KIA ထိန်းချုပ်ထားတဲ့ ကချင်ပြည်နယ်၊ မိုးမောက်မြို့ကို ပြန်လည်ရရှိဖို့ စစ်ကောင်စီက အင်အားအပြည့်နဲ့ ထိုးစစ်ဆင်နေတယ်လို့ ကချင် စစ်ရေးသတင်းအရင်းအမြစ်အချို့မှာ ဖော်ပြလာပါတယ်။

အခုရက်ပိုင်းအတွင်း စစ်ကောင်စီတပ်က သံချပ်ကာယာဉ်တွေပါ အသုံးပြုပြီး အင်အားအလုံးအရင်းနဲ့ ထိုးစစ်ဆင်နေတာဖြစ်လို့ ခံစစ်သဘောမျိုးနဲ့ KIA က ခုခံနေတယ်လို့လည်း သိရပါတယ်။

အဓိကအားဖြင့် မိုးမောက်မြို့က KIA နဲ့ PDF ပူးပေါင်းတပ်တွေ သိမ်းပိုက်ထားတဲ့ ခြေမြန်တပ်ရင်း ခမရ၄၃၇ ရှိရာ နေရာကို စစ်ကောင်စီက ပြန်လည်တိုက်ခိုက်နေခြင်း ဖြစ်ပါတယ်။

ထိုးစစ်ဆင်မှုမှာ လက်နက်ကြီးပစ်ကူအပါအ၀င် လေကြောင်းတိုက်ခိုက်မှုတွေ ပါ၀င်နေတယ်လို့ သိရပါတယ်။

ဗန်းမော်နဲ့ မိုးမောက်ကြား အောင်မြေကျေးရွာအနီး စစ်ကောင်စီတပ်တပ်နဲ့ ကချင်လွတ်လပ်ရေးတပ်မတော် KIA တပ်ကြား တိုက်ပွဲပြင်းထန်နေတာ ၄ ရက်လောက်ရှိနေပြီလည်းဖြစ်ပါတယ်။

ပြီးခဲ့တဲ့အောက်တိုဘာလ ၂၀ ရက်နေ့စပြီး စစ်ကောင်စီတပ်တွေဟာ ဗန်းမော်မြို့ဘက်ကနေ တင့်ကား ၄ စီးအပါ စစ်အင်အားအလုံးအရင်းနဲ့ ထိုးစစ်ဆင်တိုက်ခိုက်လာတာကြောင့် ၆ မိုင်နဲ့ ၇ မိုင်ကုန်းနေရာမှာ အဓိကတိုက်ပွဲဖြစ်နေတယ်လို့ သိရပါတယ်။

ကချင်လွတ်လပ်ရေးတပ်မတော် KIA ဟာ ကချင်ပြည်နယ်နဲ့ ရှမ်းမြောက်က ၁၂ မြို့နဲ့ စစ်တပ်စခန်းပေါင်း ၂၂၀ ခန့်ကို တိုက်ခိုက်သိမ်းပိုက်ထိန်းချုပ်ထားပါတယ်။

လက်ရှိ တိုက်ပွဲတွေ ပြင်းထန်နေတဲ့ မိုးမောက်မြို့ကို KIA ကပြီးခဲ့တဲ့ ဩဂုတ်လက သိမ်းပိုက်ထိန်းချုပ်နိုင်ခဲ့တာ ဖြစ်ပါတယ်။

ဩဂုတ်လအတွင်း မိုးမောက်မြို့နယ်အတွင်းက တိုက်ပွဲတစ်ခုမှာ ထိန်းသိမ်းရရှိခဲ့သည့် စကစ သံချပ်ကာယာဉ်တစ်စီး (ဓာတ်ပုံ CJ)
0 Shares:
You May Also Like
Read More

ရေးမြို့မှာ သန်းခေါင်စာရင်းကောက်ယူမှုအတွင်း ပါဝင်သူတွေကို စစ်ရေးပစ်မှတ်အဖြစ် သတ်မှတ်

မွန်ပြည်နယ်၊ ရေးမြို့နယ်မှာ သန်းခေါင်စာရင်းကောက်ယူမှုမှာ ပါဝင်သူတွေအားလုံးကို စစ်ရေးပစ်မှတ်အဖြစ် သတ်မှတ်လိုက်တယ်လို့ ရေးမြို့နယ် အခြေစိုက် ဒေါနစစ်ကြောင်း၂၊ ရေးပြောက်ကျားတပ် (YGF) က အသိပေးထုတ်ပြန်ပါတယ်။
Read More

