စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်မှာ ပျူစောထီးရွာကို ဆိုင်ကယ်နဲ့ ထွက်လာတဲ့ အကြမ်းဖက်စစ်သားနဲ့ ပျူစောထီးတွေ အသင့်စောင့်ကြိုပစ်ခတ်ခံရပြီး သေဆုံးသွားကြောင်း ဗိုလ်ကျားရိုင်းပြည်သူ့ကာကွယ်ရေးအဖွဲ့ထံက သိရပါတယ်။

အောက်တိုဘာ ၂၂ရက်၊ မနေ့က မနက်အစောပိုင်းမှာ ရွှေဘိုမြို့နယ်၊ ညောင်ကိုင်းပျူစောထီးရွာကနေ တည်သီးတောပျူစောထီးရွာကို ဆိုင်ကယ်နဲ့ ထွက်လာတဲ့ စစ်ကောင်စီတပ်သားနဲ့ ပျူစောထီးတို့ကို တော်လှန်ရေးတပ်ဖွဲ့ဝင်တွေက လမ်းခုလတ်တစ်နေရာကနေ အသင့်စောင့်ကြိုပစ်ခတ်တိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။

ဒီမစ်ရှင်က ရန်သူ့နယ်မြေထဲသွားပြီးဖော်ဆောင်ခဲ့တာလို့ ပြောရမယ်။ ညောင်ကိုင်းရော တည်သီးတောရောက ပျူရွာတွေချည်းဆိုတော့ အဲ့ရွာ ၂ရွာကြားမှာ အသင့်စောင့်ပြီး ပြောက်ကျားပုံစံတိုက်ခိုက်ခဲ့တာပါ။လို့ ဗိုလ်ကျားရိုင်းပြည်သူ့ကာကွယ်ရေးအဖွဲ့ ပြန်ကြားရေးတာဝန်ခံက မောင်းကိုပြောပါတယ်။

ပစ်ခတ်တိုက်ခိုက်မှုအပြီး သေဆုံးသွားတဲ့ စစ်ကောင်စီတပ်သားဆီက MA(1)  တစ်လက်၊ ကျည်ဘောက် ()ခု နဲ့ အီနာဂါ ()လုံး တို့ကိုလည်း တော်လှန်ရေးတပ်တွေ သိမ်းဆည်းရမိခဲ့ပါတယ်။

ဒီစောင့်ကြိုတိုက်ခိုက်မှုကိုတော့ တိုက်နယ်()ပကဖ ဗိုလ်ကျားရိုင်း ပြည်သူ့ကာကွယ်ရေးအဖွဲ့ နဲ့အတူ ရွှေဘိုမြို့နယ် ပကဖ တိုက်ခိုက်ရေး(PDO)အဖွဲ့၊ တိုက် နယ်() ပကဖ တိုက်ခိုက်ရေးအဖွဲ့ (ကြီးလေးကြီးပကဖအဖွဲ့၊ ဓားညီနောင်ပကဖအဖွဲ့)  တိုက်နယ်()ပကဖ၊ ငါးမည်ရ ပြည်သူ့ကာကွယ်ရေးအဖွဲ့တို့ ပူးပေါင်းလုပ်ဆောင်ခဲ့တာဖြစ်ပါတယ်။

လက်ရှိမှာ ရွှေဘိုမြို့နယ်အတွင်းက ညောင်ကိုင်း၊ တည်သီးတော၊ ဇီးဖြူကုန်း၊  မြင်းခြင်း၊ သီးလုံး၊ ပန်းရံစတဲ့ ပျူစောထီးကျေးရွာတွေကို တော်လှန်ရေးတပ်တွေက ပိတ်ဆို့ဖြတ်တောက်ပြီး တိုက်ခိုက်နေတယ်လို့လည်း သိရပါတယ်။

အခုဆို ပျူရွာတွေက နေထိုင်မှုနယ်မြေ ပိုကျဥ်းလာတယ်ပေါ့။ နေထိုင်သွားလာမှု၊ စားသောက်မှုတွေ တဖြည်းဖြည်းနဲ့ကျပ်လာအောင် ကျနော်တို့အမှည့်ခြွေခြွေရမှာပေါ့။လို့ ဗိုလ်ကျားရိုင်းပြည်သူ့ကာကွယ်ရေးအဖွဲ့ ပြန်ကြားရေး တာဝန်ခံက ပြောပါတယ်။

