စစ်ကိုင်းတိုင်း၊ ဘုတလင်မြို့နယ်၊ စိုင်ပြင်လေးကျေးရွာကို စစ်ကြောင်းထိုးခဲ့တဲ့ အကြမ်းဖက်စစ်ကောင်စီ စစ်ကြောင်းကို လက်နက်ကြီးတွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ထိခိုက်သေဆုံးမှုရှိနိုင်တယ်လို့ Monywa Inventor အဖွဲ့ဆီက သိရပါတယ်။

အောက်တိုဘာလ ၂၃ ရက် မနေ့က မွန်းတည့်ကျော်ချိန်မှာ ဘုတလင်မြို့နယ်က စိုင်ပြင်လေးကျေးရွာအတွင်း စစ်ကြောင်းဝင်လာတဲ့ အကြမ်းဖက်စစ်ကြောင်းကို ၄၀ မမ ၁၀ လုံး၊ ၆၀ မမ ၁၀ လုံး ပစ်ခတ်တိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်သားတွေ ထိခိုက်သေဆုံးမှုရှိနိုင်တယ်လို့ သိရပါတယ်။

အဲ့ဒီတိုက်ခိုက်မှုကို Monywa Inventor အဖွဲ့၊ ချင်းတွင်း ဒိုင်းနမိုက်အဖွဲ့နဲ့ BLDF အဖွဲ့တို့ ပူးပေါင်းကာ တိုက်ခိုက်ခဲ့တာဖြစ်ပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေ အထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့တယ်လို့ သိရပါတယ်။

0 Shares:
You May Also Like
Read More

မြင်းခြံ ပျူစောထီးခေါင်းဆောင် သီတာယုမွန်၏ အမျိုးသားဖြစ်သူ စိန်လွင််ကို မူးယစ်ဆေးဝါးများနှင့် အတူ တောင်သာတွင် PDF များက ဖမ်းဆီးရမိ

မန္တလေးတိုင်း၊ မြင်းခြံခရိုင်၊ တောင်သာမြို့နယ်မှာ   မူးယစ်ဆေးဝါးတွေ ယူဆောင်ပြီး ပျော်ပွဲစားထွက်လာတဲ့ မြင်းခြံ ပျူစောထီးခေါင်းဆောင် သီတာယုမွန်ရဲ့ အမျိုးသားဖြစ်သူ  စိန်လွင််ကို လက်ရဖမ်းဆီး ထားပြီလို့ မြင်းခြံခရိုင် တပ်ရင်း(၃) တာဝန်ရှိသူ တယောက်က မောင်းကို ပြောပါတယ်။
Read More

မှော်စီစာကျေးရွာတွင် အချဉ်ပေါင်းရောင်းသည့် အမျိုးသားတစ်ဦး သေနတ်ဒဏ်ရာဖြင့် သေဆုံး

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ လုံးခင်းကျေးရွာအုပ်စု၊ မှော်စီစာကျေးရွာ၊ SKY Hotel ရှေ့မှာ အချဥ်ပေါင်းရောင်းတဲ့ အမျိုးသားတစ်ယောက် သေနတ်ဒဏ်ရာနဲ့ သေဆုံးနေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
Read More

သင်တန်းသား၊ သင်တန်းသူ ၈၂၂ ဦး တက်ရောက်ခဲ့သည့် TNLA ၏ အပတ်စဉ် (၆၇) စစ်ရေးသင်တန်း၏ သင်တန်းဆင်းပွဲ

တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ရဲ့ အပတ်စဉ် (၆၇) စစ်ရေးသင်တန်းဆင်းပွဲအခမ်းအနားကို တအာင်းဒေသတစ်နေရာမှာ ပြီးခဲ့တဲ့ ဇွန်လ (၆) ရက်က ပြုလုပ်ခဲ့တယ်လို့ TNLA က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

မြို့သာမြို့လယ်ခေါင် ဆက်ကြေးကောက်သည့် အကြမ်းဖက်စစ်သားများ ပစ်ခတ်ခံရပြီး ၃ ဦး သေ၊ ၂ ဦး ဒဏ်ရာရ

မန္တလေးတိုင်း၊ ငါန်းဇွန်မြို့နယ်၊ မြို့သာမြို့လယ်ခေါင်မှာ ဆက်ကြေးကောက်ငွေညှစ်ဖို့ လုပ်နေတဲ့ စစ်အုပ်စုတွေ အနီးကပ်ပစ်ခတ်တိုက်ခိုက်ခံရပြီး ၃ ယောက် သေ၊ ၂ ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ Special Task Force Ngazun က ထုတ်ပြန်ထားပါတယ်။
Read More

ပြင်းထန်ငလျင်ကြောင့် စစ်ကိုင်းတောင်ရိုးရှိ စာသင်တိုက်ပေါင်း ၅၇ တိုက်မှ ရဟန်း၊ သာမဏေ၊ သီလရှင် စုစုပေါင်း ၁၀၄ ဦး သေဆုံး…

ပြင်းထန်ငလျင်ကြောင့် စစ်ကိုင်းတောင်ရိုးရှိ စာသင်တိုက်ပေါင်း ၅၇ တိုက်မှ ရဟန်း၊ သာမဏေ၊ သီလရှင် စုစုပေါင်း ၁၀၄ ဦးနဲ့ လူပုဂ္ဂိုလ် ၆၆ ယောက် သေဆုံးခဲ့တယ်လို့ သီတဂူကမ္ဘာ့ဗုဒ္ဓ တက္ကသိုလ်ရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။
Read More

NUG ကာကွယ်ရေးဝန်ကြီး တက်ရောက်ခဲ့သည့် ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ အမှတ် (၁) စစ်ဒေသ၏ ၂၀၂၅ နှစ်သစ်ကူး အားကစားပြိုင်ပွဲများ (ဓာတ်ပုံသတင်း)

စစ်ကိုင်းတိုင်းက တော်လှန်ရေးတပ်တွေ ထိန်းချုပ်ထားတဲ့ နယ်မြေတစ်နေရာမှာ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ အမှတ် (၁) စစ်ဒေသရဲ့ ၂၀၂၅ ခုနှစ် နှစ်သစ်ကူးအထိမ်းအမှတ် အားကစားပြိုင်ပွဲတွေကို ဇန်နဝါရီလ ၁ ရက်က ကျင်းပခဲ့ပြီး အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီး ဦးရည်မွန် တက်ရောက်ခဲ့တယ်လို့ သိရပါတယ်။