ပြည်သူ့ဘက်ကိုရပ်တည်နေတဲ့ အလွှာစုံက CDM ဝန်ထမ်းပေါင်း ၁၂၀၀ ကျော်အတွက် ငွေကျပ် သိန်း ၇၀၀ ကျော် ထောက်ပံ့ပေးအပ်ခဲ့တယ်လို့ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH) က ထုတ်ပြန်ပါတယ်။

၂၀၂၃၂၀၂၄ ဘဏ္ဍာရေးနှစ်အတွင်း CDM ဝန်ထမ်း ၁၂၅၅ ယောက်အတွက် ကျပ်ငွေ သိန်းပေါင်း (၇၆၉) သိန်းကျော်ကို ထောက်ပံ့ခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

အမှန်တကယ် အကူအညီလိုအပ်နေတဲ့ CDM ဝန်ထမ်းတွေရဲ့ အရေးပေါ်ကိစ္စရပ်တွေကို ၂၀၂၁ ခုနှစ်၊ မတ်လက စတင်ပြီး ကူညီပံ့ပိုးပေးခဲ့ရာ တော်လှန်ရေးကာလ ၃နှစ်ကျော်အထိ ရောက်ရှိလာပြီလည်းဖြစ်ပါတယ်။

အရေးပေါ်ကူညီပံ့ပိုးမှုတွေအဖြစ် ကျန်းမာရေး၊ မီးဖွားစရိတ်၊ စားဝတ်နေရေး စတဲ့ ခေါင်းစဉ်()ခုနဲ့ အဓိကပံ့ပိုးပေးနေတယ်လို့လည်း သိရပါတယ်။

ရေဘေး၊ နေအိမ်မီးရှို့/ဖျက်ဆီးခံ၊ နေအိမ်ရွှေ့ပြောင်း၊ ဖမ်းဆီးခံနဲ့ နာရေးထောက်ပံ့မှုတွေအတွက်လည်း ပံ့ပိုးကူညီပေးနေပြီး အခက်အခဲရှိသူတွေအနေနဲ့ CRPH ထံ ဆက်သွယ်နိုင်ကြောင်း ဖော်ပြထားပါတယ်။

CDM ဝန်ထမ်းတွေအတွက် တော်လှန်ရေး Youtube Channel တွေ၊ ကြော်ငြာတွေကို ဝင်ရောက်ကြည့်ရှုတာတွေ၊ ကလစ်တာတွေ ပြုလုပ်ပြီး CDM ဝန်ထမ်းတွေကိုလည်း ပြည်သူတွေဘက်က ကူညီနိုင်ကြောင်း CRPH က ထုတ်ပြန်ထားပါတယ်။

 

CRPH ၏ ထုတ်ပြန်ချက်ဇယား (ဓာတ်ပုံ CRPH’s Facebook)

0 Shares:
You May Also Like
Read More

ရွှေမှော်မှ ပြန်လာသည့် ပြည်သူ ၆ ဦးကို စစ်အုပ်စု အရှင်လတ်လတ် မီးရှို့သတ်၊ ၁ ဦး ထွက်ပြေးလွတ်မြောက်လာ

အကြမ်းဖက်စစ်ကော်မရှင်တပ်သားတွေဟာ ရွှေမှော်ကနေ ပြန်လာတဲ့ အရပ်သားပြည်သူ ၇ ယောက်ကို အရှင်လတ်လတ် မီးရှို့သတ်ဖြတ်ခဲ့ရာ ၁ ယောက်သာ ထွက်ပြေးလွတ်မြောက်လာတယ်လို့ ကျွန်းလှတက်ကြွလှုပ်ရှားသူများအဖွဲ့က ထုတ်ပြန်ထားပါတယ်။
Read More

လုံခြုံရေးအရ အာမခံနိုင်မယ့် မဲဆန္ဒနယ် ၁၆၀ ကျော်မှာ စစ်ကောင်စီက ရွေးကောက်ပွဲလုပ်ဖို့ ပြင်ဆင်နေ

