မကွေးတိုင်း၊ ဂန့်ဂေါခရိုင်၊ ထီးလင်းမြို့နယ်မှာ လေကြောင်းတိုက်ခိုက်မှုလုပ်ခဲ့တဲ့ စစ်ကောင်စီရဲ့ ရော့ကတ်ဗုံးသီးတွေထဲ မပေါက်ကွဲသေးတာတွေရှိနေသေးတယ်လို့ ယောအလင်းတန်းအဖွဲ့က ပြောပါတယ်။

အောက်တိုဘာ ၂၂ရက်၊ မနေ့က နေ့လည်ပိုင်းမှာ မကွေးတိုင်း၊ ထီးလင်းမြို့နယ်၊ အိုင်းမကျေးရွာနဲ့ အနီးတစ်ဝက်ကို စစ်တပ်က လေကြောင်းကနေ ဗုံးသီးတွေရော ရော့ကတ်တွေနဲ့ပါ ကြဲချခဲ့သလို ပွိုင့်ဖိုက်တွေနဲ့ပါ ပစ်ခတ်တိုက်ခိုက်ခဲ့တဲ့အတွက် အသက်၅၀အရွယ် အမျိုးသမီးကြီးတစ်ယောက် သေဆုံးပြီး ကလေးငယ်တွေ အပါအဝင် အရပ်သား ၉ယောက်ထက်မနည်း ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ သိရပါတယ်။

ဒါ့အပြင် ခိုင်းကျွဲ၂ကောင်နဲ့ နွား၁ကောင်သေဆုံးပြီး အရပ်သားနေအိမ် ၈လုံးထက်မနည်းလည်း ထိခိုက်ပျက်စီးခဲ့တယ်လို့ သိရပါတယ်။

အကြမ်းဖက်စစ်ကောင်စီက ထိတွေ့တိုက်ပွဲလုံးဝမရှိဘဲ အရပ်သားပစ်မှတ်တွေဖြစ်တဲ့ ရွာ ဘုန်းတော်ကြီးကျောင်း၊ ကျေးလက်ဆေးပေးခန်း၊ စာသင်ကျောင်းနဲ့ အနီးတစ်ဝိုက်နေရာတွေ၊ ထီးလင်းဂန့်ဂေါလမ်းမကြီးပေါ်ကို ဗုံးအကြီး ၄လုံး၊ ရော့ကတ် ၁၂လုံးနဲ့ ပွိုင့်ဖိုက်ကဒ်လိုက် ပစ်ခတ်တိုက်ခိုက်ခဲ့တာ ဖြစ်တယ်လို့လည်း သိရပါတယ်။

ရွာကိုတိုက်ရိုက်ကို ပစ်မှတ်ထားပြီး ပါသမျှအကုန်ပစ်တဲ့သဘောပါ။ မိနစ် ၄၀ လောက်ကြာပါတယ်။ ဘာ PDF မှလည်းမရှိ၊ တိုက်ပွဲလည်းမရှိပါဘူးလို့ ထီးလင်းအခြေစိုက် တော်လှန်ရေးတပ်ဖွဲ့ တာဝန်ရှိသူ ၁ ယောက်က မောင်းကိုပြောပါတယ်။

ဒါ့အပြင် အဲ့ဒီပစ်ခတ်တိုက်ခိုက်လိုက်တဲ့ ရော့ကတ်ကျည်တွေထဲ ၃လုံးထက်မနည်းဟာ မပေါက်ကွဲသေးဘဲ ရှိနေသေးတယ်လို့ ယောအလင်းတန်းက ပြောပါတယ်။

ကျည်ဖူးတော့ မဟုတ်ဘူးဗျ။ ရော့ကတ်ဗုံးသီး ဖြစ်ဖို့များပါတယ်။ အခုတော့ဖယ်ရှားရှင်းလင်းဖို့ လုပ်နေပါတယ်။ အရင်ကလည်း ဒီလိုမျိုးဖြစ်စဥ်တွေရှိခဲ့ဖူးပါတယ်။ စစ်တပ်က အရပ်သားကျေးရွာတွေထဲ မိုင်းထောင်ခဲ့ရင်း၊လေကြောင်းတိုက်ခိုက်ရင်း၊ လက်နက်ကြီးပစ်ရင်းမပေါက်ကွဲဘဲ အကြွင်းကျန်တွေ ကျန်နေခဲ့တာမျိုးပေါ့။ ဒီလိုမျိုးတွေတွေ့ခဲ့ရင်လည်း ပြည်သူ့ကာကွယ်ရေးတပ်တွေကိုပဲ အကြောင်းကြားပါ။ ကိုယ်ကိုယ်တိုင်ထိတွေ့ကိုင်တွယ် ဖယ်ရှားတာမျိုးမလုပ်ပါနဲ့လို့ပဲ မှာကြားချင်ပါတယ်။လို့ ထီးလင်းအခြေစိုက် တော်လှန်ရေးတပ်ဖွဲ့ တာဝန်ရှိသူက ပြောခဲ့ပါတယ်။

 

 

စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုအပြီး ထိခိုက်ပျက်စီးသွားတဲ့ အိုင်းမရွာ (ဓာတ်ပုံ ယောအလင်းတန်း)

