန်မာပြည်သူတွေတောင်းဆိုသင့်ပြီလို့ သွေးစွန်းငွေ ဖြတ်တောက်ရေး (Blood Money Campaign ) အဖွဲ့က တိုက်တွန်းပြောကြားလိုက်ပါတယ်။

Airbus ကုမ္ပဏီဟာ စစ်အုပ်စုလေတပ်ရဲ့ အသက်သွေးကြော AVIC ကုမ္ပဏီရဲ့ ဒုတိယမြောက်အကြီးဆုံး ရှယ်ယာရှင်ဖြစ်ပြီး နည်းပညာအရပါ အပြန်အလှန်မှီခိုနေရတဲ့ ကုမ္ပဏီ ဖြစ်ပါတယ်။

ဒါ့ကြောင့် Airbus ဟာ စီးပွားရေးလုပ်ငန်းကြီးတွေ လိုက်နာရမယ့် လူ့အခွင့်အရေးဆိုင်ရာ လမ်းညွှန်ချက်တွေကို လိုက်နာပါမယ်လို့ ထုတ်ပြန်ထားတဲ့ကုမ္ပဏီဖြစ်လို့ စစ်ရာဇဝတ်မှုတွေကျူးလွန်နေတဲ့ စစ်တပ်ကို လေကြောင်းအထောက်အပံ့အကူအညီတွေ ရောင်းချနေတဲ့ AVIC ကနေ ထွက်ခွာဖို့ တောင်းဆိုလိုက်တာပါ။

ဒါ့အပြင် စစ်အုပ်စုကို အရေးယူ ပိတ်ဆို့မှုတွေ ပြုလုပ်ထားတဲ့ ပြင်သစ်၊ ဂျာမနီ၊ စပိန် အစိုးရတွေရဲ့ ရှယ်ယာတွေ အများကြီးပါဝင်နေတဲ့ ကုမ္ပဏီကြီး ဖြစ်လို့ သွယ်ဝိုက်တဲ့နည်းနဲ့ စစ်အုပ်စုကို ကူညီသလိုဖြစ်နေတာကြောင့် တရုတ်လုပ်ငန်းစု AVIC ကနေ ထွက်ခွာသင့်တယ်လို့ ဆိုပါတယ်။

(ဓာတ်ပုံ Blood Money – သွေးစွန်းငွေ)

AVIC ကုမ္ပဏီဟာ တရုတ်အစိုးရ အပြည့်အဝပိုင်တဲ့ ကုမ္ပဏီဖြစ်ပြီး တရုတ်အစိုးရမှာ လိုက်နာရမယ့် လူ့အခွင့်အရေးဆိုင်ရာ ကျင့်ဝတ်တွေမရှိဘူးလို့လည်း ဆိုပါတယ်။ ဒါ့ကြောင့် လူ့အခွင့်အရေးဆိုင်ရာ တက်ကြွလှုပ်ရှားသူတွေ ဘယ်လောက်ပင်တောင်းဆိုပါစေ စစ်ကောင်စီကို ကူညီနေမှုတွေဟာ ရပ်တန့်သွားမှာလည်း မဟုတ်ပါဘူး။

AVIC ဟာ စစ်အုပ်စုကို တိုက်ခိုက်ရေးလေယာဉ်တွေ၊ လေယာဉ်တပ် စစ်လက်နက်တွေ၊ နည်းပညာတွေ၊ လေယာဉ်အပိုပစ္စည်းတွေကို အဓိက တင်ပို့ရောင်းချနေတဲ့ ပင်မကုမ္ပဏီပဲ ဖြစ်ပါတယ်။

