အနောက်ပိုင်းတိုင်း စစ်ဌာနချုပ်တည်ရှိရာ ရခိုင်ပြည်နယ် အမ်းမြို့ကို အာရက္ခတပ်တော် AA က အပြင်းအထန် ထိုးစစ်ဆင်နေပြီး စစ်ကောင်စီက အမ်းလေဆိပ်နဲ့ တပ်မတော်ဆေးရုံကို လက်လွှတ်လိုက်ရပြီလို့  ရခိုင်စစ်ရေးသတင်းရင်းမြစ်တချို့မှာ ဖော်ပြလာပါတယ်။

စစ်ကောင်စီတပ်ရဲ့အမှတ် ၁၀ တပ်ထိန်းတပ်ခွဲအနီးမှာတည်ရှိတဲ့ အမ်းလေဆိပ်နဲ့  အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်အနီးက အမှတ် ၂ ကုတင် ၃၀၀ တပ်မတော်စစ်ဆေးရုံတို့ကို  AA ရဲ့ထိုးစစ်ကြောင့်စစ်ကောင်စီကလက်လွှတ်လိုက်ရခြင်းလည်းဖြစ်ပါတယ်။

အထူးသဖြင့် AA က အမှတ် ၃၇၃ ခြေမြန် တပ်ရင်း၊ အမှတ် ၃၇၄ အမြောက်တပ်ရင်း၊ အမှတ် ၉၄၆ ဆောက်လုပ်ရေးအင်ဂျင်နီယာတပ်ခွဲ၊ အမှတ် ၃၄၅ စက်လက်နက်ပစွည်းတပ်ခွဲ၊ စစ်ဖက်ရေးရာလုံခြုံရေးတပ်ဖွဲ့(နပခ)၊အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်ကိုအဓိကထိုးစစ်ဆင်နေတာဖြစ်ပါတယ်။

အမ်းမှာ စစ်ဌာနချုပ် အပါအဝင် တိုက်ခိုက်ရေးတပ် ၅ ရင်းသာရှိပြီး ရခိုင်ပြည်နယ်မှာ အမ်းမြို့ဟာ စစ်ကောင်စီရဲ့ စစ်ဌာနချုပ်တည်ရှိရာမြို့လည်း ဖြစ်ပါတယ်။

အမ်းလေဆိပ် (ဓာတ်ပုံ အင်တာနက်)

အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်အတွက် စစ်လက်နက်ရိက္ခာတွေ ဖြည့်တင်းဖို့ အဓိကအသုံးပြုနေတဲ့ အမ်းလေဆိပ်ကို လက်လွှတ်ဆုံးရှူံးလိုက်ရတာကြောင့် စစ်ကောင်စီအတွက် ပိုမိုအခက်အခဲတွေ့သွားတယ်လို့လည်း ဒေသခံတွေကဆိုပါတယ်။

အမ်းလေဆိပ်ကို စစ်ကောင်စီက ဆုတ်ခွာလိုက်ပေမယ့် စစ်ကောင်စီရဲ့ လက်နက်ကြီးပစ်ကူတွေရှိနေသေးလို့ အာရက္ခတပ်တော် AA က အပြီးတိုင် မထိန်းချုပ်နိုင်သေးဘူးလို့လည်း သိရပါတယ်။

အမ်းလေဆိပ်ကို AA အနေနဲ့ ထိန်းချုပ်ရရှိနိုင်ရင် သံတွဲလေဆိပ်အပြီး ဒုတိယမြောက်သိမ်းပိုက်နိုင်တဲ့ လေဆိပ်အဖြစ် မှတ်တမ်းဝင်သွားမှာ ဖြစ်ပါတယ်။

တိုက်ပွဲတွေဟာရက်ပိုင်းအတွင်းအမ်းမြို့တစ်ခုလုံးကိုပျံ့နှံ့လာနိုင်တာကြောင့်ဒေသခံအများစုဟာကြိုတင်ပြီးစစ်ဘေးရှောင်မှုတွေလည်းပြုလုပ်နေပြီလို့သိရပါတယ်။

အာရက္ခတပ်တော် AA ဟာ အမ်းဒေသကို ထိုးစစ်ဆင်နေသလို ရခိုင်ပြည်နယ် တောင်ပိုင်း ဂွမြို့ကိုလည်း ထိုးစစ်ဆင်နေပြီး မြို့ကို အပြီးသတ်ထိန်းချုပ်သိမ်းပိုက်နိုင်ဖို့ အလားလာကောင်းတွေရှိနေကြောင်း မြေပြင်စစ်ရေး သတင်းအရင်းအမြစ်တွေက ဆိုပါတယ်။

0 Shares:
You May Also Like
Read More

ဖားဆောင်းမြို့ ခလရ ၁၃၅ တပ်ရင်းစခန်းသိမ်းတိုက်ပွဲတွင် ၁၉ နှစ်နှင့် ၂၀ နှစ်အရွယ် တော်လှန်ရေးရဲဘော် ၂ ဦး ကျဆုံးခဲ့