၂၀၂၅ မှာ စစ်ကောင်စီဘက်ကပြုလုပ်မယ့် ရွေးကောက်ပွဲအတွက် တစ်နိုင်ငံလုံးမှာ မဲဆန္ဒနယ် ၁၆၀ ကျော်လောက်ပြုလုပ်နိုင်မယ့် အနေအထားရှိတယ်လို့ စစ်ကောင်စီရဲ့ ဝါဒဖြန့် မီဒီယာတွေမှာ ဖော်ပြလာပါတယ်။
Read More

နတ်တလင်းကို ထွက်လာတဲ့ စစ်ကောင်စီစစ်ကြောင်းကို တိုက်ခိုက်ရာ စစ်သား ၁ဦးသေဆုံး

ပဲခူးတိုင်း၊ ပြည်ခရိုင်၊ ပေါင်းတည်မြို့နယ်၊ သိမ်ကုန်းတာဝါတိုင် အထိုင်စခန်းကနေ နတ်တလင်းမြို့ကို ဦးတည်ထွက်လာတဲ့ စစ်ကောင်စီစစ်ကြောင်းကို တော်လှန်ရေးတပ်တွေက ကြားဖြတ်တိုက်ခိုက်ရာ စစ်ကောင်စီတပ်သား ၁ဦး သေဆုံးသွားတယ်လို့ ၃၆၀၁ PPDFတပ်ရင်းကနေ သတင်းထုတ်ပြန်ထားပါတယ်။
Read More

ရေကြီးမှုကြောင့် မြန်မာပြည်သူ ၂၂၆ ယောက် သေဆုံးပြီး ၇၇ ယောက် ပျောက်ဆုံးနေကြောင်း စစ်ကောင်စီထုတ်ပြန်

မုန်တိုင်းနောက်ဆက်တွဲ ရေကြီးမှုကြောင့် မြန်မာပြည်မှာ သေဆုံးသူဦးရေ ၂၂၆ ယောက်အထိ ၂ဆတိုးလာပြီး ၇၇ ယောက် ပျောက်ဆုံးနေဆဲဖြစ်တယ်လို့ စစ်ကောင်စီက စက်တင်ဘာလ ၁၆ ရက် နှောင်းပိုင်းမှာ ထုတ်ပြန်ထားပါတယ်။
Read More

တောင်တွင်းကြီးတွင် စစ်တပ်သတင်းပေး လုပ်ဆောင်မှု၊ ပြည်သူကို အနိုင်ကျင့်မှုဖြင့် အုပ်ချုပ်ရေးမှူးဟောင်းနှင့် အပေါင်းအပါများကို ပစ်ခတ်ရှင်းလင်း

မကွေးတိုင်း၊ တောင်တွင်းကြီးမြို့နယ်မှာ တော်လှန်ရေးတပ်တွေ သတိပေးနေတဲ့ကြားက ပြည်သူတွေကို ခြိမ်းခြောက် အနိုင်ကျင့်နေတဲ့ အုပ်ချုပ်ရေးမှူးဟောင်းနဲ့ အပေါင်းအပါတွေကို ပစ်ခတ်ရှင်းလင်းခဲ့တယ်လို့ တောင်တွင်းကြီး အထူးပြောက်ကျားတပ်ဖွဲ့က သတင်းထုတ်ပြန်လာပါတယ်။
Read More

နောင်ချိုကို စစ်ကောင်စီ ပေါင် (၅၀၀) ဗုံးကြဲချတိုက်ခိုက်လို့ နေအိမ်တွေ ထိခိုက်ပျက်စီး

နောင်ချိုမြို့နယ်မှာ စစ်ကောင်စီတပ်က ဂျက်ဖိုက်တာနဲ့ ပေါင်(၅၀၀) ဗုံး(၂)လုံး လာရောက်ကြဲချတိုက်ခိုက်ခဲ့တာကြောင့် နေအိမ်တွေ ထိခိုက်ပျက်စီးခဲ့တယ်လို့ TNLA က အသိပေးထုတ်ပြန်ပါတယ်။