စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့၊ မင်းကွန်းဒေသမှာ အရပ်ဝတ်နဲ့ လက်ဖက်ရည်ဆိုင်ထိုင်နေတဲ့ ရဲတွေ ပစ်ခတ်ခံရပြီးနောက် အရပ်သားထိခိုက်မှုတွေလည်း ရှိခဲ့တယ်လို့ သိရပါတယ်။

အောက်တိုဘာ ၁၆ရက်၊ ဒီနေ့မနက်အစောပိုင်းက မင်းကွန်းတိုက်နယ်၊ ကားလမ်းဘေး၊ မယ်တော်ကြီးဘုရားရှေ့ လက်ဖက်ရည်ဆိုင်မှာ ထိုင်နေကြတဲ့ ရဲတပ်ဖွဲ့ဝင်တွေကို တော်လှန်ရေးတပ်ဖွဲ့ဝင်တွေက ဝင်ရောက်ပစ်ခတ်မှု ဖြစ်ခဲ့တယ်လို့ သိရပါတယ်။

ပစ်ခတ်ခံရမှုကြောင့် ရဲ၃ယောက် နေရာမှာတင် သေဆုံးခဲ့ပြီး အကြမ်းဖက်စစ်ကောင်စီတပ်ကလည်း ပြန်လည်ရမ်းသမ်းပစ်ခတ်ခဲ့တာကြောင့် ကလေးငယ်၁ယောက် အပါအဝင် အရပ်သား ၄ယောက် ထိခိုက်ဒဏ်ရာရထားတယ်လို့ သိရပါတယ်။

ထိတဲ့အရပ်သား၄ယောက်မှာ ၂ယောက်က အသက်အန္တရာယ်စိုးရိမ်နေရတယ်။ အဲ့ထဲ ကလေးငယ်လည်းပါတယ်။လို့ ဒေသခံတော်လှန်ရေးတပ်ဖွဲ့ တာဝန်ရှိသူတစ်ယောက်က မောင်းကိုပြောပါတယ်။

အကြမ်းဖက်စစ်ကောင်စီတပ်က ရမ်းသမ်းပစ်ခတ်တာတွေအပြင် အခင်းဖြစ်ပွားခဲ့တဲ့ လက်ဖက်ရည်ဆိုင်နဲ့ အနီးအနားနေအိမ်တွေကိုလည်း မီးရှို့ဖျက်ဆီးခဲ့ပါသေးတယ်။

ဒီဖြစ်စဥ်နဲ့ပက်သက်လို့ နယ်မြေခံအဖွဲ့အစည်းတွေကို အကြောင်းမကြားဘဲ လုပ်ဆောင်ခဲ့တဲ့အတွက် လုပ်ဆောင်တဲ့အဖွဲ့အစည်းအနေနဲ့လည်း တာဝန်ယူမှုတာဝန်ခံမှုရှိရမယ်လို့ မင်းကွန်း PDF က ထုတ်ပြန်ထားပါတယ်။

မင်းကွန်းပုထိုးတော်ကြီးနဲ့ မြသိန်းတန်ဘုရားရှိရာ မင်းကွန်းဒေသမှာ မကြာခဏဆိုသလို ပစ်ခတ်တိုက်ခိုက်မှုတွေရှိနေပြီး ပြီးခဲ့တဲ့လတွေတုန်းကလည်း လက်ဖက်ရည်ဆိုင်ထိုင်နေတဲ့ စစ်အုပ်စုတွေ ပစ်ခတ်ခံရပြီး အရပ်သားနေအိမ်တွေ မီးရှို့ခံခဲ့ရပါသေးတယ်။

ဇူလိုင်လအတွင်း မင်းကွန်းရွာအနီးရှိ ရှားရောင်းရွာမှ စကစအကြမ်းဖက်စစ်သားများ မီးရှို့ဖျက်ဆီးခဲ့သည့် နေအိမ်တစ်လုံး (ဓာတ်ပုံ CJ)
0 Shares:
You May Also Like
Read More

လားရှိုးက နည်းပညာအထက်တန်းကျောင်းကို စစ်ကောင်စီက လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်

ရှမ်းပြည်နယ်မြောက်ပိုင်းက ကိုးကန့်တပ်မတော် MNDAA သိမ်းပိုက်ထားတဲ့ လားရှိုးမြို့က နည်းပညာအထက်တန်းကျောင်းကို စစ်ကောင်စီက လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ လားရှိုးမြို့ ပြန်လည်ထူထောင်ရေးက ထုတ်ပြန်ထားပါတယ်။
Read More

