စစ်ကောင်စီရဲ့  စစ်ရာဇ၀တ်မှုကျူးလွန်နေမှုအပေါ် နိုင်ငံတကာက တစ်စုံတစ်ရာ အရေးယူမှုတွေ မပြုလုပ်တာကြောင့် ပိုမိုအတင့်ရဲနေခြင်း ဖြစ်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ NUG ရဲ့ လူ့အခွင့်အရေးဝန်ကြီးဌာနက ထုတ်ပြန်တောင်းဆိုလိုက်ပါတယ်။

နိုင်ငံတကာ အသိုင်းအဝိုင်းက အာဏာသိမ်းစစ်တပ်ကို   ဆက်လက်ခွင့်ပြုနေရင် သက်ဆိုးရှည်ပြီး ပိုမိုအတင့်ရဲနေမှာ ဖြစ်တာကြောင့် နိုင်ငံအတွင်း  တရားမျှတမှု ဖော်ဆောင်နိုင်ရေး ဦးတည်ကြိုးပမ်းပေးဖို့ NUG ကတောင်းဆိုလိုက်တာပါ။

စစ်ကောင်စီက  ဘုတလင်မြို့နယ်အတွင်း အရပ်သားတွေကို သတ်ဖြတ်မှု၊ လူသားဒိုင်းအဖြစ် ဖမ်းဆီးကျူးလွန်နေမှုတွေနဲ့ ဆက်စပ်ပြီး NUG က အခုလို ထုတ်ပြန်လိုက်တာလည်း ဖြစ်ပါတယ်။

ပြီးခဲ့တဲ့  စက်တင်ဘာ ၃၀ရက်က စစ်ကိုင်းတိုင်း၊ ဘုတလင်မြို့နယ်၊ စီပါကျေးရွာအနီး တိုက်ပွဲတစ်ခုမှာ စစ်အုပ်စုရဲ့ အနောက်မြောက်တိုင်းစစ်ဌာနချုပ် (နမခ) လက်အောက်ခံစစ်ကြောင်းနဲ့ တော်လှန်ရေး တပ်ဖွဲ့တွေ တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီက အရှုံးရလဒ်ကို ရင်ဆိုင်ခဲ့ရပါတယ်။

ဒါ့ကြောင့် စစ်ကောင်စီဘက်က ကျင့်သုံးလေ့ရှိတဲ့ နည်းဗျူဟာတွေအတိုင်း အနီးဝန်းကျင်က ကျေးရွာတွေကို ဝင်ရောက်စီးနင်းကာ အရပ်သားပြည်သူတွေကို သတ်ဖြတ်ခြင်း၊ အရပ်သား အိုးအိမ်တွေကို မီးရှို့ဖျက်ဆီးခြင်း၊ အရပ်သားတွေကို လူသားဒိုင်းအဖြစ် ဖမ်းဆီးခြင်းတွေကို ဆက်တိုက်ပြုလုပ်ပြီး စစ်ရာဇဝတ်မှုတွေကို ကျူးလွန်ခဲ့တာပါ။

အောက်တိုဘာ ၁၁ ရက်ကစတင်ကာ  စစ်ကောင်စီရဲ့ အင်အား ၁၀၀ကျော်ပါ စစ်ကြောင်းဟာ ဘုတလင်မြို့နယ်အတွင်းက ကျေးရွာတွေနဲ့ ရပ်ကွက် ၁၇ခုကို ဝင်ရောက်စီးနင်း၊ မီးရှို့၊ သတ်ဖြတ်မှုတွေ၊ လေကြောင်းတိုက်ခိုက်မှုတွေ လုပ်ခဲ့ပြီး အရပ်သားပြည်သူ ၂၄ယောက်ထက်မနည်း အသတ်ခံခဲ့ရတယ်လို့ ဖော်ပြထားပါတယ်။

အသတ်ခံရသူတွေထဲမှာ အရပ်သားပြည်သူတွေဖြစ်တဲ့ ကလေးငယ်၊ သက်ကြီးရွယ်အိုနဲ့ အမျိုးသမီးတွေပါဝင်တယ်လို့ သိရပါတယ်။

လက်နက်ကိုင် ထိတွေ့တိုက်ပွဲတွေအတွင်း  ရှုံးနိမ့်မှုအပေါ် လက်စားချေတဲ့အနေနဲ့ အရပ်သား ပြည်သူတွေကို ပစ်မှတ်ထားတိုက်ခိုက်ခြင်းဟာ စစ်ကောင်စီ ဆက်တိုက်ကျူးလွန်နေတဲ့ နည်းဗျူဟာဖြစ်ပြီး အရင်ကတည်းကလည်း ဒီလိုလုပ်ရပ်မျိုး မကြာခဏ ကျူးလွန်လေ့ရှိတယ်လို့ ဆိုပါတယ်။

ဒါ့ကြောင့် နိုင်ငံတကာ အသိုင်းအဝိုင်းအနေနဲ့ စစ်အုပ်စုရဲ့  ပြစ်ဒဏ်ကင်းလွတ်ခွင့်ကို ဆက်လက် ခွင့်ပြုနေရင် ဆိုးရွားယုတ်မာတဲ့ စစ်ရေးဆိုင်ရာ မဟာဗျူဟာ၊ နည်းဗျူဟာနဲ့ အယူဝါဒ ကိုင်ဆွဲထားတဲ့ ယန္တရားတစ်ရပ် ဆက်လက် သက်ဆိုးရှည်လာမယ်လို့ NUG က သတိပေးပြောဆိုလိုက်ပါတယ်။

