စစ်ကိုင်းတိုင်း၊မုံရွာခရိုင်၊ ချောင်းဦးမြို့နယ်မှာ မိုင်းရှင်းလင်းရေးပြုလုပ်ဖို့ ထွက်လာတဲ့ အကြမ်းဖက်စစ်တပ်ကို မုံရွာခရိုင် အမှတ် (၁၁) တပ်ရင်းက မိုင်ထောင်ဖောက်ခွဲခဲ့လို့ အကြမ်းဖက်စစ်သားတစ်ယောက်သေဆုံးပြီး သုံးယောက်အပြင်းအထန် ဒဏ်ရာတွေရရှိသွားတယ်လို့ သိရပါတယ်။

ချောင်းဦးမြို့နယ် နတ်ရေကန်စစ်ဆေးရေးဂိတ်ကနေ ရေပိုးစာဘက်ကို နယ်မြေရှင်းလင်းရေး၊ မိုင်းရှင်းလင်းရေးဆိုပြီး ထွက်လာတဲ့ အင်အား ၃၀ ခန့်ပါ အကြမ်းဖက်စစ်တပ်ကို မိုင်းခွဲတိုက်ခိုက်ခဲ့တာဖြစ်ကြောင်း သိရပါတယ်။

သူတို့မိုင်းရှင်းလင်းရေးလုပ်တဲ့အချိန်မှာ ကျနော်တို့ထောင်ထားတဲ့မိုင်းကိုတွေ့ပြီး ဖော်နေတဲ့အချိန် အသင့်ပြင်ထားတဲ့ ပဒေသာမိုင်းခွဲချလိုက်တာ။ အားလုံးပဒေသာမိုင်း ၃လုံးတစ်ပွိုင့်၊ ၂လုံးတစ်ပွိုင့်၊ ၄လုံးတစ်ပွိုင့် ဆင်ထားပြီး ဖောက်ခွဲလိုက်တာလို့ မုံရွာခရိုင် အမှတ် (၁၁)တပ်ရင်း တာဝန်ရှိသူက ပြောပါတယ်။

မိုင်းစတင်တွေ့ရှိချိန်မှာ အကြမ်းဖက်စစ်သားတွေက အားရဝမ်းသာနဲ့ တူးဖော်ဖို့လုပ်နေတဲ့အချိန်မှာ ဖောက်ခွဲတိုက်ခိုက်ခဲ့တာပါ။ မိုင်းဖော်တဲ့ အကြမ်းဖက်စစ်သား ၁ယောက်ပွဲချင်းပြီးသေဆုံးကာ အနီးနားက ၃ယောက်လည်း ပြင်းထန်တဲ့ဒဏ်ရာတွေ ရရှိသွားပါတယ်။ အောက်တိုဘာလ၂၀ရက်နေ့ မနက်၈နာရီ ၅၀မိနစ်မှာ ဖောက်ခွဲခဲ့တာပါလို့အထက်ပါ တာဝန်ရှိသူက ဆက်ပြောပါတယ်။

ဒီလိုမိုင်းဖောက်ခွဲတိုက်ခိုက်ခဲ့ပြီးနောက် အကြမ်းဖက်စစ်တပ်က လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ ရမ်းသမ်းပစ်ခတ်မှုတွေ ပြုလုပ်ခဲ့ပေမယ့် တော်လှန်ရေးတပ်ဖွဲ့တွေ အထိအခိုက်မရှိဘဲ ဘေးလွတ်ရာကို ထွက်လာနိုင်ခဲ့ပါတယ်။ မိုင်းခွဲတိုက်ခိုက်မှုကို People”s Defence Force -South Monywa ၊ တောသားကြီးပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၊ Pontagram Veom Revolution Force Shining Star-Local Defense Force နဲ့ Myinmu Local Defence Force အဖွဲ့တို့ ပူးပေါင်းလုပ်ဆောင်ခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။

မုံရွာခရိုင် အမှတ် ၁၁ တပ်ရင်း၏ ထုတ်ပြန်ချက်
0 Shares:
You May Also Like
Read More

မေတ္တာ-ထီးခီးနယ်စပ်လမ်းပိုင်းကို KTLA ရက်အကန့်အသတ်မရှိ သွားလာခွင့်ပိတ်

တနင်္သာရီတိုင်း၊ ထားဝယ်မြို့နယ်က မေတ္တာ-ထီးခီးနယ်စပ်လမ်းပိုင်းကို ရက်အကန့်အသတ်မရှိ သွားလာခွင့် ပိတ်လိုက်တယ်လို့ ကော်သူးလေတပ်မတော် (KTLA) က အသိပေးထုတ်ပြန်လိုက်ပါတယ်။
Read More

ကျဆုံးရဲဘော်များကို ရည်စူးပြီး ပြုလုပ်သည့် ရေနံချောင်း PDF ၏ ဝါတွင်းကာလ ကောင်းမှုကုသိုလ် (ဓာတ်ပုံသတင်း)

