ပြီးခဲ့တဲ့ ရက်ပိုင်းက စစ်ကိုင်းတိုင်း၊ ဘုတလင်မြို့နယ်၊ စီပါကျေးရွာကို အကြမ်းဖက်စစ်ကောင်စီတပ်က စစ်ကြောင်းထိုးဝင်ရောက်ကာ ဒေသခံတွေကို ကိုယ်လက်အင်္ဂါတွေ ဖြတ်တောက်သတ်ဖြတ်ခဲ့တာကို ပြည်သူတွေ စိတ်မချမ်းမြေ့ဖွယ်ရာ မြင်တွေ့ကြားသိခဲ့ရပါတယ်။

ဒါ့အပြင် အကြမ်းဖက်စစ်တပ်က ရွာတွေကိုလည်း မီးရှို့ခဲ့တာကြောင့် ဘေးလွတ်ရာ ထွက်ပြေးနေကြရတဲ့ ဒေသခံပြည်သူ ၂၀၀ ကျော်ကို အညာပစ်တိုင်းထောင်လေးများအဖွဲ့က ဆန်၊ ဆီ၊ ကြက်ဥနဲ့ ခေါက်ဆွဲခြောက်ထုပ်တွေ သွားရောက်လှူဒါန်းခဲ့တယ်လို့ သိရပါတယ်။

သွားလှူတာကတော့ မနေ့ကပေါ့။ ၂၂ရက်နေ့က သွားလှူခဲ့တာပါ။ လှူတဲ့ ငွေပမာဏကတော့ ကျပ်သိန်း ၅၀ ကျော်ပေါ့။ လက်ရှိကျေးရွာတွေရဲ့ အနေအထားကတော့ ဘေးရွာတွေကကော နောက်ပြီး ရက်ရက်စက်စက် အသတ်ခံထားရတဲ့ စီပါရွာကဒေသခံတွေရောပေါ့နော်။ အိုးအိမ်တွေကို စွန့်ခွာပြီး ထွက်ပြေးလာကြရတာဆိုတော့ ကိုယ့်ဘာသာကိုယ်ပဲ ချက်စားကြရတာလေ။ တချို့စစ်ဘေးရှောင်တွေကျတော့လည်း အုပ်စုလေးတွေနဲ့ ချက်စားနေကြရတာ တွေ့ရတယ်။ အခြေအနေကတော့ စစ်ကောင်စီက နေ့စဥ်လေယာဥ်နဲ့ လာကြဲနေတာပေါ့။ မြေပြင်ကနေ စစ်ကြောင်းထိုးတာတွေလည်း ရှိနေပြီး တွေ့သမျှလူတွေကို ဖမ်းဆီးသတ်ဖြတ်တာတွေ ရှိနေတယ်လို့ စစ်ဘေးရှောင်အရေး သွားရောက်ကူညီနေတဲ့ အမျိုးသမီးတစ်ယောက်က မောင်းကိုပြောပါတယ်။

အကြမ်းဖက်စစ်တပ်က စစ်ကြောင်း ၃ ကြောင်းနဲ့အင်အားအများအပြားသုံးပြီး ဘုတလင်ကို ဝင်ရောက်လာတာပါ။ မုံရွာအခြေစိုက် နမခ က အကြမ်းဖက်စစ်သားတွေနဲ့ ပျူစောထီးအင်အား စုစုပေါင်း ၃၀၀ ကျော်ရှိပြီး ဒေသခံ ၁၀၀ ကျော်ကို ဓားစာခံအဖြစ် ဖမ်းဆီးထားတယ်။ ဒေသခံ ၂၀ ကျော်ကိုလည်း လူမဆန်စွာ ညှင်းပန်းနှိပ်စက် သတ်ဖြတ်ခဲ့ပြီး လူနေအိမ်တွေကို ပတ်ပြီးမီးရှို့နေတာလို့ စစ်ဘေးရှောင်အရေး ကူညီပေးနေသူ နောက်တစ်ယောက်ကလည်း ပြောပါတယ်။

အောက်တိုဘာလ ၂၂ ရက် မနေ့ကလည်း အကြမ်းဖက်စစ်ကြောင်းက ဘုတလင်မြို့နယ် စိုင်ပြင်လေးကျေးရွာကို ၄ကြိမ်မြောက် ဝင်ရောက်မီးရှို့ဖျက်ဆီးမှုတွေ ပြုလုပ်ခဲ့ပြီး စိုင်ပြင်လေးကျေးရွာမှာပဲ အကြမ်းဖက်စစ်သားနဲ့ ပျူစောထီးပူးပေါင်းအဖွဲ့တွေ  ဖြန့်ကျက်တပ်စွဲထားကြောင်း စစ်ဘေးရှောင်အရေး ကူညီနေသူတွေဆီက သိရပါတယ်။

 

(ဓာတ်ပုံ အညာပစ်တိုင်းထောင်လေးများအဖွဲ့)

0 Shares:
You May Also Like
Read More

ညောင်ဦးတိုက်ပွဲတွင် ပြည်သူ့ကာကွယ်ရေးတပ်ဘက်မှ ၁၀ ယောက် ကျဆုံးကြောင်း စစ်ကောင်စီ ဝါဒဖြန့်ချန်နယ်များ ဖော်ပြနေ

