ကရင်ပြည်နယ် မြဝတီမြို့က ကုန်သွယ်ရေးဇုန်အတွင်းကို အောက်တိုဘာ ၂၀ ရက် နေ့လည်ပိုင်းမှာ စစ်ကောင်စီတပ်က လေယာဉ်နဲ့ စစ်သားတွေချပေးကာ အင်အားဖြည့်တင်းလျက်ရှိတယ်လို့ သိရပါတယ်။

အင်အား ၁၀၀ ကျော်ရှိတဲ့ စစ်သားတွေကို လေယာဉ်နဲ့ အင်အားဖြည့်တင်းနေတာဖြစ်ပြီး လေထီးမပွင့်ဘဲ သေဆုံးတဲ့ စစ်သားတွေလည်းရှိတယ်လို့ သိရပါတယ်။

စစ်ကောင်စီတပ်ဟာ မြဝတီမြို့ကို ကုန်းလမ်းကနေ အင်အားဖြည့်တင်းရင် ကြားဖြတ်တိုက်ခိုက်ခံရပြီး သေဆုံးတာတွေရှိတဲ့အတွက် လေကြောင်းကနေ အင်အားဖြည့်တင်းနေရတာ ဖြစ်ပါတယ်။

0 Shares:
You May Also Like
Read More

မြင်းခြံ-ပုဂံညောင်ဦးလမ်းပိုင်း ၂ ရက်တာ တိုက်ပွဲအတွင်း စစ်ကောင်စီတပ်သား ၁၁ ဦး သေကာ ၉ ဦး ဒဏ်ရာရ (ရုပ်/သံ)

မန္တလေးတိုင်း၊ မြင်းခြံ-ပုဂံညောင်ဦးလမ်းပိုင်းမှာ စစ်ကောင်စီတပ်နဲ့ တော်လှန်ရေးတပ်တွေ ၂ ရက်တာ တိုက်ပွဲဖြစ်ပွားပြီး စစ်ကောင်စီတပ်သား ၁၁ ယောက် သေကာ ၉ ယောက် ထိခိုက်ဒဏ်ရာရရှိသွားတယ်လို့ Myingyan District Army-3 Drone Team က သတင်းထုတ်ပြန်ထားပါတယ်။
Read More

နမခ စစ်ယာဉ်တန်း လုံခြုံရေးယူထားသည့် စစ်သားများနှင့် တိုက်ပွဲဖြစ်ပွားပြီး စစ်သား ၁ ယောက်ကို လက်နက်နှင့်တကွ အရှင်ဖမ်းမိ (ရုပ်/သံ)

စစ်ကိုင်းတိုင်း။ မုံရွာမြို့ အနောက်မြောက်တိုင်းစစ်ဌာနချုပ်က ထွက်လာတဲ့ စစ်ယာဉ်တန်းကို လုံခြုံ ရေးယူထားတဲ့ စစ်ကော်မရှင်တပ်သားတွေနဲ့ တော်လှန်ရေးတပ်တွေ တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ ဘုတလင်မြို့နယ် တပ်ပေါင်းစုစစ်ကြောင်းထံက သိရပါတယ်။
Read More

ငလျင်ဒဏ်သင့်ဒေသများကို လေကြောင်းတိုက်ခိုက်နေသည့် အကြမ်းဖက်စစ်ကောင်စီဆန့်ကျင်ရေး ရန်ကုန်မှာ ဆန္ဒပြလှုပ်ရှားမှုပြုလုပ် (ရုပ်/သံ)

ငလျင်ဒဏ်သင့်ဒေသတွေကို လေကြောင်းတိုက်ခိုက်မှုတွေ လုပ်နေတဲ့ အကြမ်းဖက်စစ်ကောင်စီ အပေါ် ဆန့်ကျင်ရေးလှုပ်ရှားမှုအနေနဲ့ ရန်ကုန်မြို့မှာ ဆန္ဒပြသပိတ်လှုပ်ရှားမှုကို မတ်လ ၁၀ ရက် မနေ့က ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။
Read More

စက်လှေ ၂ စီးနှင့် စစ်ကြောင်းထိုးလာသည့် စစ်အုပ်စု တိုက်ခိုက်ခံရကာ လှေ ၁ စီး နစ်မြုပ်ပြီး အများအပြား သေဆုံး (ရုပ်/သံ)

တနင်္သာရီတိုင်း၊ ခမောက်ကြီးမြို့နယ်အတွင်း ရေလမ်းကနေ စက်လှေ ၂ စီးနဲ့ စစ်ကြောင်းထိုးလာတဲ့ စစ်ကော်မရှင်တပ်သားတွေ တိုက်ခိုက်ခံရပြီး လှေ ၁ စီးနစ်မြုပ်သွားကာ စစ်သားအများအပြားသေဆုံးခဲ့တယ်လို့ ကော့သောင်းခရိုင် ပြည်သူ့ကာကွယ်ရေးအဖွဲ့က သတင်းထုတ်ပြန်ထားပါတယ်။
Read More

ဖမ်းမိထားသည့် စစ်ကောင်စီတပ်သားများကို ဒေသခံပြည်သူများ ဝိုင်းဝန်းရိုက်နှက်သဖြင့် တော်လှန်ရေးရဲဘော်များ တားဆီးခဲ့ရ (ရုပ်/သံ)

မကွေးတိုင်း၊ မြိုင်မြို့နယ် စီမံကိန်းရုံးမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်သားတွေကို ဒေသခံပြည်သူတွေက ဝိုင်းဝန်းရိုက်နှက်တဲ့အတွက် တော်လှန်ရေးရဲဘော်တွေက တားဆီးခဲ့ရတဲ့ ရုပ်သံဖိုင်တစ်ခုကို ပခုက္ကူခရိုင် တပ်ရင်း-၁၅ က ထုတ်ပြန်ခဲ့ပါတယ်။
Read More

မုံရွာ-မန္တလေးလမ်းပိုင်း တိုက်ပွဲဖြစ်ပွားပြီး အကြမ်းဖက်စစ်ကောင်စီတပ်သား ၁၇ ယောက်ကို ရှင်းလင်းကာ စစ်ယာဉ် ၂ စီးကို မီးရှို့ဖျက်ဆီးနိုင်ခဲ့ (ရုပ်/သံ)

စစ်ကိုင်းတိုင်း မုံရွာမြို့က ထွက်လာတဲ့ သံပြားကာယာဉ် ၂ စီးကို မုံရွာ-မန္တလေးလမ်းပိုင်းမှာ မတ်လ ၄ ရက် ညနေပိုင်းက တော်လှန်ရေးပူးပေါင်းတပ်တွေ ကြားဖြတ်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ် သား ၁၇ ယောက်ကို ရှင်းလင်းပြီး စစ်ယာဉ် ၂ စီးကို ဖျက်ဆီးနိုင်ခဲ့တယ်လို့ Union Liberation Front - ULF V 02 ထံက သိရပါတယ်။