စစ်ကိုင်းတိုင်း၊ ဆားတောင်မြို့နယ်မှာ တော်လှန်ရေးတပ်တွေရဲ့ ဒရုန်းနဲ့ ဗုံးချတိုက်ခိုက်မှုကြောင့် မင်္ဂလာပွဲကျင်းပနေတဲ့ အကြမ်းဖက်စစ်အုပ်စုတွေထိခိုက်သွားတယ်လို့ ကြောင်လက်သည်းအဖွဲ့တာဝန်ရှိသူက မောင်းကို ပြောပါတယ်။

အောက်တိုဘာ ၂၂ရက်၊ မနက်အစောပိုင်းမှာ ဆားတောင်မြို့နယ်၊ ရဲစခန်းထဲကို တော်လှန်ရေးတပ်တွေက ဒရုန်းနဲ့ TNT ဗုံးသီးတွေကြဲချတိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

ပြင်ဆင်နေမှုများ (ဓာတ်ပုံ Shwe Bo Battalion 15 (ဗိုလ်ကောက်ရိုး))

ဗုံးသီးတွေကျရောက်ပေါက်ကွဲခဲ့တဲ့အတွက် စခန်းအတွင်း မင်္ဂလာပွဲကျင်းပနေတဲ့ စစ်သား၊ ပျူနဲ့ရဲတွေ ထိခိုက်သွားခဲ့တာဖြစ်ပြီး သတို့သားဖြစ်သူ ရဲတပ်သားမှာ ကျည်ခါးပေါက်တဲ့ ဒဏ်ရာရသွားတယ်လို့ ကြောင်လက်သည်းအဖွဲ့က ပြောပါတယ်။

အဲ့စခန်းထဲမှာ ညောင်ငုတ်တိုရွာပျူခေါင်းဆောင်သမီးနဲ့ ဆားတောင်စခန်းက ကောင်တို့ မင်္ဂလာဆောင်နေကြတာပေါ့။ သတင်းကညပိုင်းကတည်းကရတာပါ။အဲ့ဒါနဲ့ မနက် စောစော ၇နာရီခွဲမှာ ဗုံးကြဲတိုက်ခိုက်ပါတယ်။ စုစုပေါင်း ၈လုံးကြဲခဲ့တာမှာ ပထမဆုံး၃လုံးက မင်္ဂလာဆောင် လက်ဖွဲ့အလယ်တည့်တည့်ကိုကျတဲ့အတွက် ထိကုန်ကြပါတယ်။ သတို့သားပါ အဲ့ထဲပါတယ်လို့သိရတယ်ပေါ့လို့ ကြောင်လက်သည်းအဖွဲ့တာဝန်ရှိသူက မောင်းကိုပြောပါတယ်။

ပြင်ဆင်နေမှုများ (ဓာတ်ပုံ Shwe Bo Battalion 15 (ဗိုလ်ကောက်ရိုး))

ဒီဗုံးချတိုက်ခိုက်မှုကို ကြောင်လက်သည်းအဖွဲ့နဲ့အတူ တရားရေးမီးတောက်တပ်ဖွဲ့၊ ဇာမဏီတပ်ဖွဲ့၊ Phoenix တပ်ဖွဲ့ နဲ့ ရွှေဘိုခရိုင်တပ်ရင်း ၁၅တို့က ပူးပေါင်းလုပ်ဆောင်ခဲ့တယ်လို့ သိရပါတယ်။

ပြင်ဆင်နေမှုများ (ဓာတ်ပုံ Shwe Bo Battalion 15 (ဗိုလ်ကောက်ရိုး))
0 Shares:
You May Also Like
Read More

ဓဝယ်အမျိုးသားလွတ်မြောက်ရေး တပ်တော်က လက်နက်နဲ့ အလင်းဝင်လာတဲ့ စစ်သား ၁ ယောက်ကို ငွေကျပ်သိန်း ၅၀ ချီးမြှင့်

တနင်္သာရီတိုင်း၊ ထားဝယ်မြို့နယ် အခြေစိုက် စစ်ကောင်စီရဲ့ ခလရ (၂၅) တပ်ရင်းက တပ်သားတစ်ယောက် လက်နက်နဲ့ အလင်းဝင်လာတာကြောင့် ငွေကျပ်သိန်း ၅၀ ချီးမြှင့်ခဲ့တယ်လို့ ဓဝယ်အမျိုးသား လွတ်မြောက်ရေးတပ်တော်က ဒီဇင်ဘာ ၁၆ ရက် ရက်စွဲနဲ့ ထုတ်ပြန်ထားပါတယ်။
Read More