မန္တလေးတိုင်း၊ ညောင်ဦးမြို့နယ်မှာ စစ်ကြောင်းထိုး အကြမ်းဖက်စစ်တပ်နဲ့ ပြည်သူ့ကာကွယ်ရေးတပ်တွေ ထိတွေ့တိုက်ပွဲပြင်းထန်ပြီး ကာကွယ်ရေးတပ်တွေဘက်မှာ သေဆုံးသူတွေရှိထားကြောင်း စစ်ကောင်စီဝါဒဖြန့် တယ်လီဂရန် သတင်းချန်နယ်တွေမှာ ဖော်ပြကြပါတယ်။
Read More

SSNDF/KNDF ဗျူဟာအမှတ် ၉ ၊ တပ်ရင်း ၁၀၃ မှ တွေ့ဆုံပွဲ ပြုလုပ်

ရှမ်းတောင်အမျိုးသားများကာကွယ်ရေးတပ် SSNDF / ကရင်နီအမျိုးသားများကာကွယ်ရေးတပ် KNDF ဗျူဟာအမှတ် ၉ ၊ တပ်ရင်း ၁၀၃ က ရှေ့တန်းပြန် ရဲဘော်တွေကို ဂုဏ်ပြုတဲ့အနေနဲ့ ပြီးခဲ့တဲ့ ဇူလိုင်လ (၂၇) ရက်မှာ တွေ့ဆုံပွဲအခမ်းအနား ပြုလုပ်ခဲ့တယ်လို့ မနေ့က ထုတ်ပြန်ပါတယ်။
Read More

သီတင်းကျွတ်မှာ စုံစုံညီညီ ဖြတ်သန်းရမယ့် မိသားစုတွေ စစ်ကောင်စီကြောင့် ဝေးကွာနေရတယ်လို့ NUG ယာယီသမ္မတ ပြော

အာဏာကို မက်မောနေတဲ့ အကြမ်းဖက်စစ်အုပ်စုကြောင့် သီတင်းကျွတ်ကာလကို ပြည်သူတွေဟာ နိုင်ငံတဝန်း မငြိမ်းချမ်းမှု၊ လွတ်လပ်မှု ပျောက်ဆုံးခြင်းတွေနဲ့ ဖြတ်သန်းနေရတယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ၊ ယာယီသမ္မတ ဒူဝါလရှီးလက "ပြည်သူများသို့ သီတင်းကျွတ်ဆုတောင်းစကား" မှာ ထည့်သွင်းပြောကြားထားပါတယ်။
Read More

အညာမြေတပ်ပေါင်းစုမှ ဒဏ်ရာရရဲဘော် ပြည်ပတွင် ဆေးကုသမှုခံယူရာမှ မိခင်ဌာနေသို့ ကျန်းမာစွာ ပြန်လည်ရောက်ရှိ

အညာမြေတပ်ပေါင်းစုက ဒဏ်ရာရရဲဘော် ကိုချင်းဟာ ပြည်ပမှာ ဆေးကုသမှု ခံယူနေရာကနေ ကျန်းမာ ချောမွေ့စွာ မိခင်ဌာနေကို ပြန်လည်ရောက်ရှိခဲ့ပြီဖြစ်တယ်လို့ အဆိုပါတပ်ဖွဲ့က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

၂၀၂၄ ခုနှစ်ဟာ တော်လှန်ရေးမှာ အောင်မြင်ခဲ့တဲ့ နှစ် ဖြစ်တယ်လို့ ဒေါက်တာဇော်ဝေစိုး ညွှန်းဆို

“တော်လှန်ရေးကို စတင်မယ်လို့ပြောထဲက ဒီနေ့အထိ ကျွန်တော်တို့ရဲ့ အောင်မြင်မှုဟာ တစ်ရက်လေးမှနောက်ပြန်မလှည့်ခဲ့ဘူး လက်လျှော့ အရှုံးမပေးခဲ့ဘူး ဒါဟာတော်လှန်ရေးမှာ နေ့စဉ်အောင်မြင်နေခြင်းပဲ အထူးသဖြင့်ပြောရမယ်ဆိုရင်တော့ ဒီ ၂၀၂၄ ဟာ အောင်မြင်တဲ့နှစ် Victory Year လို့တောင်ပြောရမှာ ဖြစ်ပါတယ် “လို့ပါမောက္ခဒေါက်တာဇော်ဝေစိုးက ပြောပါတယ်။
Read More

ရာမညမွန်တပ်တော်၏ အခြေခံစစ်သင်တန်း အပတ်စဥ် (၄) သင်တန်းဆင်းပွဲကျင်းပ 

မွန်ပြည်နယ်အခြေစိုက် တော်လှန်ရေးတပ်ဖွဲ့ဖြစ်တဲ့ မွန်ပြည်သစ်ပါတီ (စစ်အာဏာရှင်တိုက်ဖျက်ရေး)/ရာမညမွန်တပ်တော် (RMA) ရဲ့  အပတ်စဥ် (၄) အခြေခံစစ်သင်တန်းဆင်းပွဲကို လွတ်မြောက်နယ်မြေ တစ်နေရာမှာ ကျင်းပပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။