တကယ်လို့ Airbus ကုမ္ပဏီအနေနဲ့ AVIC နဲ့ လမ်းခွဲခဲ့ရင် တရုတ်အစိုးရအတွက် နည်းပညာအရရော ငွေကြေးအရပါကြီးမားတဲ့ ဆုံးရှုံးမှုနဲ့ ရင်ဆိုင်ရမှာ ဖြစ်ပါတယ်။ AVIC ဘက်က ခွဲမထွက်စေလိုခဲ့ရင်တော့ Airbus ကုမ္ပဏီက  စစ်ကောင်စီထံ လေယာဉ်တွေ ရောင်းချနေမှုကို ရပ်တန့်ဖို့ ဖိအားပေးတောင်းဆိုပြီး လုပ်ဆောင်ခြင်းက ပိုမိုထိရောက်မယ်လို့လည်း ဆိုပါတယ်။

AVIC ဟာ စစ်အုပ်စု လေတပ်ရဲ့ အသက်သွေးကြောလည်းဖြစ်ပါတယ်။ တနည်းအားဖြင့် မြန်မာပြည်မှာ ပြည်သူတွေကို စစ်ရာဇဝတ်မှုတွေကျူးလွန်နေတဲ့ လေကြောင်းတိုက်ခိုက်မှုရဲ့ အဓိကတရားခံကုမ္ပဏီလည်း ဖြစ်တယ်လို့ Blood Money Campaign က ဆိုထားပါတယ်။

(ဓာတ်ပုံ Blood Money – သွေးစွန်းငွေ)

တရုတ်ကုမ္ပဏီ AVIC ဟာ စစ်အုပ်စုထံကို  လေယာဉ် () မျိုးတင်ပို့ရောင်းချနေတယ်လို့ မြန်မာအရေး တက်ကြွလှုပ်ရှားတဲ့ အဖွဲ့အစည်းတွေ ဖြစ်တဲ့ Justice For Myanmar နဲ့ Blood Money – သွေးစွန်းငွေ အဖွဲ့တို့ကလည်း ထုတ်ပြန်ထားပါတယ်။

အကြမ်းဖက်စစ်အုပ်စုဆီကို တရုတ်နိုင်ငံအခြေစိုက် AVIC ကုမ္ပဏီကတိုက်လေယာဉ်၊သယ်ယူပို့ဆောင်ရေးလေယာဉ်တွေအပါအဝင်လေကြောင်းဆိုင်ရာအပိုပစ္စည်းတွေ၊စစ်လက်နက်ပစ္စည်းတွေတင်ပို့နေတာဖြစ်တယ်လို့ဆိုပါတယ်။

AVIC ကနေ AirBus ထွက်ခွာဖို့ Justice For Myanmar, Blood Money Campaingn လို လူ့အခွင့်အရေးတက်ကြွလှုပ်ရှားတဲ့ အဖွဲ့အစည်းတွေက စဉ်ဆက်မပြတ်တောင်းဆိုလျက်ရှိပြီး AirBus ကတော့ လက်ရှိအချိန်အထိ တစ်စုံတစ်ရာ တုံ့ပြန်ပြောဆိုလာခြင်း မရှိသေးပါဘူး။

0 Shares:
You May Also Like
Read More

သေ့ဘောဘိုး စခန်းသိမ်းတိုက်ပွဲကြောင့် ထိုင်းတိုက်လေယာဉ်နှစ်စင်း နယ်စပ်ကင်းလှည့်

မြန်မာစစ်တပ်နဲ့ ကရင်တော်လှန်ရေး ပူးပေါင်းတပ်တွေအကြား တိုက်ပွဲတဖန် ပြန်လည်ပြင်းထန်နေတာကြောင့် ထိုင်းလေတပ်က နယ်စပ်ကင်းလှည့်နေကြောင်း ထိုင်းသတင်းတွေမှာ ဖော်ပြပါတယ်။
Read More

မြန်မာတွင် လူငယ် ၃ ယောက်မှာ ၁ ယောက်နီးပါး စစ်မှုထမ်းခေါ်ယူခံရမှာကို စိုးရိမ်နေဟု ဆို