ကရင်နီပြည်နယ်၊ ဖားဆောင်းမြို့အခြေစိုက် အကြမ်းဖက်စစ်တပ်ရဲ့ ခလရ ၁၃၅ တပ်ရင်းစခန်းသိမ်းတိုက်ပွဲမှာ ရဲဘော် ၂ ယောက် ကျဆုံးခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ ဖားဆောင်းပြည်သူ့ကာကွယ်ရေးတပ် (အမှတ်-၁၁၀၈ တပ်ရင်း)က ထုတ်ပြန်ပါတယ်။
Read More

တောင်းခမ်းမှ နောင်ချိုထိုးစစ်တွင် စစ်ကောင်စီတပ်သားများ အများအပြား အလင်းဝင်ရောက်လာဟု DPLA ထုတ်ပြန်

ရှမ်းပြည်နယ်မြောက်ပိုင်း၊ တောင်ခမ်းဒေသကနေ စစ်ကြောင်းထိုးလာတဲ့ အကြမ်းဖက်စစ်ကောင်စီတပ်ကနေ စစ်သား အများအပြား အလင်းဝင်ရောက်လာတယ်လို့ ဓနုပြည်သူ့လွတ်မြောက်ရေးတပ်ဦး(DPLF)/ဓနုလွတ်မြောက်ရေးတပ်တော် (DPLA) က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

ငဖဲတွင် နှစ်လဆက် ထိတွေ့တိုက်ပွဲများဖြစ်ပြီး စစ်ကောင်စီဘက်က အယောက်၂၀ ထက်မနည်း သေဆုံးခဲ့

မကွေးတိုင်း၊ ငဖဲမြို့နယ်မှာ ဖေဖော်ဝါရီလနဲ့ မတ်လအတွင်း ဖြစ်ပွားခဲ့တဲ့ ထိတွေ့တိုက်ပွဲတွေထဲ စစ်ကောင်စီဘက်က အယောက်၂၀ ထက်မနည်း သေဆုံးပြီး အများပြားထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း လူထုတော်လှန်ရေးမဟာမိတ်အင်အားစု (PRA-Magway) က ထုတ်ပြန်ထားပါတယ်။
Read More

မင်းတုန်းတွင် မဲပုံးများပို့ရန် စစ်ကြောင်းထိုးသည့် အကြမ်းဖက် စစ်ကြောင်းဖြတ်တောက် တိုက်ခိုက်ခံရပြီး စစ်သား ၄ ဦး သေဆုံး

မကွေးတိုင်း၊ မင်းတုန်းမြို့ကနေ သရက်မြို့ကို ပို့ဆောင်မယ့် ရွေးကောက်ပွဲအတု မဲပုံးတွေအတွက် ​စစ်ကြောင်းထိုး နယ်မြေရှင်းတဲ့ခဲ့ အကြမ်းဖက်စစ်တပ်ဟာ ဖြတ်တောက်တိုက်ခိုက်ခံရပြီး စစ်သား ၄ ယောက်သေဆုံး ခဲ့တယ်လို့ သရက်ခရိုင် အမှတ်(၄) တပ်ရင်းက ထုတ်ပြန်ထားပါတယ်။
Read More

ဇူလိုင်လ ပထမအပတ်အတွင်း စစ်ကောင်စီ၏ အကြမ်းဖက်တိုက်ခိုက်မှုများကြောင့် သေဆုံးခဲ့သည့် အရပ်သား ၉ ဦးကို အမည်နှင့်တကွ အတည်ပြုထားဟု AAPP ထုတ်ပြန်၊ အတည်မပြုရသေးသည့် သေဆုံးသူအရပ်သား ၁၃ ဦး ရှိဟု ဆို

နိုင်ငံတစ်ဝန်း ဇူလိုင်လရဲ့ ပထမ ရက်သတ္တပတ်အတွင်း အကြမ်းဖက်စစ်ကောင်စီတပ် တိုက်ခိုက်မှုတွေကြောင့် အရပ်သား ၂၂ ယောက် သေဆုံးခဲ့တယ်လို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) က ဒီနေ့ ညနေပိုင်းမှာ ထုတ်ပြန်ပါတယ်။
Read More

နည်းလမ်းမျိုးစုံဖြင့် အဓမ္မစုဆောင်းထားသည့် စစ်မှုထမ်းအင်အားများအတွက် အကြမ်းဖက်စစ်တပ်က သင်တန်းကျောင်းများ တိုးချဲ့ဖွင့်လှစ်သင်ကြားနေ

မတရား စုဆောင်းထားတဲ့ စစ်မှုထမ်းအင်အားတွေ အရှိန်အဟုန်မပြတ် လေ့ကျင့်သင်ကြားပေးနိုင်ဖို့ ရည်ရွယ်ပြီး အကြမ်းဖက်စစ်တပ်က စစ်မှုထမ်းသင်တန်းကျောင်းတွေ ထပ်တိုးဖွင့်လှစ်ထားတယ်လို့ မြန်မာ့စစ်ဘက်ရေးရာနှင့် လုံခြုံရေးဆိုင်ရာလေ့လာရေးအဖွဲ့ (MDSI) က ထုတ်ပြန်ထားပါတယ်။