ဗိုလ်ကျားရိုင်း ပြည်သူ့ကာကွယ်ရေးအဖွဲ့ ၏ မှတ်တမ်းရုပ်သံမှ (ဓာတ်ပုံ ဗိုလ်ကျားရိုင်း ပြည်သူ့ကာကွယ်ရေးအဖွဲ့ )
0 Shares:
You May Also Like
Read More

လူထုတော်လှန်ရေး မဟာမိတ်အင်အားစု၏ အပတ်စဥ် (၈) အခြေခံစစ်သင်တန်းဆင်းပွဲ

လူထုတော်လှန်ရေး မဟာမိတ်အင်အားစု (PRA-Magway) ရဲ့ အခြေခံစစ်ပညာသင်တန်း အပတ်စဥ် (၈) သင်တန်းဆင်းပွဲ အခမ်းအနားကို ဒီဇင်ဘာ ၂၈ ရက်မှာ ပြုလုပ်ခဲ့ကြောင်း အဆိုပါ တပ်ဖွဲ့က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

ညီနောင်မဟာမိတ် စိတ်ဓာတ်နဲ့အတူ တော်လှန်ရေးခရီး ဆက်လျှောက်မယ်လို့ TNLA ထံ MNDAA နဲ့ AA သဝဏ်လွှာပေးပို့

တစ်ဖွဲ့ရဲ့လိုအပ်ချက်ကို တစ်ဖွဲ့က မဟာမိတ်စိတ်ဓာတ်အပြည့်နဲ့ ကူညီပံ့ပိုးရင်း တော်လှန်ရေးခရီးကို ဆက်လက်လျှောက်လှမ်းမယ်လို့ တအာင်းတပ်မတော် TNLA ထံ ညီနောင်မဟာမိတ် နှစ်ဖွဲ့ဖြစ်တဲ့ MNDAA နဲ့ AA တို့က သဝဏ်လွှာပေးပို့လိုက်ပါတယ်။
Read More

SNLD ၃၆ နှစ်ပြည့်အတွက် NUG နိုင်ငံခြားရေးဝန်ကြီး သဝဏ်လွှာပေးပို့

ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် (SNLD) ၃၆ နှစ်မြောက် အထိမ်းအမှတ်ကို အမျိုးသားညီညွတ်ရေးအစိုးရ၊ နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်က ဆုတောင်းမေတ္တာ ပို့သတဲ့ သဝဏ်လွှာ ပေးပို့ခဲ့ပါတယ်။
Read More

ပေါက်မြို့နယ်တွင် စစ်ရာဇဝတ်မှုများ ကျူးလွန်နေသည့် အကြမ်းဖက်စစ်ကြောင်းမှ တပ်သား ၁ ဦး ကျန်နေရစ်ကာ လက်နက်နှင့် အလင်းဝင်

မကွေးတိုင်း၊ ပေါက်မြို့နယ်ကို စစ်ကြောင်းထိုးနေတဲ့ စစ်ကော်မရှင်တပ် တပ်မ (၉၉) လက်အောက်ခံ ခလရ (၄၁၈) က စစ်သားတစ်ယောက် လက်နက်နဲ့တကွ အလင်းဝင်လာကြောင်း အညာမြေတပ်ပေါင်းစုထံက သိရပါတယ်။
Read More

ကော့ဖငန်ကျွန်းတွင် တရားမဝင် ကန်ထရိုက်ဆောက်နေသည့် မြန်မာ ၉ ဦး အဖမ်းခံရ 

ထိုင်းနိုင်ငံ၊ ကော့ဖငန်ကျွန်းမှာ အစ္စရေး စီးပွားရေးလုပ်ငန်းရှင်တယောက်အတွက် တရားမဝင် ကန်ထရိုက်ယူ အိမ်ဆောက်ပေးနေတဲ့ မြန်မာနိုင်ငံသား ၉ ယောက် ဖမ်းဆီးခံလိုက်ရကြောင်း ဘန်ကောက်ပို့စ်မှာ ဖော်ပြထားပါတယ်။ 
Read More

သီးလုံးကျေးရွာ ပျူစောထီးစခန်းကို RPG ၊ လက်နက်ငယ်များဖြင့် ပစ်ခတ်တိုက်ခိုက်

စစ်ကိုင်းတိုင်း၊ ရွှေဘိုခရိုင်၊ ရွှေဘိုမြို့နယ်အနောက်ခြမ်းက သီးလုံးကျေးရွာက ပျူစောထီးဘန်ကာစခန်းကို RPG ၊ လက်နက်ငယ်တွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ Shwebo Crocodile အဖွဲ့က ထုတ်ပြန်ထားပါတယ်။