မြိုင်နှင့်ပေါက်အစပ်ရှိ ရေနံမှော်နေရာများအား စစ်အုပ်စု ၃ ရက်ဆက် ဗုံးကြဲ၊ အရပ်သား ၂ ဦး သေဆုံးပြီး ထိခိုက်သူများလည်း ရှိ

မကွေးတိုင်း၊ ပခုက္ကူခရိုင်၊ မြိုင်နဲ့ ပေါက်နယ်အစပ်က ရေနံမှော်တွေရှိရာကို အကြမ်းဖက်စစ်တပ်က ၃ရက်ဆက်တိုက် လေကြောင်းတိုက်ခိုက်မှုတွေ လုပ်ဆောင်နေတာကြောင့် အရပ်သား ၂ယောက် သေဆုံးပြီး ထိခိုက်ဒဏ်ရာရသူတွေလည်း ရှိနေတယ်လို့ ဒေသခံ သတင်းရင်းမြစ်တွေက မောင်းကိုပြောပါတယ်။
Read More

BNRA ဟာ ထူးခြားသော ဝိသေသရှိသည့် တော်လှန်ရေးအဖွဲ့အစည်းဖြစ်သည်ဟု KNU ဂုဏ်ပြုသဝဏ်လွှာ ပေးပို့

အညာဒေသမှာ စစ်ရေးလှုပ်ရှားမှုတွေ အဓိက ဖော်ဆောင်နေတဲ့ ဗမာအမျိုးသားတော်လှန်ရေးတပ်မတော် (BNRA) ဟာ ဒီနေ့မှာ ဖွဲ့စည်းတည်ထောင်ခြင်း ၂ နှစ်ပြည့်မြောက်ပြီ ဖြစ်တာကြောင့် ကရင်အမျိုးသားအစည်းအရုံး (KNU) ကနေ ဂုဏ်ပြုသဝဏ်လွှာ ပေးပို့ခဲ့ပါတယ်။
Read More

ယောဒေသ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ကိုယ်လက်ဆုံးရှုံးရဲဘော်တွေကို လစဉ်ထောက်ပံ့ငွေတွေ စတင်ပေးအပ်

ယောဒေသ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (YPDF) မှာ တာဝန်ထမ်းဆောင်ရင်း ကိုယ်လက်အင်္ဂါဆုံးရှုံးခဲ့ရတဲ့ တပ်ဖွဲ့ဝင်ရဲဘော်တွေကို လစဥ်ထောက်ပံ့မှုအဖြစ် ပြီးခဲ့တဲ့ အောက်တိုဘာလက စတင်ကာ ထောက်ပံ့ငွေတွေ ပေးအပ်ခဲ့တယ်လို့ အဆိုပါတပ်ဖွဲ့က ဒီနေ့မှာ ထုတ်ပြန်ပါတယ်။
Read More

ရေဘေးကူညီဖို့ လေလံတင် ရောင်းချတဲ့ မြန်မာလက်ဝှေ့ကျော် ထွန်းထွန်းမင်းရဲ့ ချန်ပီယံခါးပတ်ကို အမည်မဖော်လိုသူ ကျပ်သိန်း ၅၀၀ နဲ့ ဝယ်ယူ

မြန်မာပြည်တွင်းက ရေဘေးသင့် ဒေသတွေကို လှူဒါန်းဖို့ မြန်မာ့လက်ဝှေ့ အကျော်အမော် ထွန်းထွန်းမင်းဟာ သူ ၂၀၁၄ ခုနှစ်က ရရှိခဲ့တဲ့ မြန်မာ့လက်ဝှေ့ ကမ္ဘာ့ချန်ပီယံ ခါးပတ်ကို လေလံတင်ရောင်းချခဲ့ပါတယ်။
Read More

ဆိပ်ဖြူအခြေစိုက် လေကြောင်းရန်ကာကွယ်ရေးတပ်မှ ဒုတပ်ကြပ် ၁ ဦး လက်နက်ခဲယမ်းများနှင့် အလင်းဝင်လာ

မကွေးတိုင်း၊ ဆိပ်ဖြူမြို့နယ်အခြေစိုက် လေကြောင်းရန် ကာကွယ်ရေးတပ်က ဒုတပ်ကြပ် ၁ ယောက် လက်နက်ခဲယမ်းတွေနဲ့ ဆိုင်ကယ် ၁ စီး ယူဆောင်ပြီး အလင်းဝင်ရောက်လာတယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ အမှတ် ၁ စစ်ဒေသ၊ မင်းဘူးခရိုင်အမှတ် ၁ တပ်ရင်းက ထုတ်ပြန်ထားပါတယ်။