ရခိုင်ပြည်နယ်ဂွမြို့နဲ့ ထိစပ်နေတဲ့ နေရာက ဒေသခံတွေကို စစ်ကောင်စီက အောက်တိုဘာလ ၂၁ရက်နေ့ နောက်ဆုံးထား ပြောင်းရွှေ့ခိုင်းထားလို့ ဒေသခံတချို့ပြောင်းရွှေ့ပေးနေရတယ်လို့ သိရပါတယ်။

ရခိုင်ပြည်နယ်နဲ့ ဧရာဝတီတိုင်းအစပ်မှာ အကြမ်းဖက်စစ်တပ်က ခံစစ်ပြင်ဆင်မှုတွေပြုလုပ်နေပြီး လေကြောင်းတိုက်ခိုက်မှုတွေပါပြုလုပ်မှာမို့ ဘေးလွတ်ရာတွေကို ပြောင်းရွှေခိုင်းတာဖြစ်တယ်လို့လည်း ဒေသခံတွေဆီက သိရပါတယ်။

ရခိုင့်တပ်တော် AA က ထိုးစစ်ဆင်မှုတွေ လုပ်နေတာကြောင့် ရခိုင်ပြည်နယ်ဘက်က ပြန်ဆုတ်ပြီး ဧရာဝတီတိုင်းအစပ်မှာ ခံစစ်တွေပြုလုပ်နေတာပါ။ အောက်တိုဘာလ ၁၉ ရက်နေ့ကစပြီး အကြမ်းဖက်စစ်တပ်က စောပြာကျေးရွာ၊ စိမ့်ကြီးကျေးရွာက ပြည်သူ ၅၀၀ ကျော်ကို ပြောင်းရွှေ့ခိုင်းတာလို့ ဒေသခံတစ်ယောက်က ပြောပြပါတယ်။

ပြောင်းရွှေခိုင်းတဲ့ရက်ကလည်း အရမ်းကပ်နေပြီ။ ၁၉ရက်နေ့ကနေ ၂၁ရက်နေ့ နောက်ဆုံးထားပြောင်းရွှေ့ရမယ်တဲ့။ လေယာဥ်ကြဲမှာမို့တဲ့။ လေယာဥ်ဗုံးကြဲရင် တာဝန်ယူမှာမဟုတ်ဘူးဆိုပြီး ချက်ချင်းရွှေ့ခိုင်းတာ။ အတော်များများရွှေ့ကြရတယ်။ အမြန်ပြောင်းရွှေ့ရတာဆိုတော့ ကျန်ခဲ့တဲ့ အိမ်မွေးတိရစ္ဆာန်တွေနဲ့ ပစ္စည်းတွေကတော့ သူတို့ခိုးယူလို့ကုန်လောက်ပြီပေါ့လို့ အထက်ပါဒေသခံက ပြောပါတယ်။

ရွှေ့ပြောင်းပေးရမယ့် စောပြာကျေးရွာနဲ့ စိမ့်ကြီးကျေးရွာ ၂ရွာပေါင်း အိမ်ခြေ ၂၀၀ ကျော်လောက်ရှိပြီး ကလေးလူကြီး စုစုပေါင်း လူ ၅၀၀ ကျော်လောက်ရှိတယ်လို့ သိရပါတယ်။ မဖြစ်မနေ ပြောင်းရွှေ့ရတာဖြစ်တာကြောင့် ဒေသခံပြည်သူတွေဟာ ဧရာဝတီတိုင်းထဲက ပုသိမ်၊ ရေကြည်နဲ့ ငသိုင်းချောင်းမြို့တွေမှာ ယာယီပြောင်းရွှေ့နေကြရတယ်လို့ သိရပါတယ်။

ဩဂုတ်လအတွင်းက ဧရာဝတီတိုင်းဘက်ကို စစ်ရှောင်ကြသည့် ဂွနယ်သားများ (ဓာတ်ပုံ CJ)
0 Shares:
You May Also Like
Read More

ထီးလင်းစစ်ကြောင်း အထိနာအောင် ကြားဖြတ်တိုက်ခိုက်ခဲ့တဲ့ PDF ရဲဘော်တွေကို ဒေသခံပြည်သူတွေ ကြိုဆိုဂုဏ်ပြု

