မန္တလေးတိုင်း ငါန်းဇွန်မြို့နယ် ငါးမြှာကြီးရွာမှာ အောက်တိုဘာ ၂၀ ရက်က အကြမ်းဖက်စစ်တပ်နဲ့ တော်လှန်ရေးတပ်တွေ တိုက်ပွဲဖြစ်ပွားနေချိန် အကြမ်းဖက်စစ်တပ်လေယာဉ်က အကြမ်းဖက် စစ်သားတွေဘက်ကို ဗုံးမှားကြဲချခဲ့တယ်လို့ Dog Killers People’s Defence Force Myinmu အဖွဲ့ထံက သိရပါတယ်။

အပြန်အလှန်တိုက်ခိုက်မှု ၂ နာရီခန့်ဖြစ်ပွားခဲ့ပြီး တော်လှန်ရေးတပ်တွေဘက်က ကျည်မလုံလောက်မှုကြောင့် ပြန်လည်ဆုတ်ခွာခဲ့ကြပြီး အကြမ်းဖက်စစ်သားအများအပြား ထိခိုက်သေဆုံးမှုကို တိုက်ပွဲအတွင်း မြင်ခဲ့ရတယ်လို့ သိရပါတယ်။

အဲဒီတိုက်ခိုက်မှုမှာ Dog Killers People’s Defence Force Myinmu နဲ့ တခြားမဟာမိတ်ညီနောင်တွေ ပါဝင်ခဲ့ကြတယ်လို့ သိရပါတယ်။

0 Shares:
You May Also Like
Read More

လှိုင်မြို့နယ် ဘာဒါစျေးမီးလောင်မှုဖြစ်ပွား၊ ဆိုင်ခန်းအများအပြားပျက်စီး (ရုပ်/သံ)

ရန်ကုန်တိုင်း၊ လှိုင်မြို့နယ် ၁၂ ရပ်ကွက်၊ ဘာဒါစျေး (ခေါ်) လှိုင်ရတနာစျေးမှာ ဖေဖော်ဝါရီ ၁၅ ရက် ည ၁၂ နာရီဝန်းကျင်ခန့်က မီးလောင်မှု အကြီးအကျယ်ဖြစ်ပွားခဲ့ပြီး စျေးဆိုင်ခန်းအများအပြား ပျက်စီးခဲ့တယ်လို့ သိရပါတယ်။
Read More

လားရှိုးမြို့အဝင် အနီးနားက ရိုးရာဆန်အရက်ချက်စက်ရုံကို စစ်ကောင်စီ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက် (ရုပ်/သံ)

ရှမ်းပြည်မြောက်ပိုင်း၊ လားရှိုးမြို့အဝင် အနီးနားမှာရှိတဲ့ ရိုးရာဆန်အရက်ချက်စက်ရုံကို ဒီနေ့ အောက်တိုဘာ ၂၃ ရက် မနက် ၈ နာရီခွဲဝန်းကျင်ခန့်မှာ စစ်ကောင်စီက လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။
Read More

ဘလယ်ဒို စခန်းကနေ သိမ်းဆည်းရမိတဲ့ စစ်ကောင်စီရဲ့ လက်နက်တွေကို ဗိုလ်တာဘော ကြည့်ရှုစစ်ဆေး (ရုပ်သံ)

ကရင်အမျိုးသားအစည်းအရုံး (KNU)နဲ့ ပူးပေါင်းတပ်တွေက တပ်မဟာ (၆) နယ်မြေ၊ ဒူးပလာယာခရိုင်၊ ကော့ကရိတ်မြို့နယ်က စစ်ကောင်စီရဲ့ ဘလယ်ဒိုစခန်းကို တိုက်ခိုက်သိမ်းပိုက်ခဲ့ပြီး မကြာမီမှာပဲ သိမ်းဆည်းရမိတဲ့ စစ်လက်နက်ပစ္စည်းတွေကို Cobra Column က စစ်ကြောင်းမှူးဖြစ်သူ ဗိုလ်တာဘောက ကြည့်ရှုစစ်ဆေးနေတဲ့ ရုပ်သံဖိုင်လာထွက်ပေါ်လာပါတယ်။
Read More

ဆင်ပေါင်ဝဲတွင် အကြမ်းဖက်စစ်ကောင်စီတပ်သားများ ကြားဖြတ်တိုက်ခိုက်ခံရပြီး ဗိုလ်ကြီးအပါအဝင် ၈ ဦး သေ (ရုပ်/သံ)

မကွေးတိုင်း၊ ဆင်ပေါင်ဝဲမြို့နယ်၊ ဓနုံးမြှောင်ဂိတ်ကနေ ဝါးစေ့မြှောင်ဂိတ်ကိုလာတဲ့ အကြမ်းဖက်စစ် ကောင်စီတပ်သားတွေဟာ ဧပြီ ၂၃ ရက် ညနေပိုင်းမှာ ကြားဖြတ်တိုက်ခိုက်ခံရပြီး ဗိုလ်ကြီး ၁ ယောက်အပါအဝင် ၈ ယောက်သေခဲ့တယ်လို့ သရက်ခရိုင်အမှတ် ၅ တပ်ရင်းထံက သိရပါတယ်။
Read More

စစ်မှုထမ်းဥပဒေ အိမ်တံခါးလာခေါက်တာ ခံမလား၊ ပြည်သူတွေချစ်တဲ့ တော်လှန်ရေးတပ်ထဲ လာမလား (ရုပ်/သံ)

မြန်မာနိုင်ငံအနှံ့ အမျိုးသား အမျိုးသမီး အသက်အရွယ်စုံကို ပေါ်တာဆွဲ ဖမ်းဆီးနေတဲ့ အကြမ်းဖက်စစ်ကောင်စီရဲ့ စစ်မှုထမ်းဥပဒေကနေ ရှောင်တိမ်းလိုတဲ့ လူငယ်တွေအတွက် ထွက်ပေါက်တစ်ခုအနေနဲ့ ကျားသစ်နက်စစ်ကြောင်းကနေ တော်လှန်ရေးတပ်သားသစ်တွေကို ခေါ်ယူနေပါတယ်။