0 Shares:
You May Also Like
Read More

စက်တင်ဘာ ၃၀ရက်မှ နိုဝင်ဘာ ၁၆ရက်အတွင်း စစ်ရေးလှုပ်ရှားမှုများကို Earthquake People’s Defense Force ထုတ်ပြန် 

Earthquake People’s Defense Force က ပြီးခဲ့တဲ့ စက်တင်ဘာ ၃၀ ရက်ကနေ နိုဝင်ဘာ ၁၆ ရက်အတွင်း စစ်ရေးလှုပ်ရှားမှု တိုက်ပွဲအခြေအနေတွေကို သတင်းထုတ်ပြန်လာပါတယ်။ 
Read More

စစ်အာဏာသိမ်း ၄ နှစ်တာအတွင်း စစ်ကိုင်းတိုင်းတစ်ခုတည်းမှာတင် အရပ်သားပြည်သူ ၅၀၀၀ ကျော် သေဆုံးခဲ့ရ

စစ်တပ်အာဏာသိမ်းထားတဲ့ လေးနှစ်တာအတွင်း အာဏာသိမ်း စစ်တပ်ရဲ့ အကြမ်းဖက်မှုတွေကြောင့် စစ်ကိုင်းတိုင်းတစ်ခုထဲမှာတင် အရပ်သားပြည်သူ ၅၀၀၀ ကျော် သေဆုံးခဲ့ရတယ်လို့ Data For Myanmar ရဲ့  မတ်လ ၁၂ ရက်နေ့က ထုတ်ပြန်တဲ့ သုတေသန အစီရင်ခံစာမှာ ဖော်ပြပါတယ်။
Read More

ဂွမြို့ရဲ့ မြို့စောင့်တပ်ရင်း ၂ ခုထဲက ခမရ ၅၆၃ တပ်ရင်းကို AA သိမ်းပိုက်၊ ခမရ ၅၆၂ တပ်ရင်းကိုလည်း အပြင်းအထန် ထိုးစစ်ဆင်နေ

ရခိုင်ပြည်နယ်၊ ဂွမြို့အခြေစိုက် မြို့စောင့်တပ်ရင်း ၂ ခုထဲ တစ်ခုဖြစ်တဲ့ အကြမ်းဖက်စစ်ကောင်စီရဲ့ ခမရ ၅၆၃ တပ်ရင်းကို ရက္ခိုင့်တပ်တော် AA က သိမ်းပိုက်လိုက်ပြီး ကျန်ရှိနေတဲ့ ခမရ ၅၆၂ တပ်ရင်းကို အပြင်းအထန် ထိုးစစ်ဆင်နေတယ်လို့ ရခိုင်ရှေ့တန်းသတင်းရင်းမြစ်ဆီက သိရပါတယ်။
Read More

စစ်အာဏာရှင်ကို တွန်းလှန်မယ့် ချင်းတွင်းကာကွယ်ရေးအထူးတပ်ဖွဲ့ သင်တန်းဆင်း (ဓာတ်ပုံသတင်း)

ချင်းတွင်းကာကွယ်ရေးအထူးတပ်ဖွဲ့ အခြေခံစစ်ပညာနဲ့မွမ်းမံ သင်တန်းဆင်းပွဲကို ဇန်နဝါရီလ ၂၅ ရက်မှာ ပြုလုပ်ခဲ့ပါတယ်။
Read More

“ငါ့အကြောင်း မသိဘူးထင်တယ် သိစေရမယ်ကွ” ဆိုပြီး PDF တွေကို ခြိမ်းခြောက်တဲ့ အုပ်ချုပ်ရေးမှူး ပစ်သတ်ခံရ

စစ်ရေးတင်းမာနေတဲ့ မကွေးတိုင်း၊ ပွင့်ဖြူမြို့နယ်မှာ PDF တပ်ဖွဲ့ဝင်တွေကို ခြိမ်းခြောက်ပြောဆိုခဲ့တဲ့ စစ်ကောင်စီခန့်အုပ်ချုပ်ရေးမှူးဆိုသူ နေအိမ်အတွင်း ပစ်ခတ်ရှင်းလင်းခံလိုက်ရကြောင်း သိရပါတယ်။
Read More

အောင်လံမြို့တွင် မသန်စွမ်းအမျိုးသား ၁ ဦးအား အကြမ်းဖက်စစ်တပ်မှ ပေါ်တာဆွဲဖမ်းဆီးကာ စစ်သင်တန်းကျောင်းကို ပို့ဆောင်

မကွေးတိုင်း၊ သရက်ခရိုင်၊ အောင်လံမြို့နယ်မှာ အသက်(၂၉) နှစ်အရွယ် မသန်စွမ်း အမျိုးသား တယောက်ကို အကြမ်းဖက်စစ်တပ်က ပေါ်တာဆွဲ ဖမ်းဆီးပြီး မိသားစုနဲ့ အဆက်သွယ်ဖြတ်ကာ စစ်သင်တန်းကျောင်း တစ်ခုဆီ ပို့ဆောင်လိုက်ပြီလို့ အောင်လံလူထုသတင်းအဖွဲ့ တာဝန်ရှိသူက မောင်းကို ပြောပါတယ်။