မကွေးတိုင်း၊ ဂန့်ဂေါခရိုင်၊ ထီးလင်းမြို့က ထွက်ခွာလာတဲ့ အင်အား ၈၀ ပါ စစ်တပ်စစ်ကြောင်းကို အထိနာ နောက်ပြန်ဆုတ်သွားအောင် တိုက်ခိုက်နိုင်ခဲ့တဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေကို ဒေသခံတွေက အောင်သပြေနဲ့ ကြိုဆိုခဲ့တယ်လို့ ထီးလင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေဆီက သိရပါတယ်။
Read More

ကျိုက်ထိုနဲ့ ဘီးလင်းမှာ စစ်တပ်က လက်နက်ကြီးတွေ၊ ဒရုန်းတွေနဲ့ ကျေးရွာတွေကို တိုက်ခိုက်

ကျိုက်ထိုနဲ့ ဘီးလင်းမှာ  စစ်တပ်က လက်နက်ကြီး၊ ဒရုန်းတွေနဲ့ ပစ်ခတ်တိုက်ခိုက်လို့ စာသင်ကျောင်းတွေ ထိခိုက်ပျက်စီးခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU ဗဟိုက ထုတ်ပြန်ပါတယ်။
Read More

စစ်ကောင်စီကို ဒဏ်ခတ်ပိတ်ဆို့အရေးယူမှုတွေ အမေရိကန်အနေနဲ့ အားကောင်းအသက်ဝင်ဖို့ လိုအပ်နေသေးဟုဆို

စစ်ကောင်စီထံ လေယာဉ်ဆီတွေ မရောက်ရှိဖို့ အမေရိကန်ပြည်ထောင်စုရဲ့ ဒဏ်ခတ်ပိတ်ဆို့ ဖြတ်တောက်မှုတွေကို ပိုမိုပြီး အားကောင်း အသက်ဝင်ဖို့ လိုအပ်နေသေးကြောင်း The Sentry နှင့် Justice For Myanmar အဖွဲ့တို့က တိုက်တွန်းတောင်းဆိုလိုက်ပါတယ်။
Read More

ချင်းတွင်းမြစ်ကြောင်းအတိုင်းလာသည့် စစ်သင်္ဘော ၃စီးအား ရှေ့ထွက်မိုင်းများဖြင့် ဖောက်ခွဲတိုက်ခိုက်၊ သင်္ဘောတစ်စီး မီးလောင်

စစ်ကိုင်းတိုင်း၊ မုံရွာမြို့အနီး ချင်းတွင်းမြစ်ကြောင်းအတိုင်းတက်လာတဲ့ စစ်သင်္ဘော ၃စီးကို ရှေ့ထွက်မိုင်းတွေနဲ့ ဖောက်ခွဲတိုက်ခိုက်ခဲ့တဲ့အတွက် သင်္ဘောတစ်စီး မီးလောင်သွားတယ်လို့ မုံရွာခရိုင် တပ်ရင်း (၁၅) တပ်ခွဲ (၄) Black Leopard Force (BLF) ထံက သိရပါတယ်။
Read More

သင်္ကြန်ကာလ ဥပုသ်သီလစောင့်တည်နေသည့် ပြည်သူများကို စစ်ကောင်စီ ဗုံးကြဲတိုက်ခိုက်

ကရင်ပြည်နယ်၊ ကျုံဒိုးမြို့ ကမ်းနီရွာဘုန်းကြီးကျောင်းကို စစ်ကောင်စီတပ်က ဗုံးကြဲတိုက်ခိုက်မှုကြောင့် အရပ်သား ၆ ယောက်ထက်မနည်းသေဆုံးပြီး ၂၀ကျော် ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
Read More

ပင်လယ်ပြင် ကျားဖောင်လုပ်ငန်းသုံး ဝါးသယ်ယူသူတွေဆီကနေ အကြမ်းဖက်စစ်တပ်က ငွေကြေးအမြောက်အများတောင်းယူနေ

ဧရာဝတီတိုင်း၊ ဖျာပုံမြို့နယ်မှာ ပင်လယ်ပြင်ကျားဖောင်လုပ်ငန်းအတွက် ဝါးသယ်ယူသူတွေဆီကနေ အကြမ်းဖက်စစ်တပ်က ငွေကြေးအမြောက်အများ တောင်းယူနေတယ်လို့ ပင်လယ်ပြင် ကျားဖောင်လုပ်ငန်း လုပ်ကိုင်သူတွေဆီက သိရပါတယ်။