KNDF အမှတ် (၁၂)တပ်ရင်းမှ ရှေ့တန်းရောက် ရဲဘော်များကို ကျည်ကာ အစုံ (၅၀) ၀ယ်ယူတပ်ဆင်ပေး (ဓာတ်ပုံသတင်း)

ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF) ရဲ့ အမှတ် (၁၂)တပ်ရင်းက ရှေ့တန်းမှာ တိုက်ပွဲ၀င်နေတဲ့ရဲဘော်တွေအတွက် အသက်ကို ကာကွယ်နိုင်ဖို့ အထိအခိုက် နည်းစေဖို့အတွက် ကျည်ကာ အစုံ (၅၀)ကို ၀ယ်ယူတပ်ဆင်ပေးနိုင်ခဲ့တယ်လို့ ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

ဆိပ်ဖြူ ကပစ – ၂၂ မှ တက်လာသည့် စက်တပ်လေထီး ၂ စီးကို ပကဖ ပစ်ခတ်တိုက်ခိုက်၊ စက်တပ်လေထီး မောင်းသူ ၁ ဦး ပေါင်ကို ကျည်ထိမှန်ပြီး ဖြတ်တောက်ခံရနိုင်

မကွေးတိုင်း၊ ပခုက္ကူခရိုင်၊ ဆိပ်ဖြူမြို့နယ်ရှိ စစ်ကောင်စီရဲ့ ကာကွယ်ရေးပစ္စည်းစက်ရုံ (ကပစ - ၂၂)က တက်လာတဲ့ စက်တပ်လေထီး Paramotor ၂ စီးကို ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ မြိုင်မြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) က ထုတ်ပြန်ပါတယ်။
Read More

နေပြည်တော် ပကဖ ရဲဘော်များကို နေပြည်တော် တိုင်းစစ်ဌာန၏ တိုင်းဦးဆောင်အဖွဲ့ သွားရောက်တွေ့ဆုံ (ဓာတ်ပုံသတင်း)

ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ နေပြည်တော်တိုင်းစစ်ဌာနလက်အောက်ရှိ နေပြည်တော်-ပြည်သူ့ကာကွယ်ရေးအဖွဲ့ရဲ့ တိုက်ခိုက်ရေးတပ်ဖွဲ့က ဒဏ်ရာရရဲဘော်တွေနဲ့ နောက်တန်းကို ပြန်နားတဲ့ ရဲဘော်တွေကို တိုင်းဦးဆောင်အဖွဲ့က သွားရောက်တွေ့ဆုံ အားပေးစကားပြောကြားခဲ့တယ်လို့ နေပြည်တော် ပကဖ က မနေ့က ထုတ်ပြန်ပါတယ်။
Read More

ရွာငံတွင် စစ်ရေးတင်းမာနေပြီး အကြမ်းဖက်စစ်ကြောင်း ကြားဖြတ်တိုက်ခိုက်ခံရ၊ စစ်သား ၁၂ ဦး သေကာ အများအပြား ဒဏ်ရာရ

ရှမ်းပြည်နယ်တောင်းပိုင်း၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ရွာငံမြို့နယ်မှာ စစ်ကြောင်းထိုးဝင်ရောက်နေတဲ့ အကြမ်းဖက်စစ်ကောင်စီတပ်ကို မိုင်းဆွဲပစ်ခတ်တိုက်ခိုက်ရာမှာ စစ်ကောင်စီတပ်သား ၁၂ ယောက် သေဆုံးပြီး အများအပြား ထိခိုက်ဒဏ်ရာရရှိသွားတယ်လို့ ဓနုပြည်နယ်အမျိုးသားကာကွယ်ရေးတပ်တော် (DSNDA) ပြန်ကြားရေးတာဝန်ခံ ကျားပျံက မောင်းကို ပြောပါတယ်။
Read More

ကော့ကရိတ်မှာ အောင်ဇေယျစစ်ကြောင်းကို တိုက်ခိုက်မှု ၅ ဦးထက်မနည်း သေပြီး ၃ ဦးထက်မနည်း ထိခိုက်ဒဏ်ရာရ၊ စစ်တပ်ဆီက လက်နက်ခဲယမ်းများအပြင် မူးယစ်ဆေးဝါးပါ သိမ်းဆည်းရမိ…

ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်အတွင်း စစ်ကောင်စီရဲ့ အောင်ဇေယျစစ်ကြောင်းကို တော်လှန်ရေးပူးပေါင်းတပ်တွေ တိုက်ခိုက်ရာ ၅ ယောက်ထက်မနည်း သေပြီး ၃ ယောက်ထက်မနည်း ဒဏ်ရာရသွားတယ်လို့ Justice Soldier PDF က ဒီနေ့ ထုတ်ပြန်ပါတယ်။