စစ်ကိုင်းတိုင်း၊ ဘုတလင်မြို့နယ်မှာ အကြမ်းဖက်စစ်ရှုံးကောင်စီက ကျေးရွာတွေကို စစ်ကြောင်းဝင်ရောက်ကာ အပြစ်မဲ့ပြည်သူတွေကို နည်းလမ်းမျိုးစုံနဲ့ ရက်ရက်စက်စက် သတ်ဖြတ်ပြီး စစ်ရာဇဝတ်မှုတွေ ပြောင်ပြောင်တင်းတင်း ကျူးလွန်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

အကြမ်းဖက်စစ်ကောင်စီဟာ သူတို့စစ်ကြောင်းအလိုက်ပြုတ်ခဲ့တဲ့ စီပါကျေးရွာထဲက အပြစ်မဲ့ အရပ်သား၅ယောက်ကို ရက်ရက်စက်စက်သတ်ဖြတ်ပြီး အလောင်းတွေကို အပိုင်းပိုင်းခုတ်ဖြတ်ကာ ခြံစည်းရိုးတွေ ၊ အိမ်နံရံတွေမှာ ခုတ်ထစ်ထားတဲ့ ခန္ဓာကိုယ်အစိတ်အပိုင်းတွေကို ချိတ်ဆွဲသွားတယ်လို့သိရပါတယ်။ ဒါ့အပြင် အစိတ်အပိုင်းတချို့ကိုလည်း မီးရှို့ဖျက်ဆီးသွားတယ်လို့သိရပါတယ်။

ပြီးခဲ့တဲ့ အောက်တိုဘာလ ၆ ရက်နေ့ကစလို့ မုံရွာ၊ အနောက်မြောက်တိုင်းစစ်ဌာနချုပ်ကနေ ထွက်ခွာလာတဲ့ အင်အား ၁၀၀ ကျော်ပါ အကြမ်းဖက်စစ်ကြောင်းဟာ ဘုတလင်မြို့နယ်ထဲက ကျောက်အိုး၊ မြောက်ကျီ၊ တတ်လှိုင်း၊ စီပါ၊ ဆည်ဝ နဲ့ စိုင်ပြင်လေး ကျေးရွာတွေကို တစ်ရွာဝင်တစ်ရွာထွက်နဲ့ ဝင်ရောက်ပြီး စစ်ကြောင်းထိုးနေတဲ့အတွက် ကျေးရွာပေါင်း ၂၀ က စစ်ဘေးရှောင် ၅ သောင်းနီးပါးဟာ ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေရတာလည်း ဖြစ်ပါတယ်။

အကြမ်းဖက်စစ်ကောင်စီဟာ သူတို့စစ်ကြောင်းဝင်ရာ ကျေးရွာတွေမှာ အရပ်သားနေအိမ်တွေကို မီးရှို့ဖျက်ဆီးခဲ့သလို အမျိုးသားတွေကိုလည်း ရက်ရက်စက်စက်သတ်ဖြတ်ပြီး အမျိုးသမီးတွေကိုတော့ အဓမ္မပြုကျင့်ပြီးမှ သတ်ဖြတ်တယ်လို့သိရပါတယ်။

ဒါ့အပြင်  Mi35 ရဟတ်ယာဥ်နဲ့လည်း လေကြောင်းကနေ ဆက်တိုက် တိုက်ခိုက်သလို မုံရွာအနောက်မြောက်တိုင်းစစ်ဌာနချုပ်ကနေပါ ဟောင်ဝစ်ဇာလက်နက်ကြီးနဲ့ ၁၅ ကြိမ်နီးပါး ပစ်ခတ်တိုက်ခိုက်ခဲ့သေးတယ်လို့ သိရပါတယ်။

လက်ရှိအချိန်အထိ ဘုတလင်မြို့နယ်ထဲက အရပ်သားနေအိမ် အလုံး ၃၅၀ နီးပါးကို စစ်ကောင်စီက မီးရှို့ဖျက်ဆီး ခဲ့သလို အရပ်သား ၃၀ ခန့် ကိုလည်း ဓားစာခံအဖြစ် ဖမ်းဆီးခေါ်ဆောင်ထားတယ်လို့ သိရပါတယ်။

အဲ့ဒီထဲကမှ အမျိုးသား၊ အမျိုးသမီးနဲ့ အသက်()နှစ်အရွယ် ကလေးငယ် အပါအဝင် အပြစ်မဲ့ပြည်သူ စုစုပေါင်း (၁၆)ယောက်ဟာ ရက်ရက်စက်စက် အသတ်ခံခဲ့ရသလို စစ်ရှောင်ပြည်သူ ၅ သောင်းနီးပါးဟာလည်း နေထိုင်စားသောက်ရေးအတွက် အတော်လေးအခက်အခဲတွေ့နေကြတယ်လို့ ဒေသခံတွေက ပြောပါတယ်။

 

စီပါကျေးရွာအတွင်း အကြမ်းဖက်စစ်ကောင်စီ ရက်ရက်စက်စက်သတ်ဖြတ်ခဲ့တဲ့ ဒေသခံ အရပ်သားများ (ဓာတ်ပုံ CJ)

0 Shares:
You May Also Like
Read More

စစ်တပ်၏ ရွေးကောက်ပွဲအတု ဆန့်ကျင်ရေးလှုပ်ရှားမှု ကရင်နီ တော်လှန်ရေးတပ်များ ပူးပေါင်းပြုလုပ်

