မကွေးတိုင်း၊ ထီးလင်းမြို့က အကြမ်းဖက်စစ်ကောင်စီလက်အောက်ခံ ပျူစောထီး ၁ ယောက်က လက်နက် ၃ လက်နဲ့အတူ အလင်းဝင်လာတယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ အမှတ် (၁) စစ်ဒေသ ၊ ဂန့်ဂေါခရိုင်အမှတ် (၁၈) တပ်ရင်းက ထုတ်ပြန်ထားပါတယ်။

အောက်တိုဘာ ၂၀ ရက်မှာ ဂန့်ဂေါခရိုင်အမှတ် (၁၈) တပ်ရင်း (Yaw National Revolution Force) က ထီးလင်းမြို့ ရွှေထီးခန်းမက ပျူ‌‌စောထီးတစ်ဦးယောက်ဟာ G-3 (၂)လက်၊ M-79 (၁)လက်၊ G-3 ကျည်ဘောက် (၂)ဘောက်၊7.62 ကျည် (၃၈)တောင့် ၊M-79 အသီး (၅)လုံးနဲ့ icon-5 R (၁)လုံး တို့ကို ယူဆောင်အလင်းဝင်လာတယ်လို့ သိရပါတယ်။

အောက်တိုဘာ ၂၄ ရက်မှာတော့ အဲ့ဒီအလင်းဝင်လာတဲ့ ပျူစောထီးကို ဂုဏ်ပြုဆုငွေ သိန်း( ၁၀၀)  ကျပ်တိတိ ချီးမြှင့်ခဲ့တယ်လို့ ဂန့်ဂေါခရိုင်အမှတ်  (၁၈) တပ်ရင်း (Yaw National Revolution Force) က ထုတ်ပြန်ထားပါတယ်။

(ဓာတ်ပုံ Yaw National Revolution Force)
0 Shares:
You May Also Like
Read More

နည်းလမ်းမျိုးစုံဖြင့် အဓမ္မစုဆောင်းထားသည့် စစ်မှုထမ်းအင်အားများအတွက် အကြမ်းဖက်စစ်တပ်က သင်တန်းကျောင်းများ တိုးချဲ့ဖွင့်လှစ်သင်ကြားနေ

မတရား စုဆောင်းထားတဲ့ စစ်မှုထမ်းအင်အားတွေ အရှိန်အဟုန်မပြတ် လေ့ကျင့်သင်ကြားပေးနိုင်ဖို့ ရည်ရွယ်ပြီး အကြမ်းဖက်စစ်တပ်က စစ်မှုထမ်းသင်တန်းကျောင်းတွေ ထပ်တိုးဖွင့်လှစ်ထားတယ်လို့ မြန်မာ့စစ်ဘက်ရေးရာနှင့် လုံခြုံရေးဆိုင်ရာလေ့လာရေးအဖွဲ့ (MDSI) က ထုတ်ပြန်ထားပါတယ်။
Read More

အာဏာရှင်ဟောင်း သန်းရွှေရဲ့ သားမက် ဒေါက်တာနေစိုးမောင်ကို စစ်ကောင်စီက ဖမ်းဆီးအမှုဖွင့်ထား

အာဏာရှင်ဟောင်း သန်းရွှေရဲ့ သားမက်တစ်ဖြစ်လည်း နေရွှေသွေးအောင်ရဲ့ ဖခင် ဒေါက်တာနေစိုးမောင်ကို အကြမ်းဖက်စစ်ကောင်စီက နိုင်ငံတည်ငြိမ်အေးချမ်းရေး ပျက်ပြားစေအောင် လူမှုကွန်ရက်ကနေ လှုံ့ဆော်တယ်ဆိုပြီး ဖမ်းဆီးထားတယ်လို့ အကြမ်းဖက်စစ်ကောင်စီက ဒီနေ့မှာ တရားဝင် သတင်းထုတ်ပြန်လာပါတယ်။
Read More

တောင်ရင်းရွာ ၁၄ မိုင်လမ်းဆုံအနီး စစ်တပ် လေကြောင်းတိုက်ခိုက်မှု သေဆုံးသူ ၁၆ ဦးအထိ တိုးလာနေ

စစ်ကိုင်းတိုင်း၊ ခန္တီးမြို့ အခြေစိုက် စစ်ကောင်စီတပ်က ပြည်သူ့စစ် ၁ ယောက်ဟာ သေနတ်မပါဘဲ လက်နက်မဲ့ အလင်းဝင်ခဲ့လာတယ်လို့ ခန္တီးမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) ဆီက သိရပါတယ်။
Read More

အသွင်ကူးပြောင်းရေးဆိုင်ရာ အစိုးရသစ်တစ်ရပ် ကြိုတင်ဖော်ဆောင်နိုင်ဖို့ လိုအပ်ကြောင်း NUG ယာယီသမ္မတ ပြောကြား

အရွယ်အလိုက် ကြီးပြင်းလာတဲ့ တော်လှန်ရေးကို တော်လှန်ရေးလားမြောက်အောင် ထပ်မံ ချဲ့ထွင် တည်ဆောက်ဖို့ လိုအပ်တယ်လို့ ဧပြီလ ၁၅ ရက် မနက်ပိုင်းက ပြုလုပ်ခဲ့တဲ့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ရဲ့ ၁၁ /၂၀၂၅ အစိုးရအဖွဲ့အစည်းဝေးမှာ NUG ယာယီသမ္မတ ဒူဝါလရှီးလက ပြောကြားခဲ့ကြောင်း NUG က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

သင်္ဃန်းကျွန်း၊ ကြီးပွားရေးရပ်ကွက်က စစ်ကောင်စီအတွက် အလုပ်လုပ်ပေးနေသူတွေရှိရာကို လက်ပစ်ဗုံး ပစ်ခတ် သတိပေး

ရန်ကုန်တိုင်း၊ သင်္ဃန်းကျွန်းမြို့နယ်၊ ကြီးပွားရေးရပ်ကွက်က အကြမ်းဖက်စစ်တပ်အတွက် အလုပ်လုပ်ပေးနေတဲ့ ပျူစောထီးတွေရှိရာကို လက်ပစ်ဗုံးတွေနဲ့ သွားရောက်သတိပေးတိုက်ခိုက်ခဲ့တယ်လို့ Mother Son မြို့ပြပြောက်ကျားတပ်ဖွဲ့ တာဝန်ရှိသူ ဗိုလ်နိုင်က မောင်းကို ပြောပါတယ်။
Read More

အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်ရှိရာ အမ်းကို AA ထိုးစစ် အရှိန်မြှင့်နေ

အမ်းမြို့နယ်က အနောက်ပိုင်းတိုင်း စစ်ဌာနချုပ်အနီးက စစ်ကောင်စီတပ်ရင်းတွေကို အာရက္ခတပ်တော် AA က ထိုးစစ်ဆင်နေပြီး တိုက်ပွဲတွေ ပြင်းထန်နေကြောင်း ရခိုင်စစ်ရေးသတင်းရင်းမြစ်တွေက ဖော်ပြလာပါတယ်။