မကွေးတိုင်းအခြေစိုက် ယောဒေသ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (YPDF) တပ်ဖွဲ့က လက်ထောက်အထွေထွေ အတွင်းရေးမှူး () ဦးဆောင်တဲ့ ဆေးတပ်သားတွေနဲ့ CDM ဆရာမတွေက စစ်ဘေးရှောင်ပြည်သူတွေနဲ့ ထိခိုက်ဒဏ်ရာရရှိသူတွေ စုစုပေါင်း စစ်ဘေးရှောင်ပြည်သူ ၃၉၄ ယောက်ကို ဆေးဝါးကုသပေးနိုင်ခဲ့တယ်လို့ သိရပါတယ်။

YPDF က ဆေးကုသပေးခဲ့တဲ့ စစ်ရှောင် အများစုဟာ ဖျားနာ၊ ညောင်းကိုက်၊ အအေးမိ၊ နှာစေး၊ ချောင်းဆိုး၊ ယားနာတွေ အဖြစ်များကြပြီး သက်ကြီးပိုင်းတွေကတော့ သွေးတိုး၊ ဆီးချို ၊ မောပန်း၊ အာရုံကြောအားနည်း စတဲ့ ရောဂါတွေသာ တွေ့ရှိခဲ့ရတယ်လို့ YPDF က ဆိုပါတယ်။

YPDF တပ်ဖွဲ့အနေနဲ့ တပ်ဖွဲ့ဝင်ရဲဘော်တွေအပြင် နီးစပ်ရာ ပြည်သူလူထုနဲ့ စစ်ဘေးရှောင်ပြည်သူတွေကို အခမဲ့ ကျန်းမာရေးစောင့်ရှောက်ပေးနေတာကြောင့် ဆေးဝါးတွေ လှူဒါန်းချင်ရင် အောက်ပါလိပ်စာတွေတဆင့် ဆက်သွယ်လှူဒါန်းနိုင်တယ်လို့ သိရပါတယ်။

Telegram- http://t.me/YPDFHQ,

Signal- +918798310132

 

(ဓာတ်ပုံ ယောဒေသ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့)

0 Shares:
You May Also Like
Read More

ချင်းပြည်နယ်နှင့် ချင်းတစ်မျိုးသားလုံးကို ကာကွယ်ပေးနိုင်သည့် တပ်မတော် တိုးမြှင့်ဖွဲ့စည်းရေး ချင်းညီနောင် သဘောတူညီချက် ချမှတ်

ချင်းညီနောင်အဖွဲ့ဝင် တပ်ဖွဲ့တွေ ပေါင်းစည်းကာ ချင်းပြည်နယ်နဲ့ ချင်းတစ်မျိုးသားလုံးကို ကာကွယ်‌ပေးနိုင်ပြီး ပိုမိုကျစ်လျစ်ခိုင်မာတဲ့ (Standard Army) တပ်မတော်ကို တိုးမြှင့် ဖွဲ့စည်းသွားဖို့ သဘောတူညီချက်ချမှတ်ခဲ့တယ်လို့ ချင်းညီနောင်အဖွဲ့က မေလ ၁၁ ရက် မနေ့က ထုတ်ပြန်ပါတယ်။
Read More

ကရင်နီမှာ လက်လွှတ်ထားရတဲ့ ဒေသတွေကို စစ်ကောင်စီ အင်အားဖြည့် ထိုးစစ်ဆင်ဖို့ပြင်ဆင်နေ

နယ်မြေအမြောက်အမြား လက်လွှတ်ထားရတဲ့ ကရင်နီဒေသမှာ စစ်​ကောင်စီက ပြန်လည်ထိုးစစ်ဆင်ဖို့ အင်အားအမြောက်အမြား ဖြည့်တင်းနေတယ်လို့ ကရင်နီစစ်ရေးသတင်းရင်းမြစ်တွေမှာ ဖော်ပြလာပါတယ်။
Read More