ကရင်နီပြည်နယ်၊ ဒီးမော့ဆိုမြို့နယ်မှာ ကရင်နီတော်လှန်ရေးတပ်ဖွဲ့တွေ စုပေါင်းပြီး အကြမ်းဖက်စစ်တပ်ရဲ့ အတုအယောင်ရွေးကောက်ပွဲကို ဆန့်ကျင်ကြောင်း လှုပ်ရှားမှု ပြုလုပ်ခဲ့တယ်လို့ ကရင်နီပြည် ပြည်သူ့လွတ်မြောက်ရေးတပ်မတော်၊ ဗဟိုစစ်ဦးစီးတပ်၊ အမှတ် ၆၂၆ တပ်ရင်းထံက သိရပါတယ်။
Read More

ပျူစောထီးခေါင်းဆောင်ကို သွားရောက်ရှင်းလင်းစဉ် ပြည်သူ့ကာကွယ်ရေးတပ်-ပုဏ္ဏဝတီမှ မိုင်းသမားရဲဘော် ၁ ဦး ကျဆုံးခဲ့

မကွေးတိုင်း၊ တောင်တွင်းကြီးမြို့နယ်က ပျူစောထီးခေါင်းဆောင် အိုးပေါက်ကျေးရွာအုပ်ချုပ်ရေးမှူး ဘိုကွီး(ခ) ခင်မောင်လတ်ကို သွားရောက်ရှင်းလင်းခဲ့တဲ့ ဖြစ်စဥ်အတွင်း ကျဆုံးခဲ့ရတဲ့ ရဲဘော် လှကြီး (ခ) ထွန်းထွန်းနိုင်ကို ဂူသွင်းသဂြိုဟ်ပေးခဲ့ပြီးဖြစ်ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်-ပုဏ္ဏဝတီက ထုတ်ပြန်ပါတယ်။
Read More

စစ်ကောင်စီ ပြုလုပ်မည့် အတုအယောင် ရွေးကောက်ပွဲကို ပံ့ပိုးကူညီမည်ဟု တရုတ် ထပ်လောင်းအတည်ပြု

တရုတ်က မင်းအောင်လှိုင် ဟန်ပြကျင်းပမယ့် အတုအယောင်ရွေးကောက်ပွဲကို  ပူးပေါင်းကူညီသွားမယ်လို့ အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်နဲ့ တရုတ်နိုင်ငံ အာရှရေးရာအထူးကိုယ်စားလှယ် တိန့်ရှီကျွင်းတို့ တွေ့ဆုံမှုမှာ ထပ်လောင်းအတည်ပြု ကတိပေးလိုက်ပါတယ်။
Read More

TNLA စိုးမိုးနယ်မြေများမှာ စက်တင်ဘာလအတွင်း အကြမ်းဖက်စစ်တပ်၏ လေကြောင်း၊ လက်နက်ကြီးနှင့် ဒရုန်းဖြင့် ဗုံးကြဲပစ်ခတ်တိုက်ခိုက်မှုကြောင့် အမျိုးသား (၃) ဦး သေဆုံး၊ အမျိုးသား (၁) ဦးနှင့် အမျိုးသမီး (၄) ဦး ထိခိုက် ဒဏ်ရာရ

တအာင်းတပ်မတော် (TNLA) စိုးမိုးနယ်မြေတွေမှာ စက်တင်ဘာလအတွင်း အကြမ်းဖက်စစ်တပ်ရဲ့ လေကြောင်း၊ လက်နက်ကြီး၊ ဒရုန်းနဲ့ ဗုံးကြဲပစ်ခတ်တိုက်ခိုက်မှုတွေကြောင့် ဒေသခံ (၃) ယောက် သေဆုံးပြီး ဒေသခံ (၅) ယောက် ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ TNLA က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

စက်ဘီးဖြင့် စစ်ရှောင်ထွက်ပြေးသည့် သားအမိကို စစ်တပ် ဗုံးလိုက်ကြဲ၊ သားအမိ ၂ ဦးလုံး သေဆုံး

ပဲခူးတိုင်း၊ ကြို့ပင်ကောက်မြို့နယ်မှာ စစ်ရှောင်ထွက်ပြေးတဲ့ သားအမိ ၂ ယောက်ကို အကြမ်းဖက်စစ်တပ်က ဒရုန်းနဲ့ လိုက်လံဗုံးကြဲလို့ ၂ ယောက်လုံး သေဆုံးခဲ့တယ်လို့ သာယာဝတီခရိုင် တပ်ရင်း ၃၈၀၁၊ တပ်ခွဲ (၁) ထံက သိရပါတယ်။
Read More

မောင်တောမှာ AA မိုင်းရှင်းလင်းရေး လုပ်ငန်းတွေ လုပ်ဆောင်နေ

ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်အတွင်း အကြမ်းဖက်စစ်ကောင်စီတပ် ထောင်ထားခဲ့တဲ့ မြေမြှုပ်မိုင်းနဲ့ စစ်ကျန်လက်နက်ရှင်းလင်းရေးလုပ်ငန်းတွေ ဆောင်ရွက်နေတယ်လို့ ဒေသတွင်းသတင်းဌာန Arakan Princess Media က သတင်းဖော်ပြထားပါတယ်။