အမေရိကန်နိုင်ငံ၊ ဘော်စတွန်မြို့မှာ အမျိုးသားညီညွတ်ရေးအစိုးရ NUG ဝန်ကြီးတွေနဲ့ အမေရိကန်ရောက် တော်လှန်ပြည်သူတွေ တွေ့ဆုံဆွေးနွေးမှု တစ်ရပ်ပြုလုပ်ခဲ့ကြောင်း သိရပါတယ်။

မနေ့က  အောက်တိုဘာလ ၁၉ရက်နေ့ ညနေပိုင်းလောက်မှာ မက်ဆာချူးဆက်ပြည်နယ် ဘော်စတွန်မြို့တွင် တော်လှန်ရေးကို အမြဲထောက်ပို့ ကူညီနေကြတဲ့ ပြည်သူတွေနဲ့ NUG က ပြည်ထောင်စုဝန်ကြီးတွေ အဓိက တွေ့ဆုံခဲ့ကြတာပါ။

တွေ့ဆုံမှူမှာ အမျိုးသားညီညွတ်ရေးအစိုးရ-NUG အစိုးရဝန်ကြီးတွေ ဖြစ်ကြတဲ့ ဒေါက်တာဇော်ဝေစိုး၊ ဦးထင်လင်းအောင်၊ ကုလ သမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ် စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်းတို့ အဓိကပါဝင်ခဲ့ကြပါတယ်။

တွေ့ဆုံမှုအတွင်း နွေဦးတော်လှန်ရေးရဲ့ လုပ်ဆောင်မှုများ၊ NUG ရဲ့ ဆောင်ရွက်ချက်များကို ပြည်ထောင်စုဝန်ကြီးတွေက ရှင်းပြဆွေးနွေးခဲ့ပြီး တော်လှန်ပြည်သူတွေအနေနဲ့ ဆက်လက်ထောက်ပံ့ကူညီပေးဖို့ တိုက်တွန်းပြောဆိုခဲ့ကြပါတယ်။

ဘော်စတွန်ရောက် ထောက်ပို့မြန်မာပြည်သူတွေကလည်း သိရှိလိုတာများကို အပြန်အလှန် ဆွေးနွေးမေးမြန်းခဲ့တယ်လို့ သိရပါတယ်။

 

(ဓာတ်ပုံ KyawSoe Latt)

0 Shares:
You May Also Like
Read More

တနင်္သာရီ – မောတောင်လမ်းပိုင်းကို စစ်ကောင်စီက စစ်ကြောင်းထိုးပြီး လေ​ယာဥ်ဖြင့်ပါ ဗုံးကြဲတိုက်ခိုက်…

တနင်္သာရီတိုင်း၊ တနင်္သာရီမြို့နယ်ရှိ ထိုင်း-မြန်မာနယ်စပ်ကုန်သွယ်ရေးလမ်းပိုင်းဖြစ်တဲ့ တနင်္သာရီ- မောတောင် လမ်းပိုင်းမှာ စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှုတွေလုပ်ဆောင်ရင်း စစ်ကြောင်းထိုးနေတယ်လို့ စစ်​ရေးသတင်းရင်းမြစ်က မောင်းသတင်းဌာနကို ပြောပါတယ်။
Read More

၂၀၂၄ ခုနှစ်အတွင်း နိုင်ငံရေးအကျဉ်းသား ၉ ဦး ဥပဒေမဲ့ အသတ်ခံရ၊ တစ်နှစ်တာအတွင်း ကျန်းမာရေးစောင့်ရှောက်မှု မလုံလောက်လို့ နိုင်ကျဉ်း ၂၂ ဦး သေဆုံးခဲ့

၂၀၂၄ ခုနှစ် တစ်နှစ်တာအတွင်းမှာ နိုင်ငံရေးအကျဉ်းသား၊ အကျဉ်းသားသူ စုစုပေါင်း ၉ယောက်ဟာ စစ်ကောင်စီတပ်ဖွဲ့တွေရဲ့ မတရားသတ်ဖြတ်ခြင်းကို ခံခဲ့ရတယ်လို့ မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က ထုတ်ပြန်ထားပါတယ်။
Read More

စားသောက်ဆိုင်မှာ သောက်စားပြီးပြန်လာတဲ့ ကပစ-၂၁ က တပ်ကြပ်ကြီးဆိုသူ ပစ်ခတ်ရှင်းလင်းခံရ

မကွေးတိုင်း၊ ပခုက္ကူခရိုင်၊ ဆိပ်ဖြူမြို့နယ်မှာ သောက်စားပြီးပြန်လာတဲ့ ကပစ (၂၁) က တပ်ကြပ်ကြီး ၁ယောက်ကို စောင့်ကြိုစစ်ဆေးရာ လက်မခံဘဲ ပြန်ခုခံတာကြောင့် နေရာတင် ပစ်ခတ်ရှင်းလင်းခဲ့ရကြောင်း ပခုက္ကူခရိုင် အမှတ် (၄) တပ်ရင်း၊ တပ်ခွဲ (၁) ထောက်လှမ်းရေး က မောင်းကိုပြောပါတယ်။
Read More

စစ်ကော်မရှင်တပ်သားများ မုဒိမ်းကျင့်၊ လူသတ်၊ ခိုးယူ၊ မီးရှို့မှုများ လုပ်ဆောင်ကြကြောင်း အလင်းဝင်လာသည့် ၂ ပွင့်ဗိုလ် ပြောပြ

ကချင်ပြည်နယ်၊ ဗန်းမော်မြို့ စစ်ကော်မရှင် အမြောက်တပ် (၃၆၆) က ၂ ပွင့်အဆင့်ရှိ ဗိုလ်လောင်းတစ်ယောက် ဒေါင်းညီနောင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ထံ စက်တင်ဘာ ၆ ရက်မှာ အလင်းဝင်လာတယ်လို့ သိရပါတယ်။
Read More

ABSDF ဌာနချုပ် ဒေါင်းတမန်စခန်းမှာ Women, Peace and Security (WPS) သင်တန်း ကျင်းပခဲ့ (ဓာတ်ပုံသတင်း)

မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး - ABSDF (ကျောင်းသားတပ်မတော်) ဗဟိုဌာနချုပ် ဒေါင်းတမန်စခန်းရှိ ရဲဘော်တွေအတွက် ဇွန်လ ၁၄ ရက်နဲ့ ၁၅ ရက်မှာ Women, Peace and Security (WPS) သင်တန်း ကျင်းပခဲ့တယ်လို့ ABSDF က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

၂၀၂၁ စစ်အာဏာသိမ်းမှုမှာ သမိုင်းတရားခံတစ်ဦးအဖြစ် ပါဝင်ခဲ့သူ ဗိုလ်ချုပ်ကြီးဟောင်း မြင့်ဆွေ  သေပြီ

အကြမ်းဖက် စစ်ခေါင်းဆောင်မင်းအောင်လှိုင်ရဲ့ အမျိုးသားကာကွယ်ရေးနဲ့ လုံခြုံရေးကောင်စီ (ကာလုံ) မှာ ယာယီသမ္မတရာထူး ယူထားတဲ့ ဦးမြင့်ဆွေဟာ အမှတ် (၂) စစ်ဆေးရုံ ခုတင် (၁၀၀၀) မှာ တကယ်သေဆုံးသွားပြီဖြစ်တယ်လို့ မင်းအောင်လှိုင်ရဲ့ ကာလုံက ထုတ်ပြန်ပါတယ်။