ပန်ဝါ နယ်ခြားစောင့်တပ်ဌာနချုပ် (၁၀၀၂) ကို KIA က တိုက်ခိုက်သိမ်းပိုက်

ကချင်ပြည်နယ်၊ ချီဖွေမြို့နယ်၊ ပန်ဝါဒေသ နယ်ခြားစောင့်တပ်ဌာနချုပ်ကို ကချင်လွတ်လပ်ရေးတပ်မတော် KIA က သိမ်းပိုက်ထိန်းချုပ်လိုက်ပြီဖြစ်ကြောင်း ကချင်စစ်ရေးသတင်းအရင်းအမြစ်တွေမှာ ဖော်ပြလာပါတယ်။
Read More

နောင်ချိုမှာ ဟန်ပြအပစ်ရပ် ကြေညာထားသည့် စစ်ကောင်စီတပ်က လေကြောင်း၊ လက်နက်ကြီးနှင့် ခြေလျင်စစ်ကြောင်းများ အသုံးပြုပြီး ထိုးစစ်ဆင်နေ၊ သရက်ချိုကျေးရွာရှိ မင်္ဂလာဆောင်ပွဲကို စစ်ကောင်စီတပ် လက်နက်ကြီးဖြင့် ပစ်ခတ်ရာ အသက် (၅) နှစ်အရွယ် ကလေးငယ်အပါ ဒေသခံ (၄) ဦး သေဆုံး

မေလ ၆ ရက်ကနေ ၃၁ ရက်ထိ အပစ်အခတ်ရပ်စဲရေးကာလ ဟန်ပြ ထပ်မံတိုးမြှင့်ထားတဲ့ အကြမ်းဖက်စစ်ကောင်စီဟာ တအာင်းတပ်မတော် TNLA ထိန်းချုပ်နယ်မြေတွေကို ထိုးစစ်ဆင်ခြင်း၊ လက်နက်ကြီးနဲ့ ပစ်ခတ်ခြင်း၊ ဒရုန်းအပါအဝင် လေကြောင်း အသုံးပြုတိုက်ခိုက်ခြင်းတွေ ပြုလုပ်နေတယ်လို့ TNLA က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

ရှမ်းတောင်မှာ PNLA နဲ့ Federal Wings ဒရုန်းတပ်ဖွဲ့ ပူးပေါင်းပြီး စစ်ဆင်ရေး ဖော်ဆောင်နေ (ဓာတ်ပုံသတင်း)

ရှမ်းပြည်နယ်တောင်ပိုင်းမှာ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (PNLA) နဲ့ Federal Wings ဒရုန်းတပ်ဖွဲ့တို့ ပူးပေါင်းပြီး စစ်ဆင်ရေးတွေ ဖော်ဆောင်နေတယ်လို့ Federal Wings ဒရုန်းတပ်ဖွဲ့က ဓာတ်ပုံတွေနဲ့အတူ ထုတ်ပြန်ဖော်ပြထားပါတယ်။
Read More

စစ်တောင်းမြစ်ဝှမ်းစစ်ဆင်ရေးအတွင်း အကြမ်းဖက်စစ်ကောင်စီ စစ်သုံ့ပန်း(၂၂)ဦး နှင့် လက်နက်အများအပြားသိမ်းဆည်းရရှိ…

ပဲခူးတိုင်း၊ ကျောက်ကြီးမြို့နယ်အတွင်း စစ်တောင်းမြစ်ဝှမ်းစစ်ဆင်ရေးမှာ အကြမ်းဖက်စစ်ကောင်စီတပ်က စစ်သား ၇ ယောက်ထက်မနည်း သေဆုံးပြီး စစ်သုံ့ပန်း ၂၂ ယောက်နဲ့ လက်နက်အများအပြား သိမ်းဆည်းရမိခဲ့တယ်လို့ SPRING WARRIORS COLUMN က ဒီနေ့ ထုတ်ပြန်ပါတယ်။