ဒါ့အပြင် အာဏာသိမ်း ၃ နှစ်ကျော်ကာလအတွင်း စစ်အုပ်စုရဲ့ ကျူးလွန်မှုတွေအတွက် တရားမျှတမှု ဖော်ဆောင်နိုင်ဖို့ နိုင်ငံတကာ အသိုင်းအဝိုင်းအနေနဲ့ ကြိုးပမ်းဆောင်ရွက်ပေးဖို့ အမျိုးသားညီညွတ်ရေးအစိုးရ၊ လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာနက တိုက်တွန်းတောင်းဆိုလိုက်ပါတယ်။

အမျိုးသားညီညွတ်ရေးအစိုးရ၏ လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာန ထုတ်ပြန်ချက် အင်္ဂလိပ်မူ
0 Shares:
You May Also Like
Read More

တရုတ်ဖိအားကြောင့် စစ်တပ်နှင့် TNLA တွေ့ဆုံဖို့ရှိ၊ နယ်မြေပြန်တောင်းရင်တော့ ရလဒ်ထွက်မှာမဟုတ် ဟု TNLA ပြော

စစ်ကောင်စီကနေ အမည်ပြောင်းလဲလိုက်ပြန်တဲ့ စစ်ကော်မရှင်တပ်နဲ့ တအာင်းအမျိုးသား လွတ်မြောက်ရေးတပ်မတော် (TNLA ) တို့ဟာ လာမယ့် ဩဂုတ်လကုန်ပိုင်းမှာ တွေ့ဆုံဆွေးနွေးဖို့ရှိတယ်လို့ ဒီနေ့ ဩဂုတ်လ ၅ ရက်မှာ ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ TNLA က ပြောပါတယ်။ 
Read More

လူ့အခွင့်အရေး ချိုးဖောက်‌နေသည့် အကျဉ်းဦးစီးဝန်ထမ်း‌များကို အရေးယူနိုင်ရန် တော်လှန်ရေးအဖွဲ့တွေထံ ကိုယ်ရေးအချက်အလက်များ ဖြန်ဝေသွားမည်ဟု PPNM ထုတ်ပြန်

"ကျွန် တော်တို့က လူ့အခွင့်အရေးကို လေးစားလိုက်နာတဲ့ အဖွဲ့အစည်းဖြစ်တာ ကြောင့် လူ့အခွင့်အရေးနဲ့အညီ အရေးယူသွားမှာပါ" လို့ PPNM က ကိုသိုက်ထွန်းဦးက မောင်းကို ပြောပါတယ်။
Read More

လွိုင်ကော်-ဒီးမော့ဆို-ဖရူဆို လမ်းမကြီးကို အသုံးပြုသွားလာခြင်း မပြုလုပ်ကြဖို့ KNDF အသိပေးထုတ်ပြန်

ကရင်နီပြည်နယ် လွိုင်ကော်-ဒီးမော့ဆို-ဖရူဆို လမ်းမကြီးကို မြေပြင်စစ်ရေးအခြေအနေအရ သြဂုတ်လ(၁၀)ရက်‌နေ့ကစပြီး အသုံးပြုသွားခြင်းများ မပြုလုပ်ကြဖို့ ပြည်သူများကို ကရင်နီ အမျိုးသားများကာကွယ်ရေးတပ်ဖွဲ့ (KNDF) က အသိပေးထုတ်ပြန်ထားပါတယ်။
Read More

အာဏာသိမ်းစစ်အုပ်စုလက်ထက် ထိန်းမနိုင်အောင် တက်လာသည့် ကုန်ဈေးနှုန်းများ ထိုက်သင့်သည့် ဈေးနှုန်းအတိုင်းဖြစ်စေရေး ကြိုးပမ်းဆောင်ရွက်နေဟု မင်းအောင်လှိုင် ပြော

အကြမ်းဖက်မင်းအောင်လှိုင် အာဏာသိမ်းပြီးနောက် ကုန်စျေးနှုန်း အဆမတန် ကြီးမြှင့်လာမှုနဲ့အတူ ပြည်သူလူထုက အထွေထွေအကြပ်အတည်းတွေနဲ့ ရင်ဆိုင်နေရပေမယ့် ကုန်ဈေးနှုန်းတွေ ထိုက်သင့်တဲ့ ဈေးနှုန်းအတိုင်း ဖြစ်စေရေးအတွက် ကြိုးပမ်းဆောင်ရွက်နေတယ်လို့ အကြမ်းဖက်မင်းအောင်လှိုင်က ပြောဆိုထားပါတယ်။
Read More

ကန့်ဘလူမှာ (၇၆)နှစ်မြောက် အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးနေ့ အထိမ်းအမှတ် လူထုလှုပ်ရှားမှု ပြုလုပ်… (ဓာတ်ပုံသတင်း)

စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်က မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ နဲ့ လူ့အခွင့်ရေးရာတာ၀န်ခံတို့ ဦးဆောင်ပြီး ဒေသခံပြည်သူတွေနဲ့ ပူးပေါင်းကာ (၇၆)နှစ်မြောက် အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးနေ့ အထိမ်းအမှတ် လူထုလှုပ်ရှားမှုတစ်ရပ် ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။