စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်၊ ကင်းမွန်းတော်ရွာမှာ အကြမ်းဖက်စစ်တပ်အထိုင်ချထားတဲ့ နေရာကို အောက်တိုဘာ ၁၇ ရက် ညနေပိုင်းက လက်နက်ကြီးတွေနဲ့ ပစ်ခတ်ပြီး ဒရုန်းတွေနဲ့ ဗုံးသီးကြဲချ တိုက်ခိုက်ခဲ့တယ်လို့ 5/Fighter Group အဖွဲ့ထံက သိရပါတယ်။

ကင်းမွန်းတော်ရွာထဲမှာရှိတဲ့ အကြမ်းဖက်စစ်သားတွေရဲ့ အထိုင်ချနေရာနဲ့ ကင်းချထားတဲ့ နေရာတွေကို လက်နက်ကြီးတွေ ကျရောက်ပေါက်ကွဲခဲ့ပြီး စစ်တပ်ဘက်က လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ ပြန်လည်ပစ်ခတ်ခဲ့ပေမယ့် ပြည်သူ့ရဲဘော်တွေ အထိအခိုက်မရှိခဲ့ဘူးလို့ သိရပါတယ်။

အဲဒီတိုက်ခိုက်မှုကို ယင်းမာပင်ခရိုင်တပ်ရင်း(၃၅) တပ်ခွဲ() တောင်ပံနီ အထူးပြောက်ကျားတပ်ဖွဲ့(ဆားလင်းကြီး)၊ မုံရွာခရိုင် တပ်ရင်းအမှတ်၂၇၊ မုံရွာခရိုင် တပ်ရင်းအမှတ်၂၃၊ မုံရွာခရိုင်တပ်ရင်းအမှတ်၅နဲ့ နယ်မြေခံ ပကဖ တို့က ပူးပေါင်းလုပ်ဆောင်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

0 Shares:
You May Also Like
Read More

ကျုံဒိုးမြို့ကို စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်သားများ တိုက်ခိုက်ခံရပြီး အများအပြားသေဆုံး၊ လက်နက်ခဲယမ်းများ သိမ်းဆည်းရရှိ (ရုပ်/သံ)

ကရင်ပြည်နယ် ကျုံဒိုးမြို့ကို ဧပြီ ၃၀ ရက်က စစ်ကြောင်း ၂ ကြောင်းခွဲပြီး ထိုးစစ်ဆင်လာတဲ့ အကြမ်းဖက်စစ်ကောင်စီတပ်သားတွေကို KNLA နဲ့ တော်လှန်ရေးတပ်တွေ ပိတ်ဆို့တိုက်ခိုက်ခဲ့ရာ အများအပြားသေပြီး လက်နက်ခဲယမ်းတွေ သိမ်းဆည်းရရှိခဲ့တယ်လို့ သိရပါတယ်။
Read More

ရခိုင်ပြည်နယ်အတွင်း စစ်ရှုံးနေတဲ့ အကြမ်းဖက်စစ်ကောင်စီဟာ စစ်ရေးပစ်မှတ်မဟုတ်တဲ့ အဆောက်အအုံတွေကို မီးရှို့ဖျက်ဆီးနေ (ရုပ်/သံ)

ရခိုင်ပြည်နယ်အတွင်း မြို့တွေကို လက်လွှတ်ရပြီး စစ်ရှုံးနေတဲ့ အကြမ်းဖက်စစ်ကောင်စီဟာ စစ်ရေးပစ်မှတ်မဟုတ်တဲ့ ဆေးရုံ၊ ဆေးခန်း၊ စာသင်ကျောင်း၊ ဘာသာရေးအဆောက်အအုံ၊ စစ်ရှောင် စခန်းနဲ့ အပြစ်မဲ့ပြည်သူတွေ နေထိုင်နေတဲ့ ရပ်ရွာတွေကို လေကြောင်းကနေ ဗုံးကြဲတာ၊ မီးရှို့ဖျက် ဆီးတာတွေ လုပ်ဆောင်နေတယ်လို့ အာရက္ခတပ်တော် (AA)က ထုတ်ပြန်လိုက်ပါတယ်။
Read More

ပုလဲမြို့နယ်မှာ အိမ်ထောင်စုပေါင်း ၂၀၀၀ ကျော်က ပြည်သူ တစ်သောင်းကျော် စစ်ဘေးတိမ်းရှောင် ထွက်ပြေးနေရ (ရုပ်/သံ)

စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်မှာ ပြီးခဲ့တဲ့ နိုဝင်လာ ၁၁ ရက်နေ့ကစတင်ပြီး တော်လှန်ရေးတပ်တွေနဲ့ အကြမ်းဖက်စစ်ကောင်စီတပ်တို့ကြား တိုက်ပွဲအပြင်းအထန်ဖြစ်ပွားခဲ့ပြီး ကျေးရွာပေါင်း ၁၂ ရွာမှာ အိမ်ထောင်စုပေါင်း ၂၀၀၀ ကျော်က အရပ်သားပြည်သူ တစ်သောင်းနီးပါး စစ်ဘေးတိမ်းရှောင် ထွက်ပြေးနေရတယ်လို့ သိရပါတယ်။
Read More

တိုက်ပွဲ ၃ လကျော် ကြာမြင့်လာပြီဖြစ်သည့် ဗန်းမော်မြို့တွင်းအခြေအနေ (ရုပ်/သံ)

ကချင်ပြည်နယ် ဗန်းမော်မြို့တွင်းမှာ အကြမ်းဖက်စစ်ကောင်စီတပ်နဲ့ KIA ပူးပေါင်းတပ်တွေ တိုက်ပွဲဆက်လက်ဖြစ်ပွားလျက်ရှိပြီး မတ်လ ၁၂ ရက်နေ့က အထက ၂၊ ရုံးကြီးတစ်ဝိုက်နဲ့ စကစ ၂၁ အတွင်းပိုင်းတွေမှာ တိုက်ပွဲ အပြင်းအထန်ဖြစ်ပွါးခဲ့တယ်လို့ Banmaw Scout Team ရဲ့ ဖော်ပြချက်အရ သိရပါတယ်။
Read More

မင်းလှမြို့နယ်အတွင်း စစ်ကော်မရှင်ကပ်ထားသည့် မဲစာရင်းများကို မီးရှို့ရှင်းလင်း (ရုပ်/သံ)

ပဲခူးတိုင်း၊ မင်းလှမြို့နယ်၊ ဆင်တဲကုန်းကျေးရွာမှာ ကပ်ထားတဲ့ မဲစာရင်းတွေကို မီးရှို့ရှင်းလင်းခဲ့တယ်လို့ သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂ တပ်ခွဲ ၂ က ထုတ်ပြန်ထားပါတယ်။
Read More

ထားဝယ်မြစ်အတွင်း လေယာဉ်ဆီတင်ဆောင်လာတဲ့ ရေယာဉ် ၂ စီးကို လောင်းလုံးပကဖရဲဘော်တွေ ကြားဖြတ်တိုက်ခိုက် (ရုပ်/သံ)

တနင်္သာရီတိုင်း မြိတ်မြို့ကနေ ထားဝယ်မြို့ကို လေယာဉ်ဆီတင်ဆောင်လာတဲ့ ရေယာဉ် ၂ စီးကို ထားဝယ်မြစ်အတွင်း လောင်းလုံးပြည်သူ့ကာကွယ်ရေး (ပကဖ)ရဲဘော်တွေက ကြားဖြတ် တိုက်ခိုက်ခဲ့တယ်လို့ Launglone People Defence Force- LLPDF အဖွဲ့ထံက သိရပါတယ်။