အာဏာသိမ်းစစ်တပ် လက်အောက်မှာ မြန်မာနိုင်ငံဟာ အဘက်ဘက်က ချွတ်ခြုံကျနေတဲ့အပြင် ပြည်သူတွေရဲ့ အသက်အိုးအိမ်စည်းစိမ်တွေဟာ နေ့စဥ်နဲ့အမျှ ခြိမ်းခြောက်ခံနေရတာ ဖြစ်ပါတယ်။ ဒီလို ခြိမ်းခြောက်မှုတွေထဲမှာ အကြမ်းဖက်စစ်တပ်ရဲ့ စစ်မှုထမ်းဥပ‌ဒကလည်း ကြီးကြီးမားမား သက်ရောက်မှုရှိနေပါတယ်။
Read More

ထိုင်းမှာ ပြစ်ဒဏ်ကျခံရပြီး လွတ်ရက်စေ့လို့ လွတ်မြောက်လာသည့် မြန်မာ ၉၉ ယောက် ကော့သောင်းမြို့ကို ပြန်လည်ပို့ဆောင်ခံရ

ထိုင်းနိုင်ငံအတွင်း အကြောင်းအမျိုးမျိုးနဲ့ဖမ်းဆီးခံရပြီး ပြစ်ဒဏ်ချမှတ်ခံရပြီးနောက် လွတ်ရက်စေ့ပြီး ပြန်လွတ်လာတဲ့ မြန်မာနိုင်ငံသား ၉၉ ယောက်ကို မြန်မာနိုင်ငံ၊ ကော့သောင်းမြို့ဆီ ပြန်လည်ပို့ဆောင်လိုက်တယ်လို့ ရနောင်းလူဝင်မှုကြီးကြပ်ရေးရုံးက ထုတ်ပြန်ပါတယ်။
Read More

ဝိုင်း မကူညီရင် အသံနှင့် အမှန်တရားများ တိတ်ဆိတ်သွားနိုင်သည့် မြန်မာနိုင်ငံမှ သတင်းမီဒီယာများကို အကူအညီပေးကြရန် ဒေါ်အောင်ဆန်းစုကြည်၏ သားငယ် တိုက်တွန်း 

မြန်မာနိုင်ငံက လွတ်လပ်တဲ့ သတင်းမီဒီယာတွေကို ပံ့ပိုးရပ်တည် ကူညီပေးဖို့ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ သားငယ်ဖြစ်သူ ကင်မ်အဲရစ် (ခ) ကိုထိန်လင်း က ဒီနေ့မှာ တိုက်တွန်းတောင်းဆိုလိုက်ပါတယ်။
Read More

အာဏာသိမ်းစစ်တပ်ရဲ့ ရွေးကောက်ပွဲကို အားပေးထောက်ခံခြင်းမပြုလုပ်ဖို့ နိုင်ငံတကာကို အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးအဖွဲ့ချုပ် တောင်းဆို

အာဏာသိမ်းစစ်တပ်က ကျင်းပမယ့် ရွေးကောက်ပွဲကို အားပေးထောက်ခံခြင်းမပြုလုပ်ဖို့ အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးအဖွဲ့ချုပ် (FIDH) က နိုင်ငံတကာကို တိုက်တွန်းနှိုးဆော်လိုက်ပါတယ်။
Read More

အမေရိကန်ဗုံးကြဲလေယာဥ်များ အီရန်၏ နျူကလီးယားစက်ရုံများကို အောင်မြင်စွာ တိုက်ခိုက်နိုင်ခဲ့ဟု ထရမ့် ကြေညာ

အမေရိကန်စစ်တပ်ဟာ အီရန်နိုင်ငံရှိ အဓိက နျူကလီးယားစက်ရုံသုံးခုဖြစ်တဲ့ ဖော်ဒေါ် (Fordow)၊ နေတန့်ဇ် (Natanz) နဲ့ အစ်ဖာဟန် (Isfahan) တို့ကို အောင်မြင်စွာ တိုက်ခိုက်နိုင်ခဲ့ပြီဖြစ်တယ်လို့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ဒီနေ့မှာ ထုတ်ပြန်ကြေညာလိုက်ပါတယ်။