၁၃၈၇ခုနှစ် ဝါတွင်းအခါသမယမှာ နွေဦးတော်လှန်ရေးကာလအတွင်း တိုင်းပြည်အတွက် အသက်ပေးလှူသွားခဲ့ရတဲ့ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ ရေနံချောင်းမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ ကျဆုံးရဲဘော်တွေအတွက် ရည်စူးပြီး ဘုရားအမှူးရှိတဲ့ သံဃာတော်အရှင်သူမြတ်တို့ကို ဝါဆိုသင်္ဃန်းအစရှိတဲ့ ဆွမ်းခဲဖွယ်ဝတ္ထုတို့ ဆက်ကပ်လှူဒါန်းကာ ကောင်းမှုကုသိုလ်ပြုလုပ်ခဲ့တယ်လို့ ရေနံချောင်း PDF က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

သုံးနှစ်နီးပါး အချိန်ယူပြင်ဆင်ကာ စစ်တပ်၏ ကေတုမတီလေဆိပ်ကို အသေခံဒရုန်းဖြင့် ဝင်ရောက်တိုက်ခိုက်

ပဲခူးတိုင်း တောင်ငူခရိုင်အတွင်းရှိ အကြမ်းဖက်စစ်တပ်ရဲ့ ကေတုမတီလေဆိပ်အတွင်းရှိ လေ ကြောင်းထိန်းသိမ်းရေးမျှော်စင်နဲ့ Jammer ကို အသေခံဒရုန်းနဲ့ ဝင်ရောက်တိုက်ခိုက်ခဲ့တယ်လို့ ဝရဇိန်က သတင်းထုတ်ပြန်ထားပါတယ်။ ဒီဇင်ဘာ ၄ ရက် မနေ့မနက်ပိုင်းက ဝရဇိန်တပ်ဖွဲ့က "Operation Thunderbolt" စစ်ဆင်ရေးအဖြစ် အကြမ်းဖက်စစ်တပ်ရဲ့ ကေတုမတီလေဆိပ်အတွင်းကို အဆင့်မြင့် FPV အသေခံဒရုန်း ၄ စီးဖြင့် ဝင်ရောက်တိုက်ခိုက်ခဲ့ရာ ၂ စီးဟာ လေကြောင်းထိန်းသိမ်းရေးမျှော်စင်နဲ့ Jammer ထားရာနေရာတွေကို တိုက်ခိုက်နိုင်ခဲ့တယ်လို့ သိရပါတယ်။
Read More

မုံရွာ-မန္တလေး လမ်းပိုင်းပေါ်က စစ်ကောင်စီရဲ့ မြပုလဲစစ်ဆေးရေးဂိတ်ကို နှစ်ရက်ဆက်တိုက် ဒရုန်းတွေနဲ့ ဗုံးကြဲတိုက်ခိုက်

စစ်ကိုင်းတိုင်း၊ မုံရွာ-မန္တလေး လမ်းပိုင်းပေါ်မှာရှိတဲ့ စစ်ကောင်စီရဲ့ မြပုလဲစစ်ဆေးရေးဂိတ်ကို နှစ်ရက်ဆက်တိုက် ဒရုန်းတွေနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ မုံရွာခရိုင် တပ်ရင်း (၄) တပ်ခွဲ (၂) - 5/ Commando Force က ဒီနေ့မှာ ထုတ်ပြန်ပါတယ်။
Read More

ဆိပ်ဖြူမြို့နယ်အတွင်း ဝါဇီစက်ရုံ (လ.န.စ) နဲ့ စက်ရုံအနီးရှိ စစ်ကောင်စီ စခန်းတွေကို တိုက်ခိုက်

ကျပ်ငွေတန်ဖိုး ကျဆင်းမှုမှာ အဓိက အခန်းကဏ္ဍက  ပါ၀င်ပြီး စစ်ကောင်စီခိုင်းသမျှ ငွေစက္ကူ ထုတ်လုပ်ပေးနေတဲ့ မကွေးတိုင်း၊ ဆိပ်ဖြူမြို့နယ်အတွင်းက ဝါဇီ စက်ရုံ (လ.န.စ) နဲ့ စက်ရုံအနီးမှာရှိတဲ့ စစ်ကောင်စီစခန်းတွေကို တိုက်ခိုက်ခဲ့တယ်လို့ မကွေးတိုင်း ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) က ထုတ်ပြန်ထားပါတယ်။
Read More

ထိုင်း-မြန်မာနယ်စပ်၊ သေ့ဘောဘိုးစစ်ကောင်စီတပ်စခန်း သိမ်းပိုက်မှု လက်နက်ခဲယမ်းများ သိမ်းဆည်းရရှိ

ကရင်ပြည်နယ်၊ မြ၀တီမြို့အနီးရှိ အကြမ်းဖက်စစ်ကောင်စီရဲ့ သေ့ဘောဘိုးစစ်ကောင်စီတပ်စခန်းကို ကရင်အမျိုးသားအစည်အရုံး (KNU) လက်အောက်ခံတပ်တွေ ပါဝင်တဲ့ တော်လှန်ရေးပူးပေါင်းတပ်တွေ တိုက်ခိုက်သိမ်းပိုက်ပြီးနောက် လက်နက်ခဲယမ်းတွေ သိမ်းဆည်းရရှိခဲ့တယ်လို့ တော်လှန်ရေးသတင်းရင်းမြစ်တွေဆီက သိရပါတယ်။