ဖားကန့်တွင် မြေပြိုကျမှုကြောင့် ရေမဆေးကျောက်ရှာသူ ၂ ဦး သေဆုံး၊ ၁၄ နှစ်အရွယ် ၁ ဦး ဒဏ်ရာရ

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်မှာ မြေပြိုကျမှုကြောင့် ရေမဆေးကျောက် ရှာဖွေသူ ၂ယောက် သေဆုံးပြီး ၁ယောက် ဒဏ်ရာရခဲ့တယ်လို့ နယ်ခံတွေဆီက သိရပါတယ်။
Read More

နွားထိုးကြီးနှင့် မလှိုင် တိုက်ပွဲများအတွင်း စစ်တပ် ဗိုလ်မှူး၊ ဗိုလ်ကြီးများအပါ အယောက် ၄၀ ထက်မနည်းသေပြီး သုံးပန်း ၉ ဦးနှင့် လက်နက်ခဲယမ်းအများအပြား ရရှိခဲ့၊ စစ်အုပ်စုထိုးစစ်ကို အကောင်းဆုံးခုခံရင်း ပြန်လည်ထိုးစစ်နိုင်ခဲ့ခြင်းဟု PDF များ ပြော

မန္တလေးတိုင်း၊ နွားထိုးကြီးနဲ့ မလှိုင်မြို့နယ်တွေမှာ ထိုးစစ်ဆင် ဝင်ရောက်လာတဲ့ အကြမ်းဖက်စစ်ကြောင်းတွေကို ခုခံရင်း စစ်အုပ်စုဘက်က အရာရှိတွေ အပါအဝင် အယောက် ၄၀ ထက်မနည်း ထိခိုက်သေဆုံးကာ စစ်သုံ့ပန်း ၉ယောက်နဲ့ လက်နက်ခဲယမ်း အများအပြားရရှိတဲ့အထိ ပြန်လည်တိုက်ခိုက်နိုင်ခဲ့တယ်လို့ မြင်းခြံခရိုင်တပ်ရင်း(၄-၁၀) က သတင်းထုတ်ပြန်ထားပါတယ်။
Read More

စစ်ကိုင်းမြို့အနီးတစ်ဝိုက်ကို ဗဟိုပြုပြီး ရစ်ချက်တာစကေး ၇.၇အဆင့်နှင့် ၆.၄ အဆင့်ရှိ အင်အားပြင်း ငလျင် ၂ ခု လှုပ်ခတ်ခဲ့ကြောင်း အမေရိကန် ဘူမိလေ့လာရေး အသင်း ထုတ်ပြန်

စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့အနောက်မြောက်ဘက် ၁၆ ကီလိုမီတာအကွာကို ဗဟိုပြုပြီး ဒီနေ့ နေလယ် ၁၂ နာရီ ၅၀ မိနစ်အချိန်မှာ ရစ်ချက်တာစကေး ၇.၇ အဆင့်ရှိ အင်အားပြင်း ငလျင် လှုပ်ခတ်ခဲ့တယ်လို့ အမေရိကန် ဘူမိလေ့လာရေး အသင်း (USGS) က ထုတ်ပြန်ထားပါတယ်။
Read More

ဇီးကုန်းမြို့အတွင်း အရက်ဝယ်ပြီး ပြန်လာတဲ့ စစ်ကောင်စီတပ်သားတွေ တိုက်ခိုက်ခံရပြီး ၄ ယောက် သေ

စစ်ကိုင်းတိုင်း ဇီးကုန်းမြို့အတွင်း အရက်ဝယ်ပြီး ပြန်လာတဲ့ စစ်ကောင်စီတပ်သားတွေကို တိုက်ခိုက်ခဲ့ရာ ၄ ယောက်သေဆုံးခဲ့တယ်လို့ ဓူဝံ ပြည်သူ့ကာကွယ်ရေးအဖွဲ့ ရေဦးမှ သတင်းထုတ်ပြန်ထားပါတယ်။
Read More

ခလရ (၁၀၃) တပ်ရင်းမှ တပ်သား (၂) ဦး တနင်္သာရီမြို့နယ် ပကဖထံ လက်နက်ခဲယမ်းနှင့်အတူ အလင်းဝင်

တနင်္သာရီတိုင်းအခြေစိုက် အကြမ်းဖက်စစ်အုပ်စုရဲ့ ခလရ (၁၀၃) တပ်ရင်းက စစ်သား ၂ ယောက် လက်နက်ခဲယမ်းနဲ့အတူ အလင်းဝင်လာတယ်လို့ တနင်္သာရီမြို့နယ် ပကဖ က ဒီနေ့ ထုတ်ပြန်ပါတယ်။