စစ်ကိုင်းတိုင်း ရွှေဘိုမြို့နယ် ညောင်ကိုင်းရွာကနေ တည်သီးတောရွာကို ဆိုင်ကယ်နဲ့ ထွက်လာတဲ့ အကြမ်းဖက်စစ်ကောင်စီတပ်သား  ၂ ယောက်ကို အောက်တိုဘာ ၂၂ ရက် မနက်ပိုင်းက တော်လှန်ရေးတပ်တွေ စောင့်ကြိုပစ်ခတ်တိုက်ခိုက်ခဲ့ရာ ၂ယောက်စလုံး သေဆုံးခဲ့တယ်လို့  ဗိုလ်ကျားရိုင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ထံကသိရပါတယ်။

သူတို့ထံကနေ MA 1 သေနတ် ၁ လက်၊ ကျည်ဘောက် ၃ ခုနဲ့ အီနာဂါဗုံးသီး ၄ လုံး သိမ်းဆည်းရရှိခဲ့ပါတယ်။

အဲဒီတိုက်ခိုက်မှုကို တိုက်နယ် ၂ ကပဖ ဗိုလ်ကျားရိုင်းပြည်သူ့ကာကွယ်ရေးအဖွဲ့၊ ရွှေဘိုမြို့နယ် ပကဖ တိုက်ခိုက်ရေး (PDO) အဖွဲ့ ၊ တိုက်နယ် ၃ ပကဖ တိုက်ခိုက်ရေးအဖွဲ့ (ကြီးလေးကြီး ပကဖ အဖွဲ့၊ ဓားညီနောင် ပကဖအဖွဲ့) ၊ တိုက်နယ် ၅ ပကဖ ငါးမည်ရ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တို့ ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေက လုပ်ဆောင်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

0 Shares:
You May Also Like
Read More

ချင်းညီနောင်ဖွဲ့စည်းတည်ထောင်ခြင်း ၂ နှစ်ပြည့်အခမ်းအနားမှာ KIO/KIA ဒုတိယဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်ကြီး ဂွမ်မော်ရဲ့ စကား (ရုပ်/ သံ)

ဒီဇင်ဘာ ၃၀ ရက်က ပြုလုပ်တဲ့ ချင်းညီနောင်ဖွဲ့စည်းတည်ထောင်ခြင်း ၂ နှစ်ပြည့်အခမ်းအနားမှာ KIO/KIA ဒုတိယဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်ကြီး ဂွမ်မော်က ပြောကြားခဲ့တာဖြစ်ပါတယ်။
Read More

တောင်သာမြို့နယ်အတွင်း ပြည်သူနေအိမ်များတွင် ဝင်ရောက်တပ်စွဲထားသည့် စစ်အုပ်စုကို လက်နက်ကြီးငယ်များဖြင့် ပစ်ခတ်တိုက်ခိုက် (ရုပ်/သံ)

မန္တလေးတိုင်း၊ တောင်သာမြို့နယ်အတွင်း ပြည်သူနေအိမ်တွေမှာ ဝင်ရောက်တပ်စွဲထားတဲ့ စစ်ကော် မရှင်တပ်သားတွေကို လက်နက်ကြီး လက်နက်ငယ်တွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ၆ ယောက် သေဆုံးခဲ့တယ်လို့ မြင်းခြံခရိုင်အမှတ် (၃)တပ်ရင်းက သတင်းထုတ်ပြန်ထားပါတယ်။
Read More

မြိုင်မြို့နယ် တွင်းမပျူစခန်းကနေ တပ်မ ၁၀၁ သို့ ထွက်လာတဲ့ အကြမ်းဖက်စစ်တပ် (ရုပ်/သံ)

မြိုင်မြို့နယ် တွင်းမပျူစခန်းကနေ တပ်မ ၁၀၁ သို့ ထွက်လာတဲ့ အကြမ်းဖက်စစ်တပ်စစ်ကြောင်းကို မိုင်းဆွဲတိုက်ခိုက်မှု ၅ ယောက်သေဆုံးပြီး ခြောက်ဘီးယာဉ် ၁ စီး၊ G-3 ကျည် ၁၈ တောင့်၊ဆိုင်ကယ် ၂စီး သိမ်းဆည်းရရှိ (ရုပ်/သံ)
Read More

ဂန့်ဂေါမြို့ ရဲစခန်းကို Fixed Wings ဒရုန်းနဲ့ ဗုံးသီးကြဲချတိုက်ခိုက် (ရုပ်/သံ)

မကွေးတိုင်း ဂန့်ဂေါမြို့နယ် ရဲစခန်းကို စက်တင်ဘာ ၁၆ ရက်က Fixed Wings ဒရုန်းနဲ့ ဗုံးသီးကြဲချတိုက်ခိုက်ခဲ့တယ်လို့ ဂန့်ဂေါခရိုင် ဒရုန်းတပ်ဖွဲ့မှ ထုတ်ပြန်ထားပါတယ်။ တိုက်ခိုက်မှုအတွင်း အကြမ်းဖက်စစ်ကောင်စီလက်အောက်ခံတပ်သားတွေရဲ့ ထိခိုက်မှုကို စုံစမ်းနေဆဲဖြစ်တယ်လို့ သိရပါတယ်။
Read More

မန္တလေးမြို့လယ်ခေါင်မှာ အာဏာသိမ်းစစ်အုပ်စုဆန့်ကျင်ကြဖို့ လူထုလှုပ်ရှားမှုပြုလုပ် (ရုပ်/သံ)

အကြမ်းဖက်စစ်ကောင်စီလက်ပါးစေ ပျူစောထီးတွေ ပတ်လည်ဝိုင်းနေတဲ့ မန္တလေးမြို့လယ် ခေါင်စျေးမှာ ယနေ့ အောက်တိုဘာ ၁၀ ရက်က အာဏာသိမ်းစစ်အုပ်စုဆန့်ကျင်ကြဖို့ လူထုသပိတ် လှုပ်ရှားမှု ပြုလုပ်ခဲ့တယ်လို့ မန္တလေးသပိတ်အင်အားစုထံက သိရပါတယ်။
Read More

ထားဝယ်မြို့နယ်မှာ ကင်းလှည့်နေတဲ့ အကြမ်းဖက်စစ်သားတွေ စောင့်ကြိုတိုက်ခိုက်ခံရပြီး ၅ ယောက်သေ (ရုပ်/သံ)

တနင်္သာရီတိုင်း ထားဝယ်မြို့နယ်မှာ နိုဝင်ဘာ ၁၈ ရက် မနေ့က မနက်ပိုင်းမှာ ကင်းလှည့်လာတဲ့ အကြမ်းဖက်စစ်သားတွေ စောင့်ကြိုတိုက်ခိုက်ခံရပြီး ၅ ယောက်သေကာ ၂ ယောက် ထိခိုက်ဒဏ်ရာရရှိသွားတယ်လို့ ရေဖြူပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ထံက သိရပါတယ်။